Author's Profile Photo

မြသွန်း(တောင်ဒဂုံ)

17/06/2024

?လေယာဉ်တွေ၊သဘော်တွေ ထူးဆန်းစွာပျောက်ကွယ်သွားတဲ့ Bermudaတြိဂံဧရိယာ

1 min read
General Knowledge
History
?လေယာဉ်တွေ၊သဘော်တွေ ထူးဆန်းစွာပျောက်ကွယ်သွားတဲ့ Bermudaတြိဂံဧရိယာ's photo

?လေယာဉ်တွေ၊သဘော်တွေအများအပြားက ဒီဧရိယာထဲကိုရောက်သွားရင် အဖြေရှာမရဘဲ ထူးထူးဆန်းဆန်းပျောက်ကွယ်သွားကြပါတယ်။ ဒါကြောင့်လူတွေက ဒီအကြောင်းကို အတော်လေးစိတ်ဝင်စားနေကြပြီးတော့ ပညာရှင်တွေအားလုံးကလည်း အဖြေရှာနိုင်ဖို့ကြိုးစားနေကြပါတယ်။

? ဒါကတော့ လျှို့ဝှက်နက်နဲမှုတွေနဲ့ပြည့်နှက်နေပြီး မရဏလမ်းလို့နာမည်ကြီးနေတဲ့ Bermudaတြိဂံ အကြောင်းပဲဖြစ်ပါတယ်။ ဒီBermudaတြိဂံက Sargasso ပင်လယ်အတွင်းမှာတည်ရှိပါတယ်။ ပြီးတော့တြိဂံရဲ့အစွန်းပိုင်းတွေက Bermudaကျွန်း၊ San Juanနဲ့ Miamiဒေသတွေကို ထိစပ်နေပါတယ်။

? ဒီBermudaတြိဂံအကြောင်းနဲ့ပတ်သတ်ပြီး လျှို့ဝှက်နက်နဲတဲ့ကိစ္စတွေ၊ ပဟေဠိဆန်တဲ့ story တွေအကြောင်းကို မိတ်ဆွေတို့ရော အရင်ကကြားထားဖူးကြပါသလား? အရှေ့မှာပြောခဲ့သလို Bermudaတြိဂံဧရိယာမှာ ဖြတ်သန်းသွားခဲ့တာကြောင့် ပျောက်ဆုံးသွားခဲ့ရတဲ့ incident တွေအများအပြားရှိပါတယ်။ ဒါကလည်း သဘော်တွေသာမကဘဲ လေယာဉ်တွေအထိ ပဟေဠိဆန်ဆန်ပျောက်သွားခဲ့ကြတာပါ။

?အကျော်ကြားဆုံးပျောက်ဆုံးမှုတွေထဲက တစ်ခုကတော့ ၁၉၄၅ခုနှစ်က အမေရိကန်ဗုံးကြဲလေယာဉ်(၅)စီးဟာ သူတို့ရဲ့missionကိုလေ့ကျင့်နေကြပြီး ဒီBermudaတြိဂံကို ဖြတ်သန်းသွားချိန်မှာပဲ အဆက်သွယ်တွေအားလုံးပြတ်တောက်ပြီးတော့ အရှင်းကြီးကိုပျောက်ကွယ်သွားခဲ့ပါတယ်။

?တာဝန်ရှိသူတွေအားလုံးကလည်း အတတ်နိုင်ဆုံးကြိုးစားပြီးတော့ အကြောင်းရင်းကိုရှာခဲ့ကြပေမယ့် သဲလွန်စတစ်ခုတောင်မတွေ့ခဲ့ကြပါဘူး။ နောက်ပြီးMiamiဒေသဆီကိုသွားတဲ့ ခရီးသည်(၃၂)ယောက်ပါဝင်တဲ့ လေယာဉ်ပျောက်ဆုံးမှုနဲ့ ခရီးသည်(၃၀၀)လိုက်ပါလာတဲ့ သဘော်ကြီးပျောက်ဆုံးမှု စတဲ့ ထူးဆန်းကျောချမ်းစရာကောင်းလောက်တဲ့ ပျောက်ဆုံးမှုပေါင်းတစ်ရာကျော်လောက်က (၂၀)ရာစုအတွင်းမှာ ဖြစ်သွားခဲ့ပါတယ်။

