Author's Profile Photo

SarPhat Author

1/06/2024

"စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိမြှင့်တင်ရေး" ဟောပြောပွဲဖိတ်ကြားလွှာ

1 min read
Education
18 Again
"စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိမြှင့်တင်ရေး" ဟောပြောပွဲဖိတ်ကြားလွှာ's photo

စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနဲ့ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ

ကျနော့ရဲ့ တတိယမြောက် စာပေမိသားစုလေးဖြစ်တဲ့ စာဖတ် - Sar Phat အဖွဲ့အစည်းက မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အွန်လိုင်းပေါ်မှာ ဆွေးနွေးခဲ့ကြပြီးနောက် ဆွေးနွေးပွဲကို ထပ်မံကာ zoom meeting နဲ့ လာမယ့် ဇွန်လ ၅ ရက်နေ့မှာ ထပ်မံ ဆွေးနွေးသွားအုံးမှာလည်း ဖြစ်ပါတယ်။

ဘာကြောင့် ကျနော့ရဲ့ တတိယမြောက်စာပေမိသားစုလေးလို့ ပြောရသလဲဆိုရင် ပထမဦးဆုံးစာပေမိသားစုလေးကတော့ စာပေစေတမန်ပဲ ဖြစ်ပါတယ်။ စာပေစေတမန်(စာပေသုခုမရင်ပြင်) လို့လည်း ခေါ်ကြပါတယ်။ သူတို့က ကျနော့ကို အရောင်တွေ တင်ပေးလိုက်လို့ ကျနော်ဆိုတဲ့ စာရေးသူလေးရဲ့ အရေးအသားတွေဟာ စာရွက်ပေါ်ကို ရောက်လာခဲ့ရတာပါ။ ဒုတိယမြောက်စာပေမိသားစုလေးက ဆရာမကြည်ကြည်မြတ်ကို(ပခုက္ကူ) နှင့် ဆရာမပိုင်ပိုင် တို့ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်က ကျနော့ကို မောင်တယောက်သဖွယ် စာပေနဲ့ပတ်သက်လာရင် လိုလေသေးမရှိ လက်တွဲခေါ်ယူပေးတယ်ပေါ့ဗျာ။ အခုတတိယမြောက် စာပေအဖွဲ့အစည်းဖြစ်တဲ့ Sar Phat team ကတော့ ကျနော်နဲ့ စုံစည်း တွေ့စုံခွင့်ရတာ သိပ်မကြာသေးပါဘူး။ စာဖတ်မှာ စာရေးသူလေးတွေက အသစ်တွေကများပါတယ်။ များသလောက်လည်း ဆောင်းပါးကောင်းတွေ ထွက်ပါတယ်။ ပြီးတော့ စာရေးသူအသစ်တွေက ကလေးလေးတွေက များပါတယ်။ သိပ်လည်းခင်မင်ဖို့ ကောင်းကြပါတယ်။

ကျနော်က စာဖတ်အဖွဲ့မှာ မတ်လက စပြီး စာမူအဟောင်းကလေးတွေ တင်ဖြစ်ပါတယ်။ ပြီးတော့ စာဖတ်အဖွဲ့အစည်းရဲ့ group chat လေးမှာလည်း စာပေဆွေးနွေးမှုလေးတွေမှာ ပါဝင်ဆွေးနွေးဖြစ်ပါတယ်။ ခေါင်းစဉ်အမျိုးမျိုးနဲ့ ဆွေးနွေးလာရင်းက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးတဲ့နေ့မှာပဲ ဒီအကြောင်းအရာကတော့ လူတချို့သိသင့်တယ်။ ဟောပြောပွဲလေး လုပ်သင့်တယ်လို့ ဆွေးနွေးကြသူတွေက အကြံပြုလာကြတော့ ကျနော်လည်း အင်တိုက်အားတိုက် ပါဝင်ဖြစ်လာခဲ့ပါတယ်။

