Author's Profile Photo

SarPhat Author

29/05/2024

အမှိုက်ကိုစနစ်တကျစွန့်ပစ်ခြင်းရဲ့ဆိုးကျိုးများ

1 min read
General Knowledge
အမှိုက်ကိုစနစ်တကျစွန့်ပစ်ခြင်းရဲ့ဆိုးကျိုးများ's photo

‌မင်းကတစ်နေရာရာအလည်သွားတယ်ထားပါစို့နွေရာသီမှာထီးကြီးတစ်ဖက်နဲ့လမ်းသွားရင်းအရမ်းပူလာ‌တော့ဈေးဆိုင်တစ်ဆိုင်မှာရေသန့်ဗူး၀ယ်မယ်တခြားစားစရာအနည်းငယ်၀ယ်တာပေါ့နေကအရမ်းပူတော့ရေကိုလည်းအကုန်သောက်လိုက်တယ်တစ်ခါတည်းမုန့်တွေကိုလည်းစားရင်းခရီးဆက်တာပေါ့လမ်းမှာဒိန်ချဉ်သည်တွေ့တော့ဒိန်ချဉ်လည်း၀ယ်သောက်တာပေါ့အဲဒီမှာမင်းကထီးတစ်ဖက်နဲ့သယ်ရတာတွေလည်းများလာတော့အမှိုက်တွေကိုလမ်းဘေးမှာပြစ်ချခဲ့တာပေါ့မင်းနောက်မှာလည်းလူတစ်ယောက်ပါလာတယ်သူကကောအမှိုက်မပြစ်နဲ့ဘာညာမပြောဘူးသူလည်းလိုက်ပြစ်တာပေါ့

အမှိုက်တွေက‌‌ေလတစ်အားတိုက်ပြီးမိုးရွာချလာတရဲ့အခါ‌လွင့်ချင်တဲ့နေရာတွေလွင့်ကြတယ်‌မြောင်းထဲကိုအမှိုက်တွေရောက်သွားတဲ့အခါမှာလည်းမြောင်းတွေပိတ်တယ်ရေကြီးတယ်အစသဖြင့်ပေါ့ကိုယ်ကဒီတိုင်းလေးပဲဘာမှမဟုတ်လုပ်လိုက်တဲ့အလုပ်တွေကအများကြီးအကျိုးသက်ရောက်မှုတွေရှိနေတာပေါ့

တစ်ချို့လူတွေကျတော့ကိုယ်ကတော့အမှိုက်ကိုလမ်းဘေးမှာမစွန့်ပစ်ဘူးကိုယ်ကနိုင်ငံသားကောင်းပီသတယ်ဆိုပြီးတွေးကြတယ်(စည်းကမ်းမဲ့လွင့်ပစ်တော့မြောင်းတွေပိတ်တော့ကောက်ရတာခက်တာကို၊တကယ်ကတော့စနစ်တကျပြစ်ခြင်းမှာလည်းဆိုးကျိုးတစ်ချို့ရှိပါသေးတယ်)
အမှိုက်ကိုစနစ်တကျလွင့်ပြစ်ပြန်တော့လည်းအမှိုက်တွေဘယ်ရောက်သွားမလဲတွေးကြည့်ဖူး‌လား‌။အမှိုက်ကားကတော့လာကောက်သွားတာပဲကောက်ပြီးအမှိုက်ပံုကြီးတွေကိုသွားထားမှာပေါ့။အဲ့အမှိုက်ပုံမှာအကောင်တွေ၊ကြွက်တွေနေမယ်၊ဌက်တွေလည်းကျက်စားကြမှာပေါ့။အကောင်တွေဆိုတာတစ်နေရာတည်းနေထိုင်ကြတာမှမဟုတ်ဘဲသူတို့လူနေအိမ်ဘက်တွေလာတဲ့အခါသူတို့ဆီကရောဂါပိုးမွားတွေလည်းပါလာနိုင်သေးတယ်။အမှိုက်ပုံကြီးကလည်းမြေနေရာယူတယ်၊အကယ်၍အဲ့နေရာမှာအမှိုက်ထပ်မထားနိုင်ရင်တခြားကိုမြေနေရာရွေ့မယ်၊အမြဲအဲ့လိုဖြစ်နေရင်နေရာတွေလည်းနည်းလာမယ်အမှိုက်ပုံနဲ့နီးတဲ့နေရာမှာ‌ေနတဲ့သူတွေကလည်းအနံ့အသက်ဆိုးတွေရမယ်၊ရောဂါပိုးတွေလည်းဖြစ်နိုင်ခြေများတာပေါ့၊ငါကတော့အမှိုက်ပုံနဲ့ဝေးတယ်ဘာမှဖြစ်မလာနိုင်ဘူးဆိုတဲ့လူတွေလည်းမိုးရွာတဲ့အခါမိုးရေတွေကအမှိုက်တွေနဲ့‌ေရာပြီး‌ေရဆိုးရေညစ်အဖြစ်နေရာအနှံ့စီးဆင်းသွားမှာပဲ။

