တင်ညွန့်

၂၀၀၄-၂၀၀၅ လောက်ကတည်းက စင်ကာပူပညာရေးကို ပြုပြင်ပြောင်းလဲမှုတွေ စလုပ်နေပြီ။ ပညာရေးပြုပြင် ပြောင်းလဲမှုအတွက် ခေါင်းဆောင်ပိုင်းက ချမှတ်လိုက်တဲ့ ပေါ်လစီက
“Teach Less, Learn More”
နိုင်ငံတကာမှာ အာပေါက်အောင် အော်ပြီးသင်ကြားရတဲ့ ဆရာတွေရဲ့ဘဝတွေ မလိုတော့ဘူးလို့ သတ်မှတ် နေချိန်မှာ စင်ကာပူကလည်း လိုက်ပြီးတော့ ပြောင်းနိုင်အောင် ကြိုးစားကြပါတော့တယ်။
“နည်းနည်းသင် … များများ လေ့လာစေ” လုပ်ကြရအောင်ဟေ့ဆိုတာ ပညာရေးမှာ အရေအတွက်ထက် “အရည်အချင်း” များများမွေးထုတ်ပေးဖို့ သူတို့လမ်းကြောင်း ပြောင်းလာကြတာပါ။ ဒါကြောင့် စာသင်ခန်းတွေ မှာ နည်းပညာတွေကို မဖြစ်မနေထည့်သွင်းလာကြရတော့တယ်။ စာမေးပွဲတွေကိုလည်း အမှတ်များများရမှ အအောင်ပေးတဲ့စနစ်ထက် အရည်အသွေးကောင်းကောင်း ကလေးတွေကို ဘယ်လိုပြုစုပျိုးထောင်ရင် ကောင်းမလဲလို့ စတင်စဉ်းစားလာကြတာဟာ ပညာရေးပြုပြင်ပြောင်းလဲမှုတစ်ရပ်လို့ ဆိုရပါလိမ့်မယ်။
စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းက
“ကျွန်တော့်နိုင်ငံ ပညာရေးစနစ်က ပြည်ပနိုင်ငံတွေထွက်ပြီး ပညာသင်ယူချင်အောင်လည်း လမ်းဖွင့်ပေးထား တယ်” လို့ပြောတယ်။ နောက်သူက ကျွန်တော် အရေအတွက်ပညာရေးမလိုချင်ဘူး၊ အရည်အသွေး ပြည့်ပညာရေး ပဲ လိုချင်တယ်လို့ Way ကိုချပေးလိုက်တယ်။
သူတို့ကျောင်းသားတွေ နိုင်ငံခြားထွက်ပြီး ပညာသင်နေကြတာ သူတို့ပြန်လာရင် PMET အလုပ်တွေနဲ့ အံဝင် အောင်ပြင်ဆင်ထားတယ်လို့ လီရှန်လွန်းကပြောတယ်။ PMET ဆိုတာက (Professional, Manager, Executives, Technical) ပညာရပ်တွေနဲ့ အံဝင်တဲ့ အလုပ်တွေကို ပြောတာဖြစ်ပါတယ်။
PMET ဆိုတာ တိုင်းပြည်ရဲ့ လိုအပ်ချက်။ တိုင်းပြည်လိုအပ်ချက်ကို နိုင်ငံတကာသွားပြီး ပညာသင်ယူနိုင်အောင် အားပေးအားမြှောက် ပြုနေတာက အစိုးရတာဝန်။ ပြန်လာရင် အဲဒီလုပ်ငန်းတွေမှာ လစာကောင်းကောင်း နေရာ ကောင်းကောင်းရဖို့ကလည်း အစိုးရတာဝန်ဆိုပြီး ပညာတတ်မွေးထုတ်ရေးနဲ့ တိုင်းပြည်လိုအပ်ချက်ကို ဆက်စပ် ပေးနိုင်အောင် ကြိုးစားခဲ့ကြတာဖြစ်ပါတယ်။