Sar Phat အဖွဲ့မှာ စာရေးသူအသစ်ကလေးတွေက စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင် ခင်ခင်မင်မင်နဲ့မို့ သူတို့တွေရဲ့ telegram chat group မှာ ဝင်ရောက်ဆွေးနွေးပြောဆိုရင်း ဆွေးနွေးပွဲနဲ့ ဟောပြောပွဲများ ဖြစ်ပေါ်လာရခြင်း ဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာတော့ အစီအစဉ်တင်ဆက်သူများအဖြစ် _

စာရေးသူ - သစ်တိုင်းမွှေး
စာရေးသူ - ဆမ်မြူတာ (Sam Myu Ter) တို့က

တာဝန်ယူဆောင်ရွက်ကြမှာဖြစ်ပြီး၊ ဟောပြောဆွေးနွေးကြမည့် သူများကတော့ _

စာရေးသူ - နွေဦးအက္ခရာ
စာရေးသူ - ကဝိ
စာရေးသူ - ကိုမျိုး တို့က

စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနဲ့ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဟောပြောဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ပွဲအခန်းအနားကြီးရဲ့ အပိတ်နှုတ်ဆက် ကျေးဇူးတင်စကားကိုတော့_

စာရေးသူ - မြ (စံကားဝါမြေ) မှ

ပြောကြားမှာ ဖြစ်ပါတယ်။ ပွဲအခန်းအနား ကျင်းပမည့် ရက်နှင့် အချိန်ကတော့ ဇွန်လ (၅) ရက်နေ့ ည (၇:၀၀) နာရီ ဖြစ်မှာတယ်။ ဆွေးနွေးမဲ့ နေရာကတော့ zoom meeting မှာပဲ ဖြစ်ပါတယ်။


စာကြည့်တိုက်တွေ ထောင်ကြပေမဲ့ စာဖတ်ရှိန် ကျဆင်းလာတာ။ စာပေတိုက်တချို့ စာအုပ်တွေ ဆက်မထုတ်နိုင်တော့ပဲ ပိတ်သိမ်းလာတာတွေ မြင်ရ၊ ကြားရတော့ စာအုပ်ချစ်သူမို့ စိတ်ထဲမကောင်း ဖြစ်ရပါတယ်။ ဒါကြောင့် စာကြည့်တိုက်ရော စာဖတ်သူတွေရော အရှိန်အဟုန်နဲ့ ပြန်လည်ပေါ်ပေါက်၊ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ကျနော်တို့က ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ စာအုပ်စာပေချစ်သူများနဲ့ စာကြည့်တိုက်တည်ထောင်ထားသူများ တက်ရောက်ကာ နားထောင်သင့်တဲ့ ဆွေးနွေးပွဲတခု ဖြစ်တာမို့ ရိုသေလေးစားစွာ ဖိတ်ခေါ်လိုက်ရပါတယ်။

စာဖတ်သူလေးတွေရေ 5.6.2024(ဗုဒ္ဓဟူးနေ့) ည(၇)နာရီမှ (၉)နာရီအတွင်း အချိန်(၂)နာရီလေးက စာဖတ်သူလေးတွေရဲ့ ဘဝကို အောင်မြင်မှုပန်းတိုင်တွေဆီ အရောက်ပို့ပေးသွားမယ့်အချိန်လေး ဖြစ်တာမို့ မဖြစ်မနေ တက်ရောက်ပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်ရှင်။


စာရင်းပေးသွင်းရန် - Telegram username

1. @Nway_Oo_Akayar
2. @Author_Mya_Kyaukpadaung_5581
3. @jojogoldenwee
4. @Thittine
5. @Thunsett

Keep Reading

တက်ညီလက်ညီ ပန်းတိုင်ဆီသို့ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarshipလူငယ်တွေ ဘာကြောင့် သင်တန်းတက်ကြတာလဲ ?ကျောင်းစာကြည့်တိုက် ပညာရေး -----------------------------