အဲ့ဒါကြောင့်အမှိုက်ကိုမီးရှို့ပြန်တော့လည်းအဲ့ကထွက်လာတဲ့အငွေ့တွေကကမ္ဘာကြီးကိုညစ်ညမ်းစေပြန်ရော

အဲဒါကြောင့်ကမ္ဘာကြီးလည်း‌ေလထုညစ်ညမ်းမှု‌ေတွအခြားထိခိုက်မှုတွေလည်းမရှိအောင်နည်းလမ်းကတော့အမှိုက်ကနေလျှပ်စစ်စွမ်းအင်ထုတ်တာပါ

အဲ့နည်းက‌ေတာ့ဒီမှာလုပ်လို့မရသေးပါဘူးအဲ့တော့
အမှိုက်တွေကိုနည်း၃ နည်းနဲ့လျော့ကျအောင်လည်းလုပ်လို့ရပါသေးတယ်

၁။ လျော့ချခြင်း(ဉပမာကိုယ်ကကော်ဖီသောက်ရတာကြိုက်ရင်ကော်ဖီထုတ်သေးသေးလေးတွေ၀ယ်သောက်မယ့်အစားဘူးလေးကို၀ယ်ထားပါ)

အဲ့လိုဆိုကော်ဖီထုတ်ပါကင်ကအခွံတစ်ခုလည်းလျော့မယ်အထုတ်သေးသေးလေးတွေကထွက်လာမယ့်အခွံတွေလည်းလျော့ပါတယ်

၂။ ပြန်သုံးခြင်း(ကိုယ်ကကြက်ဉသွား၀ယ်တယ်ပဲဆိုပါစို့အိတ်လေးနဲ့ထည့်ပေးတဲ့အခါအဲ့အိတ်ကိုသုံးလို့ရသေးသရွေ့ဈေးဆိုင်ထပ်သွား၀ယ်တဲ့အခါအိတ်ထပ်မတောင်းဘဲအဲ့အိတ်နဲ့သုံးပါ)

၃။ တစ်ခုခုပြန်လုပ်ခြင်း(အမှိုက်တွေကိုအသုံးပြုပြီးလက်မှုပညာတွေနဲ့ခြင်းတောင်းလေးတွေ၊အပင်စိုက်ဖို့လုပ်တာလေးတွေလုပ်ပြီးလည်းပြန်သုံးလို့ရပါတယ်)

ဒီနည်းလမ်းလေးတွေနဲ့အမှိုက်တွေကိုလျော့ချခြင်းဖြင့်အမှိုက်‌‌ေတွပိုများမလာ‌ေအာင်ပြုလုပ်နိုင်ပါတယ်

Photo credit
https://images.app.goo.gl/QwxMeLv4LvmBiCam9

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအကျိုးရှိမယ့်စာအုပ်ပဲဖတ်ပါ တော်လ်စတွိုင်း နောက်ဆုံးနေ့ရက်များနားစရာရှိတာ နားပါမက္ကဇင်ဂေါ်ကီ နှင့် ခရီးသည်တစ်ဦး ချေးများစေ့စပ်တဲ့သူတန်ဖိုးကြီးလှတဲ့ ဆုံးရှုံးမှု...ဘာလို့ မုန်းကြတာလဲစိတ်ဓာတ်ကျနေတဲ့အခါနည်းပညာခေတ်နဲ့ လုပ်ရည်ကိုင်ရည်