Maru
ကျွန်မ ကျောင်းသူတစ်ယောက်ပါ။ ကျွန်မက နားလည်မှုအားနည်းတဲ့ ကျောင်းသူထဲပါပါတယ်။ စာသင်ရင် မေးခွန်းတွေအများကြီးမေးတတ်ပြီး နားမလည်ရင်လည်း အခါခါနားမလည်မခြင်းမေးမြန်းတတ်ပါတယ်။ ဆရာ/ဆရာမတွေကစာအသင်ပြကောင်းပြီး စိတ်ရှည်တာကတော့ ကျွန်မရဲ့ ကံကောင်းမှုလို့ပဲဆိုရမလားပါပဲ။
ကျွန်မစာသင်ရင် မေးမြန်းတတ်တဲ့ မေးခွန်း ၃ခုရှိပါတယ်။
၁။ဘာကြောင့် သင်ကြားရတာလဲ။
၂။ ဘာကြောင့် ဒီနည်းသုံးတာလဲ။
၃။ဘာကြောင့် ကျက်ရတာလဲ။
၁။ဘာကြောင့် သင်ကြားရတာလဲ။
Physicsအချိန်တွင်ဖြစ်ပါတယ်။ ဆရာက Power and Efficiency အကြောင်းကိုသင်ကြားနေပါတယ်။ ဆရာကစာတွေရှင်းပြီး နားလည်လားလို့မေးတဲ့အခါ ကျွန်မက ဆရာ သမီး တစ်ခုလောက်မေးချင်လို့ပါရှင့်။
" ဒီစာတွေက လက်တွေ့ဘဝရဲ့ ဘယ်နေရာ အသုံးပြုလို့ရလဲဆရာ"
"ဒီအခန်းက စာတွေက အင်ဂျင်နီယာ လုပ်မယ့်သူတွေတွက် အသုံးဝင်တယ်သမီး
ပြီးတော့ အင်ဂျင်နီယာ လုပ်မယ့်သူတွေက ဒါကို သိကိုသိထားရမယ်သမီး"
"သမီးက အင်ဂျင်နီယာ မလုပ်ဘူးဆိုတော့ ဒီစာတွေကရစရာ မလိုဘူးပေါ့ဆရာ"
"မဟုတ်ဘူးသမီးရဲ့ ဆရာတို့စာတွေကို သင်ပေးနေတယ်ဆိုတာက သမီးတို့ကိုဘက်စုံတော်အောင်လို့ အားလုံးကိုသင်ပေးတာ အလကား အချိန်ကုန်ခံပြီး သင်ပေးတာမဟုတ်ဘူး သမီး"
"အော် အဲလိုလားဆရာ ဟုတ်သမီးနားလည်ပါပြီ"
၂။ဘာကြောင့် ဒီနည်းသုံးတာလဲ။
သင်္ချာအချိန်တွင်ဖြစ်ပါတယ်။ သင်္ချာက ကျွန်မအမေးအများဆုံးဘာသာရပ်လို့တောင် ပြောလို့ရပါတယ်။ ဆရာက Sequences and Seriesအပိုင်းတွေကို သေချာလေးရှင်ပြပြီး ပြင်ပက ပုစ္ဆာတွေနဲ့ ဥပမာပေးပြီးရှင်းပြနေပါတယ်။ ပြီးတော့ ဆရာရှင်းပြနေတဲ့နည်းက ပုံနှိပ်ထဲကနည်းနဲ့မတူတာပါပဲ။အဲဒါနဲ့ကျွန်မက
"ဆရာ တွက်တဲ့နည်းက ပုံနှိပ်ထဲကနဲ့မတူဘူးနော်ဆရာ"
"ဟုတ်တယ်သမီး ပုံနှိပ်ထဲကနည်းကရှည်ပြီးတော့ နားလည်ရခက်တယ်
ဆရာ့နည်းက တိုပြီးတော့ ပိုနားလည်လွယ်တာမို့ ဆရာနည်းနဲ့တွက်ပြတာသမီး"
"ဒါဆိုဘယ်နည်းနဲ့တွက်တွက်အဖြေတူရင်ရပြီပေါ့ဆရာ"
"အင်း အဖြေတူရင်ရပြီ သမီး
ဒါပေမယ့် ဆရာတို့ ပညာသင်တ
Unlock to read this premium article with 10 points.