SarPhat Author
"Dimensions နှင့် လူသားများ"
______________________________
Dimension ဆိုတာကိုတော့ လူတော်တော်
များများ ရင်းရင်းနှီးနှီးကြားဖူးကြမှာပါ
Physic Law အရလက်ခံထားတာတော့ 4D အထိပါပဲ 5D နဲ့ other dimension တွေကိုတော့ Theory သာသာလောက်ပဲ လက်ခံထားကြပါတယ်
ကျွန်တော်တို့လူသားတွေကတော့ 3D ထိပဲ ကောင်းကောင်း အသုံးချနိုင်ပါသေးတယ် 3D ထိကိုပဲ ခွဲခြားပြရရင်တော့........
အလျားသာရှိတဲ့ Directionတစ်ခုထဲပါတဲ့ 1D
အလျားနဲ့အနံရှိနေတဲ့ အရာဝတ္ထုတွေကိုကျ 2D
အလျား၊အနံ၊အမြင့်ရှိနေတဲ့ အရာဝတ္ထုတွေကိုတော့ 3D ဆိုပြီး သတ်မှတ်ထားပါတယ်။
straight line တစ်ကြောင်းဖြောင့်နေအောင်ဆွဲထားတာကို အစွန်းဘက် point လေးပဲ မြင်နေရတာမျိုး၊ အစက် တစ်ခုတည်းအဖြစ်မြင်နေရတာက 1D ပါ ၊ 2D မှာဆိုရင်တော့ အလျား၊အနံ နှစ်ခုကိုမြင်ရမှာဖြစ်ပြီး ပြားနေတဲ့အရာဝတ္ထုတွေ စက်ဝိုင်းတွေ ရုပ်ပြကာတွန်းအချို့တွေဟာ 2D ဖြစ်ပါတယ်။
"2D ပုံရိပ်ကိုသာ မြင်နိုင်စွမ်းရှိတဲ့ လူသားများ"
ကျွန်တော်တို့လူသားတွေဟာ Three Dimensional Beings တွေဖြစ်ပြီး 4D world ထဲမှာနေထိုင်ကြပါတယ် ဘာလို့ 4D ကိုထည့်ပြောရတာလည်းဆိုရင် Time ဆိုတဲ့ Dimension တစ်ခုပါနေသေးတာကြောင့်ပါ
လူတွေ လိုသလိုပြုပြင်ဖန်တီးနိုင်တဲ့ 3D ကို Spatial Dimensions တွေလို့ခေါ်ပါတယ်
ဒါပေမယ့် ကျွန်တော်တို့ခန္ဓာကိုယ်ကသာ 3D ဖြစ်ပေမယ့် ကျွန်တော်တို့ မျက်လုံးက မြင်ရတာကျတော့ 3D မဟုတ်ပါဘူး။
Human's eyes တွေက 2D ကိုသာ မြင်နိုင်စွမ်းရှိပြီး သူတို့ဘာသာ visual effects အဖြစ် ပုံသွင်းပြီးဦးနှောက်ကိုပို့ပေးတာပါ ဦးနှောက်က ပို့ပေးတဲ့ 2D ပုံရိပ်တွေကို 3D မြင်ကွင်းအဖြစ် ပုံပေါ်စေတာဖြစ်ပါတယ် Brain Trick တစ်ခုလို့ ဆိုရမှာပါ အဖြူနဲ့အမည်းပဲ ရှိတဲ့ ကမ္ဘာလောကကြီးကို အရောင်မျိုးစုံနဲ့ မြင်နေရသလိုပါပဲ ဦးနှောက်က မွေးကတည်းက ကျွန်တော်တို့ကို ယုံစေခဲ့တဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။
နောက်ပြီး ကျနော်တို့လူသားတွေဟာ 4D ဆိုတဲ့ World ထဲမှာ နေထိုင်ကြပေမယ့် 4th dimension ဖြစ်တဲ့ Time ကိုတော့ မလွန်ဆန်နိုင်ကြပါဘူး လိုသလိုထိန်းချုပ်လို့မရပါဘူး သူသတ်မှတ်ထားတဲ့ ကာလအတွင်းမှာပဲ ရှင်သန်နေထိုင် နိုင်ကြပါတယ်။ အိုင်းစတိုင်းရဲ့ သီအိုရီအရ အလင်းအလျင်ထက်သာမြန်အောင်သွားနိုင်ခဲ့ရင် အချိန်ခရီးသွားနိုင်မယ်လို့ ဆိုတာက တခြားမြင့်မားတဲ့ dimension တစ်ခုကိုရောက်သွားပြီး အချိန်ကို ထိန်းချုပ်လိုက်တာကော မဖြစ်နိုင်ဘူးလားလို့ တွေးစရာရှိပါတယ် ဒါတွေက သီအိုရီတွေဆိုပေမယ့် ဖြစ်လာနိုင်ချေရှိတဲ့ အရာတွေပါပဲ။
______( ဆက်လက်ဖော်ပြပါမည် )________
Keep Reading