Author's Profile Photo

SarPhat Author

5/09/2023

“နောက် (၅) နှစ်အကြာ တစ်ဟုန်ထိုး တိုးတက်လာဖွယ်ရှိတဲ့ အလုပ်အကိုင်အခွင့်အလမ်း (၃) ခု”

1 min read
Life Style
Personal Development
Education
“နောက် (၅) နှစ်အကြာ တစ်ဟုန်ထိုး တိုးတက်လာဖွယ်ရှိတဲ့ အလုပ်အကိုင်အခွင့်အလမ်း (၃) ခု”'s photo

အားလုံးပဲ မင်္ဂလာပါ။ လက်ရှိမိမိဝါသနာပါရာ အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ရှာဖွေရင်း တစ်ချိန်တည်းမှာ အနာဂတ်မှာ တိုးတက်လာဖွယ်ရှိတဲ့ ကမ္ဘာ့နည်းပညာအရွေ့ကိုလည်း မျက်ခြေမပြတ် စောင့်ကြည့်လေ့လာလိုတဲ့ လူငယ်များစွာရှိနေမယ်လို့ ယူဆမိပါတယ်။

ဒါကြောင့်မို့ ဒီနေ့မှာတော့ ကိုယ်ရဲ့အနာဂတ်ကို ကြိုတင် ချိန်ထိုးစဉ်းစားနိုင်ဖို့ နောက် (၅) နှစ်အကြာမှာ တစ်ဟုန်ထိုး တိုးတက်လာဖွယ်ရှိတဲ့ အလုပ်အကိုင်အခွင့်အလမ်း (၃) ခုကို ဗဟုသုတအဖြစ် မျှဝေလိုက်ရပါတယ်ခင်ဗျာ။

1.AI and Machine Learning Specialist

နံပါတ်(၁) အနေဖြင့် AI ဟာ ကျွန်တော်တို့ တစ်နေ့တာမှာ တစ်စတစ်စ နေရာယူ ကျယ်ပြန့်လာသလို အနာဂတ်မှာလည်း နေ့စဉ်သွားလာလှုပ်ရှားမှုများသာမက၊ အလုပ်အကိုင်နယ်ပယ်အသီးသီးမှာ ရောယှက်ဆက်နွယ်လာနိုင်တာမို့ AI and Machine Learning Specialist ဆိုတဲ့ အလုပ်အကိုင်အခွင့်အလမ်းများဟာ တစ်ဟုန်ထိုး တိုးတက်လာနိုင်ဖွယ်ရှိတယ်လို့ ၂၀၂၃ ခုနှစ်၊ သုတေသနစာတမ်းများမှ ထုတ်ပြန်ထားရှိပါတယ်။

2.Sustainability Specialist

နံပါတ် (၂) အ‌နေဖြင့် နည်းပညာအားဖြင့်သော်လည်းကောင်း တိုးတက်လာတဲ့ ကမ္ဘာကြီးရဲ့အခြားတစ်ဖက်မှာတော့ ရာသီဉတုဖောက်ပြန်မှု၊ သဘာဝပတ်ဝန်းကျင်များ၊ ရေ၊ မြေ၊ လေ အစရှိတဲ့ သဘာဝပတ်ဝန်းကျင်အကျိုးအတွက် စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ပေးမယ့် Sustainability Specialist ပညာရှင်များဟာ အခွင့်အလမ်းများစွာ ပေါ်ထွက်လာနိုင်တယ်လို့ သုတေသနစာတမ်းများမှ ထုတ်ပြန်ထားရှိပါတယ်။

3.Business Intelligence Analyst

နံပါတ် (၃) အချက်အနေဖြင့် နည်းပညာနဲ့ဆက်နွယ်သည်ဖြစ်စေ၊ ပုံမှန်လုပ်ငန်းများ ဖြစ်သည့်တိုင်အောင် လုပ်ငန်း
များကြီးထွားလာသည်နှင့်အမျှ ဒေတာ၊ အချက်အလက်များဟာ အဓိက အရေးပါလာပါတယ်။ ဒါကြောင့်မို့ ဒီလို
ဒေတာအချက်အလက်များကို အခြေခံရင်း လုပ်ငန်းအတွက် ပိုမိုတိကျတဲ့ ဆုံးဖြတ်ချက်များကို ချမှတ်လာစေဖို့ အထောက်အကူပြုရာ Business Intelligence Analyst နယ်ပယ်ဟာလည်း တစ်ဟုန်ထိုး တိုးတက်လာနိုင်ခြေရှိတယ်လို့ ခန့်မှန်းထားရှိပါတယ်။

ကဲ..အခုဆိုရင်တော့ ကမ္ဘာ့နည်းပညာအရွေ့ကိုလည်း မျက်ခြေမပြတ်စောင့်ကြည့်ရင်း မိမိအနာဂတ်ကို ကြိုတင် ချိန်ထိုးစဉ်းစားလေ့ရှိတဲ့ လူငယ်များအတွက် အထက်ပါ ဆောင်းပါးလေးမှတဆင့် တစ်စုံတစ်ခု အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်ခင်ဗျာ။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးတော်လ်စတွိုင်း နောက်ဆုံးနေ့ရက်များဘာလို့ မုန်းကြတာလဲဘဝမှာလိုအပ်တာ တစ်ခုပဲစိတ်ဓာတ်ကျနေတဲ့အခါပျင်းစရာရှိတာ အားပါးတရ အပျင်းကြီးလိုက်ပါဆင်းရဲသားလေး ဂျက်လန်ဒန်ဟိုစပ်စပ်ဒီစပ်စပ်မလုပ်နဲ့ (၁)ဖတ်နိုင်သမျှ များများဖတ်ပေးပါမရိုးတရိုး