Author's Profile Photo

WHY:ဘာကြောင့်လဲ

27/05/2024

'အရောင်(colours)'ဆိုတာတကယ်မရှိဘူး

1 min read
Education
General Knowledge
'အရောင်(colours)'ဆိုတာတကယ်မရှိဘူး's photo

အမှန်တကယ်တော့ အရောင်ဆိုတာမရှိပါဘူး။ ဦးနှောက်က ပုံဖော်ဖန်တီးထားတာပါ။
ကျွန်တော်တို့ယခုလက်ရှိမြင်တွေ့နေနိုင်တာက အလင်းရောင်၊ တိတိကျကျပြောရရင် အဖြူရောင်အလင်းတန်း(white light)ကြောင့်ပါ။ အလင်းရောင်သာမရှိဘူးဆိုရင် ဘာကိုမှလည်းမြင်နိုင်မှာမဟုတ်သလို၊ ဘာအရောင်ညာအရောင်ဆိုပြီးမှလည်းခွဲခြားနိုင်မှာမဟုတ်ပါဘူး။
အလင်းရောင်ဆိုတာက လျှပ်စစ်သံလိုက်လှိုင်း (Electromagnetic waves) တစ်မျိုးပါ။{ လျှပ်စစ်သံလိုက်လှိုင်း ‌အကြောင်းဖတ်ရန် ⬇️⬇️⬇️
https://sarphat.com/posts?id=3246 }။
ဒီလျှပ်စစ်သံလိုက်လှိုင်းတွေက လှိုင်းအလျားအမျိုးမျိုးနဲ့ နေကနေထွက်ပေါ်လာပါတယ်။ အဲ့ထဲမှာမှ အဖြူရောင်အလင်းကလည်း တစ်ခုအပါအဝင်ပါ။ သူက လျှပ်စစ်သံလိုက်လှိုင်းအလျားက ၄၀၀ နာနိုမီတာ(nm) နဲ့ ၇၀၀ နာနိုမီတာ(nm) ကြားမှာရှိပါတယ်။ ဒီလှိုင်းအလျားနှစ်ခုကြားကဇုံကို မြင်နိုင်ဇုံ(visible region) လို့ခေါ်ပါတယ်။
မြင်နိုင်ဇုံ အတွင်းက လျှပ်စစ်သံလိုက်လှိုင်းတွေက ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ရှိမှသာ ကျွန်တော်တို့ကမြင်နိုင်မှာပါ။ ဝတ္ထုတစ်ခုပေါ်ကို အလင်းလှိုင်း တစ်ခုကျရောက်လိုက်ပြီးဆိုရင် ဝတ္ထုရဲ့ဖွဲ့စည်းတည်ဆောက်ပုံအလိုက် အလင်းလှိုင်းအားလုံးကို စုပ်ယူတယ် (သို့) ပြန်ထုတ်လွှတ်တယ် (သို့) တစ်ချို့ကိုစုပ်ယူပြီးတော့ တစ်ချို့ကို ပြန်ထုတ်လွှတ်ကြပါတယ်။
ဥပမာအနေနဲ့ ဝတ္ထုတစ်ခုက အလင်းလှိုင်းအားလုံးကို စုပ်ယူပြီးတော့ လုံးဝပြန်မထုတ်လွတ်ဘူးဆိုရင် သူ့ကိုလူသားတွေက အမဲရောင်ဝတ္ထုလို့မြင်ကြမှာပါ။ ဘာလို့လဲဆိုတော့ ဘာလှိုင်းအလျားကိုမှပြန်မထုတ်လွှတ်ခဲ့တဲ့အတွက် လူတွေရဲ့မျက်လုံးပေါ်ကို ဘာလှိုင်းအလျားမှ လာမကျရောက်လို့ပါ။
အဲ့လိုပါဘဲ ဝတ္ထုတစ်ခုက လှိုင်းအလျားအားလုံးကိုစုပ်ယူပြီးတော့ ၄၀၀ နာနိုမီတာ(nm)လှိုင်းအလျားကိုသာ ပြန်ထုတ်မယ်ဆိုရင် လူတွေက ခရမ်းရောင်ဆိုပြီးမြင်ကြမှာပါ။ ၄၆၀ နာနိုမီတာလောက်ဆိုရင် အပြာရောင်၊ ၅၅၀ နာနိုမီတာလောက်ဆိုရင် အစိမ်းရောင်၊ ၅၈၀ နာနိုမီတာလောက်ဆိုရင် အဝါ၊ ၆၀၀ နာနိုမီတာလောက်ဆိုရင် လိမ္မော်၊ ၇၀၀ နာနိုမီတာလောက်ဆိုရင် အနီ စသဖြင့်ပြန်ထုတ်လွှတ်တဲ့ လှိုင်းအလျားပေါ်မူတည်ပြီး အရောင်အမျိုးမျိုးကို မြင်ရမှာပါ။ အလင်းလှိုင်းအားလုံးပြန်ထုတ်လွှတ်တယ်ဆိုရင်တော့ သူက မှန် ပေါ့။
ဆိုတော့ အရောင်ဆိုတာက တကယ်မရှိပါဘူး လှိုင်းအလျားအမျိုးမျိုးကွဲပြားနေတဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေသာရှိတာပါ။ မျက်လုံးပေါ်ကျရောက်လာတဲ့ လှိုင်းအလျား အမျိုးအစားပေါ်မူတည်ပြီး လူ့ဦးနှောက်က ဒီအရောင်၊ဟိုအရောင်ဆိုပြီးသတ်မှတ်လိုက်တာပါ။
ဥပမာ လှိုင်းအလျား ၇၀၀ နာနိုမီတာကို လူသားတွေက 'အနီ' ဆိုပြီးမြင်ရပေမယ့် ခွေးတွေက 'မီးခိုး‌ရောင်'၊ ကြောင်တွေက 'အညို'၊ နွားတွေက 'စိမ်းညိုရောင်' စသဖြင့် အသီးသီးကွဲပြားနေမှာပါ။ ဒါကြောင့်မို့ အရောင်ဆိုတာဘဲ၊ လှိုင်းအလျားတွေသာရှိတာပါ။ အရောင်ဆိုတာက ဦးနှောက်ရဲ့ ပုံဖော်ဖန်တီးမှုသက်သက်ပါ။

နာနိုမီတာ(nm)= ၁ မီတာ၏ သန်း၁၀၀ ပုံတစ်ပုံ
(×10^-9 m)

-ဘာကြောင့်လဲ(why?)

Keep Reading

ဖိုမ ပညာပေး သင်ကြားရေးအိန္ဒိယပညာရေးအကြောင်း တစေ့တစောင်းကလေးငယ်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာမမေ့ချင်ဆုံးအမှတ်တရ (သို့) ဒုတိယမြောက် Grade-12 ကျောင်းသားဘဝ (Episode-4)Student မဟုတ်တဲ့ ကျောင်းသားအနာဂတ်ပညာရေး၏ ခြေတစ်လှမ်းအစကိုယ်သာလျှင် ကိုယ့်ရဲ့ပြိုင်ဘက်ပါတက်ညီလက်ညီ ပန်းတိုင်ဆီသို့Finance Vs AccountingMindset