?အခုလိုနဲ့ပြန်လမ်းမရှ်ိတဲ့ မရဏလမ်းBermudaတြိဂံအကြောင်းကို လူတွေကအပြောများလာကြပြီးတော့ အဖြေရှာနိုင်ဖို့လည်းကြိုးစားလာခဲ့ကြပါတယ်။ ဒါ့ကြောင့် သီအိုရီတွေလည်းအမျိုးမျိုးကြားလာရပြန်ပါတယ်။

? တစ်ချို့ကသမုဒ္ဒရာကြမ်းပြင်အောက်မှာ မီသိန်းဓာတ်ငွေ့တွေလစ်ဟာနေပြီး ဧရာမပူစီပေါင်းကြီးတွေထလာပြီးတော့ သဘော်တွေကိုနစ်မြုပ်စေတာလို့ပြောသလို တစ်ချို့ကလည်း အင်မတန်ကိုအားကြီးတဲ့ဟာရီကိန်းတစ်ခုက အဲ့ဒီနေရာမှာ အမြဲတမ်းဖြစ်ပေါ်နေတာကြောင့်လို့ဆိုကြပါတယ်။

? ဒါ့အပြင် တစ်ချို့ဆိုရင် ဂြိုလ်သားတွေရဲ့တည်ရှ်ိမှုတစ်ခုကြောင့်လို့တောင် ပြောခဲ့ကြပါတယ်။ သိပ္ပံပညာရှင်တွေကတော့ Bermudaတြိဂံဧရိယာကတိမ်တိုက်တွေဟာ ဆဌဂံပုံစံတွေ‌ဖြစ်နေကြပြီးတော့ အဲ့ဒီအရာကြောင့် လေဗုံးတွေဖြစ်လာပြီး တစ်နာရီကိုမိုင်(၁၇၀)အထိတိုက်ခတ်တဲ့ ကြောက်စရာကောင်းတဲ့မုန်တိုင်းကိုဖြစ်ပေါ်စေတယ်လို့ ပြောပါတယ်။

? ဒါကြောင့်လည်း Bermudaတြိဂံကိုဖြတ်သန်းသွားတဲ့သဘော်တွေ၊ လေယာဉ်တွေက ပျောက်ဆုံးသွားခဲ့ကြတာပါ။ ဒါမယ့်လည်းအခုချိန်ကြတော့ Bermudaတြိဂံနေရာကနေ လေယာဉ်တွေ၊‌သဘော်တွေက အန္တရာယ်ကင်းကင်းနဲ့ ပြန်လာနိုင်နေကြပြန်ပါပြီ။ ဒီတော့အရင်ကပျောက်ဆုံးမှုတွေက သဘာလွန်ဖြစ်ရပ်တွေလား? တိုက်ဆိုင်မှုလား? ဒါမှမဟုတ် ကောလဟာလသက်သက်ပဲလား?

Keep Reading

မရှုပ်မရှင်း မရှင်းမရှုပ် အပိုင်းတစ်မိတ်ဆွေမှရန်သူဖြစ်သွားခြင်းစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ရှည်ပါ။နှစ်ခါပြန်မကြည့်ရဲတဲ့ရုပ်ရှင်Ernest Hemingway ဘဝဟာသများစပါတာကပ်စ်ကျဆုံးခန်းUC Berkeley တက္ကသိုလ်ရဲ့ ကွန်ပျူတာသိပ္ပံ ပါမောက္ခ Ion Stoica ဆီလီကွန်ဗယ်လီမှာ မက်လောက်စရာ အကောင်းဆုံး အလုပ်ပျော်စရာနေ့