စင်ကာပူနိုင်ငံဟာ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဂျပန်၊ ရှန်ဟိုင်း၊ ဟောင်ကောင်၊ ဖင်လန်နိုင်ငံတွေရဲ့ပညာရေးကို အမြဲမပြတ် စောင့်ကြည့်နေတဲ့ နိုင်ငံပါ။ ဘာကြောင့်လဲဆိုတော့ ပညာရေးထိပ်တန်းနိုင်ငံစာရင်းဆိုပြီး တင်လိုက်ရင် အဲဒီနိုင်ငံတွေကပဲ ထိပ်ဆုံးမှာရှိနေတဲ့အတွက် နည်းကောင်း စနစ်ကောင်းတွေမှန်သမျှ အတုယူပြီး အဲဒီအတိုင်း လိုက်လုပ်တတ်တာကလည်း စင်ကာပူပညာရေးကို ထိပ်တန်းရောက်စေတဲ့ အချက်လို့ ဆိုရပါလိမ့် မယ်။
ပညာသင်ကြားရေးအတွက် သင်ရိုးညွှန်းတမ်းကို အခြေခံကစပြီး ပြုပြင်ပြောင်းလဲဖို့ ကြိုးစားတာဟာ စင်ကာပူ ပညာရေးရဲ့ အဓိကကျတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ အသိဉာဏ်ကို ရိုက်သွင်းတဲ့ပုံစံနဲ့ မဟုတ်ဘဲ အဆင့်ဆင့် မြှင့်တင်နိုင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို သုတေသနတွေလုပ်ကြတယ်။
စာကျက်ပြီး အလွတ်ရလာတဲ့ စာသိနဲ့ စာမေးပွဲလာဖြေတဲ့ပုံစံမဟုတ်ဘဲ end-of-semester လို့ခေါ်တဲ့ အခန်းဆုံးစစ်ဆေးခြင်း စနစ်ကို အကောင် အထည်ဖော်ကြည့်ကြတယ်။ ဒီအဆင့်ကိုကျော်နိုင်ပါ့မလား၊ ကျော်နိုင်ရင် ရှေ့ဆက်ခေါ်မယ်၊ ကျော်ဖြတ်နိုင်အောင် ငါတို့ဘာလုပ်ပေးရမလဲလို့ ဆရာတွေက အမြဲဆွေးနွေးကြတယ်။
ဆရာတွေပဲ ဖတ်စာအုပ်ထဲမှာ နှစ်မြှုပ်ထားနိုင်အောင် လုပ်နိုင်ကြတာလည်း စင်ကာပူပညာရေးရဲ့ ထူးခြားချက်ပဲ။ ကျောင်းသားတွေထက် ဆရာတွေက စာပိုရနေရမယ်လို့ သတ်မှတ်ထားပြီး ပြဋ္ဌာန်းထားတဲ့ သင်ရိုးတွေကို ဆရာတွေ အလွတ်ရနေအောင် ကြံဆောင်ခိုင်းထားတယ်။ အထူးသဖြင့်တော့ ဖတ်စာအုပ်နဲ့ အဖြေစာအုပ်ကိုင်ပြီး သင်တတ်တဲ့ ဆရာတွေထက် သင်္ချာကို ကျောင်းသားတွေနဲ့ စိန်ခေါ်ပြီး တွက်ချက် နိုင်အောင် ဉာဏ်ရည်ပြေးနေတဲ့ ဆရာတွေကို စာသင်ခန်းတွေထဲ ခေါ်ထည့်လာနိုင်အောင် ပြုပြင်ပြောင်းလဲ လာတာတွေ့ရတယ်။
ကျောင်းဆရာတွေကို ပညာရေးဝန်ကြီးဌာနက “လေ့လာသင်ယူနိုင်စေရန် လေ့လာသင်ယူစေခြင်း” ဆိုပြီး အမြဲတန်းသင်တန်းတွေပေး၊ ဆွေးနွေးမှုတွေ လုပ်နေကြတယ်။ ပညာရေးဆိုတာ အတင်းတွန်းတင်ပေးဖို့ အား (leverage) တစ်ခုမဟုတ်ဘူး ဖြည်းဖြည်းချင်း မြှင့်တင်နိုင်အောင် လုပ်ကြရမယ်ဆိုပြီး ဆရာတိုင်းကို လေ့ကျင့် ပေးထားတယ်။
ကျောင်းကို ရောက်လာတဲ့ ကလေးတစ်ယောက်ကို ပညာအရည်အချင်း ဘယ်လိုရှိသလဲ၊ ဘယ်ကျောင်း ထွက်လဲ၊ ဘယ်ဆရာလက်ထွက်လည်း တွက်ချက်ပြီး လက်ခံတာ စင်ကာပူ ပညာရေးမဟုတ်ဘူး။ တော်တဲ့ ကလေး ညံ့တဲ့
Unlock to read this premium article with 100 points.