Author's Profile Photo

Fact Hub

16/08/2023

ကမ္ဘာကြီးနှင့် သက်ရှိများ သေကြေပျက်သုဉ်းမည့် ဖြစ်စဉ်ကို သိပ္ပံရူ့ထောင့်မှစဉ်းစားခြင်း

2 mins read
Education
General Knowledge
ကမ္ဘာကြီးနှင့် သက်ရှိများ သေကြေပျက်သုဉ်းမည့် ဖြစ်စဉ်ကို သိပ္ပံရူ့ထောင့်မှစဉ်းစားခြင်း's photo

သက်ဆိုင်ရာကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက်တွေအရ နောက်လာမဲ့ နှစ်ပေါင်းလေးကနေ ငါးဘီလီယံဝန်းကျင်မှာ နေရဲ့ အူတိုင် မှာ လက်ရှိအဓိကလောင်စာဖြစ်တဲ့ Hydrogen ဟာ ကုန်ဆုံးသွားမှာပါ။ ဒါကြောင့် နေဟာ‌ Hydrogen အစား သူ့ထက် ပိုပြီး လေးတဲ့ ဒြပ်စင်တစ်ခုဖြစ်တဲ့ Helium ကိုလောင်စာအဖြစ်နဲ့ အသုံးပြုပါတော့တယ်။ နေရဲ့ Core ထဲမှာ Helium fusion တွေ ဖြစ်တဲ့အခါထွက်ပေါ်လာတဲ့ Radiation Pressure ကြောင့် နေရဲ့ အပြင်ဘက်အလွှာဟာ ပုံမှန်ထက်ပိုပြီး အဝေးကို တွန်းထုတ်ခြင်းကို ခံရပါတယ်။ ပုံမှန်အခြေအနေက ပေါ့ပါးတဲ့ ဟိုက်ဒြိုဂျင်ကနေ နည်းနည်းပိုလေးတဲ့ ဒြပ်စင်ဖြစ်တဲ့ ဟီလီယမ်ကို fusion ဖြစ်တာပါ။ ဒါပေမဲ့ မူလလောင်စာရင်းမြစ်ဖြစ်တဲ့ ဟိုက်ဒြိုဂျင်လည်းမကျန်၊ အပူချိန်ကလည်း မြင့်သထက်မြင့်လာတဲ့အခြေအနေမှာ ဟီလီယမ်တွေဟာ ကာဘွန်တွေ၊ အောက်စီဂျင်တွေနဲ့ တခြား ပိုမိုလေးလံတဲ့ ဒြပ်စင်တွေအဖြစ်ကို ဆက်လက် fuse ဖြစ်လာပါတယ်။ ဟီလီယမ်ဒြပ်စင်တွေကို fuse ဖြစ်ပြီး လောင်ကျွမ်းရတဲ့အခြေအနေကို ရောက်လာတဲ့အချိန်မှာ ပိုမိုများပြားတဲ့ စွမ်းအင်ပမာဏထွက်လာပြီး ကြယ်တွေရဲ့ အပြင်လွှာတွေကလည်း အပြင်ဘက်ကို အရှိန်အဟုန်နဲ့ ပြန့်ကားထွက်လာမှာဖြစ်ပါတယ်။ ဒီလိုဖြစ်စဉ်မျိုးဖြစ်တဲ့အခါမှာ နေဟာ ပုံမှန်လက်ရှိအရွယ်အစားထက် အရွယ်အစားပိုကြီးမားလာပြီး ဧရာမကြယ်နီကြီး (Red Giant) အဆင့်ကို ရောက်ရှိမှာဖြစ်ပါတယ်။ အဲ့ဒီအချိန်ကျရင် နေရဲ့အရွယ်အစားဟာ အခုလက်ရှိထက် အဆအများကြီး ဖောင်းပွထွက်လာပြီးတော့ အနီးနားက ဂြိုဟ်တွေဖြစ်တဲ့ မာကျူရီ၊ ဗီးနပ်စ်နဲ့ မားစ်အပြင် ကမ္ဘာဂြိုဟ်ကိုပါ ဝါးမြိုသွားမှာပါ။

နေရဲ့ အရွယ်အစားကြီးမားလာပြီး ကမ္ဘာဟာ နေနဲ့ တဖြည်းဖြည်းနီးကပ်လာတာနဲ့အမျှ နေက‌နေ ထုတ်လွှတ်တဲ့ မြင့်မားတဲ့ အပူစွမ်းအင်ကြောင့် ကမ္ဘာ့ပင်လယ်သမုဒ္ဒရာတွေ အငွေ့ပျံပြီး ကမ္ဘာ့မျက်နှာပြင်တစ်ခုလုံး အပူချိန်အလွန်မြင့်တက်လာမှာ ဖြစ်တာကြောင့် သက်ရှိတွေ ဆက်လက်ရှင်သန်နိုင်ကြတော့မှာ မဟုတ်ပါဘူး။ အဲ့တာကြောင့် ကမ္ဘာဟာ နေရဲ့ ဝါးမြိုမှုကို မခံရသေးတဲ့ အချိန်မှာပဲ နေကနေ ထုတ်လွှတ်တဲ့ ပြင်းထန်တဲ့ အပူစွမ်းအင်ကြောင့် သက်ရှိတွေ အကုန်ပျောက်ကွယ်သေဆုံးပြီး အလွန်ပူပြင်းတဲ့ ဂြိုဟ်တစ်လုံးအဖြစ်သာ ကျန်ရှိနေတော့မှာပါ။ ကျွန်တော်တို့ လူသားမျိုးနွယ်တွေအနေနဲ့ အဲ့ဒီအချိန်မတိုင်ခင်ကာလမှာ ကျွန်တော်တို့ရဲ့ ကမ္ဘာဂြိုဟ်ကို စွန့်ခွာပြိီး အခြားနေအဖွဲ့အစည်းတစ်ခုခုမှာ အခြေချနေထိုင်တာမျိုး၊ လူသားမျိုးနွယ် ဆက်လက်တည်ရှိဖို့အတွက် တခြား habitable zone တစ်ခုခုမှာ အခြေချနေထိုင်ဖို့ လိုအပ်ပါလိမ့်မယ်။

