Ꭻᴀsᴩᴇr
Hello!! Jasper ပါ။ အမှန်ဆို ကျွန်တော် မနေ့ကတင်ပေးရမှာပါ။ ဒါပေမဲ့ personal ကိစ္စလေးတချို့ကြောင့် မတင်နိုင်ခဲ့ဘူး။ အဲအတွက်လဲ sorry ပါဗျ။ ဒီနေ့ ကျွန်တော်က sharing လုပ်ပေးဖို့နောက်ကျသွားတဲ့အချိန် ခေါင်းထဲပေါ်လာတဲ့ Idiom လေးကို ပြောပြပေးသွားပါမယ်။ ဒီ Idiom လေးက အတော်လေးလဲ အသုံးဝင်တယ်ဗျ။
အခုပြောပြမဲ့ Idiom လေးက Better late than never ဆိုတဲ့ Idiom လေးပါ။ ဒီ Idiom ကို တစ်ခုခုကို နောက်ကျမှလုပ်လိုက်တာက လုံးဝမလုပ်လိုက်တာထက်စာရင် တော်ပါသေးတယ် ဆိုတဲ့သဘောနဲ့ သုံးကြပါတယ်။
Example: ?She finally finished her degree at the age of 50. Better late than never! ?They started recycling only after realizing the impact on the environment, but better late than never.
ကျွန်တော်လဲ မတင်တာထက်စာရင် နောက်ကျမှတင်တာက တော်သေးတာပေါ့နော်။ ဒါဆို နောက်နေ့မှာ ပြန်တွေ့ကြပါမယ်ဗျ။ Ciao??
#Idiom_sharing
#Jasper
Keep Reading