"ဘလက်ခ်ဟိုးတွေကြောင့်ရော ကမ္ဘာကြီး ပျက်စီးနိုင်ခြေရှိလား။"

Gaia BH1 လို့ အမည်ရတဲ့ ဘလက်ခ်ဟိုးဟာ ကမ္ဘာနဲ့ အကွာအ‌ဝေးအနီးစပ်ဆုံး ဘလက်ခ်ဟိုးတစ်ခုဖြစ်ပါတယ်။ Stellar Blackhole ဖြစ်ပြ နေထက် ဆယ်ဆဝန်းကျင်ကြီးမားပါတယ်။ ဘလက်ခ်ဟိုးတစ်ခုဖြစ်တဲ့အလျောက် ဆွဲအားအလွန်ပြင်းပြီး အလင်းတောင်မကျန် အနီးက အရာတွေကို ဆွဲယူတာကြောင့် အကယ်၍ အဲ့ဒီဘလက်ခ်ဟိုးရဲ့ သက်ရောက်မှုကသာ ကျွန်တော်တို့ကမ္ဘာရဲ့ အနီးကို ရောက်လာရင် Solar System တစ်ခုလုံး ကမောက်ကမဖြစ်နိုင်ပါတယ်။ သို့သော်လဲ ကံကောင်းစွာနဲ့ ဒီအနီးဆုံးဖြစ်တဲ့ ဘလက်ခ်ဟိုးဟာ ကမ္ဘာမြေက‌နေ အလင်းနှစ် 1600 ခန့်ဝေးကွာတာကြောင့် လက်ရှိအချိန်အထိ အဲ့ဒီဘလက်ခ်ဟိုးအန္တရာယ်ကို စိုးရိမ်ဖို့မလိုသေးပါဘူး။

အာကာသထဲက ဂြိုလ်သိမ်၊ ဂြိုလ်မွှား‌တွေဟာလဲ ယခုအချိန်အထိ ကမ္ဘာကို တိုက်နိုင်ခြေမရှိသေးတာကြောင့် ကမ္ဘာကြီးနဲ့ သက်ရှိတွေကို အန္တရာယ်ပေးနိုင်တာဟာ Climate Change နဲ့ Global Warming ဖြစ်နေပြီး အခုပစ္စုပ္ပန်မှာတော့ ဒါတွေကို အပင်စိုက်ခြင်း၊ Greenhouse Gas တွေ အလွန်အကျွံထုတ်လွှတ်မှုရှိတဲ့ စက်ပစ္စည်းတွေ လျှော့သုံခြင်းတို့နဲ့ အခြေအနေတွေ ပိုပြီးမဆိုးအောင် တားဆီးနိုင်ပါသေးတယ်။

References - Global temperature, and consequences
- A warming earth is also a wetter earth
- Red giant stars: Facts, definitions & the future of the sun
- Astronomers discover closet known black hole to Earth, Gala BH1

ဆက်စပ်ဆောင်းပါးတွေကို ကောမန့်မှာ ဝင်ကြည့်နိုင်ပါတယ်။ ဝဘ်ဆိုက်ကတစ်ဆင့် ဖတ်ရင်တော့ ဘေးက ကွန်းတန့်အမျိုးအစားတွေကို နှိပ်ပြီး သက်ဆိုင်တဲ့ ဆက်စပ်ပိုစ့်တွေကို ဆက်ဖတ်နိုင်မှာပါ။

Fact Hub Myanmar page ကို ရီဗျူးဝင်ရေးပေးခဲ့ဖို့အတွက် တောင်းဆိုချင်ပါတယ်။

www.facthub-mm.org မှာလဲ ဝင်ဖတ်နိုင်ပါတယ်။

Written by - Zay Bhone Hlyan
Edited by - Fact Hub Editor Team
©️ ????-???? | ???? ??? ???????

#Fact_Hub #Science #Article #General_Science #Climate_Changes #Global_Warming #The_End_of_Humanity_and_the_End_of_the_Earth

Keep Reading

တက်ညီလက်ညီ ပန်းတိုင်ဆီသို့ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarshipလူငယ်တွေ ဘာကြောင့် သင်တန်းတက်ကြတာလဲ ?ကျောင်းစာကြည့်တိုက် ပညာရေး -----------------------------