Author's Profile Photo

Hnin

17/05/2024

မိန်းကလေးတိုင်း စိတ်ကောင်းမွေးမြူပါ

2 mins read
General Knowledge
မိန်းကလေးတိုင်း စိတ်ကောင်းမွေးမြူပါ's photo
မိန်းကလေးဘဲ စိတ်ကောင်းထားသင့်တာလားဆိုတော့မဟုတ်ပါဘူးနော.... ယောကျာ်းလေးရော၊ လူတိုင်းလူတိုင်း စိတ်ကောင်းထားကြရင်တော့ အကောင်းဆုံးဘဲပေါ့။


..ကျွန်မ အရင်တစ်နေ့က ဆရာမစိမ့်စမ်းဖြူရဲ့ interview တစ်ခုကြည့်မိရင်း ဆရာမပြောတာလေးတစ်ခု သဘောကျသွားတယ်။ ဆရာမပြောတာလေးက ''ဆရာမတို့လို ဟောပြောနေတဲ့လူတစ်ယောက်က စာများများဖတ်ဖို့လဲလိုတယ်၊ အသိပညာကို သူများတွေထက် ကြွယ်ဝဖို့လည်းလိုတယ်တဲ့။ ဘာလို့လဲဆိုတော့ ဆရာမတို့က wrong massage ပေးလိုက်ရင် အကုန်လုံးလိုက်လုပ်ပြီး အကုန်လုံးပျက်စီးသွားနိုင်လို့ပါတဲ့။ '.....
ဆရာမပြောတာလေးက ဆရာမတို့လို ဟောပြောနေတဲ့သူတစ်ယောက်လို့ ပြောတာပေါ့နော။ ကျွန်မကတော့ ဆရာမပြောတာလေးကို နားထောင်ပြီး အတွေးလေးတစ်ခုဝင်သွားတယ်။ အဲဒါကတော့ 'ကျွန်မတို့ မိန်းမသားတွေပေါ့'...

ကျွန်မတို့မိန်းမသားတွေကလေ အသက်အရွယ်တစ်ခုရောက်လာကြရင် အိမ်ထောင်ပြုကြတာဘဲလေ။အိမ်ထောင်ပြုလိုက်ပြီဆိုရင် ယောကျာ်း၊ ယောက္ခမတွေနှင့်ပြောဆိုဆက်ဆံရတော့မယ်။ပြီးရင် ရင်သွေးလေးတွေရလာမယ်။ အဲဒိနေရာလေးမှာ ပြောချင်တာပါ။ အိမ်တစ်အိမ်မှာ ယောကျာ်းကပိုက်ဆံရှာဆိုပေမဲ့ အဓိကက အိမ်ထောင်ရှင်မပါဘဲ။

  • ပိုက်ဆံကိုအရင် ကြည့်ရအောင်..လင်မယား ၂ယောက်လုံး အလုပ်လုပ်တာတွေခဏထားနော။ ယောကျာ်းက ပိုက်ဆံအပ်လာပြီဆိုပါတော့... အိမ်အတွက် လိုအပ်တာဝယ်ရမယ်။ကလေးတွေ ကျောင်းစရိတ်တွေရှိမယ်။ပြီးရင် အခြားအထွေထွေတွေရှိမယ်။ အိမ်ထောင်ရှင်မက သေချာမစီစဥ်တတ်ရင် ဝင်ငွေနှင့်ထွက်ငွေမမျှရင် အိမ်ထောင်ရေးကအဆင်မပြေတော့ဘူး။
  • အဖေနှင့်ကလေးတွေကြားက ဆက်ဆံရေးကြည့်ရအောင်... အဖေက အပြင်မှာအလုပ်လုပ်၊ အမေနှင့်ကလေးတွေဘဲ အမြဲအတူနေရတာလေ။ အဲဒါကြောင့် သားသမီးတော်တော်များများက အမေကို ပိုတွယ်တာကတော့မဆန်းပါဘူး။ အဲဒိနေရာမှာ အဖေက အလုပ်များလို့နောက်ကျမှပြန်ရောက်တယ်ဆိုပါစို့။ အမေက ကြည့်လေ. . နင်တို့အဖေ ဘယ်မယားငယ်နှင့်သွားနေလဲမသိဘူးနောက်ကျမှပြန်ရောက်တယ်လို့များ ပြောမိသွားရင် ကလေးတွေအဖေကိုဘယ်လိုထင်သွားကြမလဲ။ ငါ့အဖေက အဲလိုလူစားမျိုးလားဆိုပြီး ကလေးတွေအဖေကိုမချစ်တော့ဘူး။ အမေကိုယ်တိုင်က သားရေသမီးရေ နင်တို့အဖေနင်တို့အတွက် အလုပ်လုပ်ရတာ မိုးချုပ်နေပြီ ၊သွား..သွား နင်တို့အဖေအတွက် ထမင်းခူး။အဲလိုပြောလိုက်ရင် အဖေနှင့်သားသမီးကြား ပိုပြီးအချစ်တိုးစေမှာပါ။
  • ယောက္ခမနှင့်သား ဆက်ဆံရေးကိုကြည့်ရအောင်... ယောက္ခမနှင့်ချွေးမကလေ မတည့်ကြဘူးဆိုတာကတော့ သဘာဝတစ်ခုလိုဖြစ်နေပြီပေါ့နော။ အဲဒိနေရာမှာတော့ ဘာကြောင့်မတည့်တာတွေကတော့ ကျွန်မလည်း အများကြီးမပြောတတ်ပါဘူး။ အိမ်ထောင်ရှင်မနေရာလေးက နည်းနည်းလောက်ပြောချင်တာပါ။ ပိုက်ဆံကိစ္စဘဲဆိုပါတော့။ ယောကျာ်းဖြစ်သူက ပိုက်ဆံအပ်ရင် ယောက္ခမဖြစ်သူကိုလည်းအမြဲစဥ်းစားပေးရမယ်။ ဒီအမေကမွေးပေးလို့ ဒီသားအသက်ရှင်တယ်၊ဒီမိဘတွေက ပညာတတ်အောင်ထားပေးလို့ ဒီသားက ပညာတတ်ပြီးအလုပ်ရတာလေ။ အိမ်ထောင်ရေးက တစ်ယောက်နှင့်တစ်ယောက်မတူတာရော အများကြီးကျယ်ပြန့်တာရောကြောင့် အမြင်မတူတာတွေရှိနိုင်ပါတယ်နော။
  • ဆက်ဆံရေးကို ကြည့်ရအောင်... မိဘတွေနှင့်ယောကျာ်း၊ သားသမီးတွေရဲ့ ဆက်ဆံရေး ကောင်းမကောင်းဆိုတာ အိမ်ထောင်ရှင်မနှင့် သက်ဆိုင်ပါတယ်နော။ အိမ်ထောင်ရှင်မက ကိုယ့်မိဘကဘဲ ကလေးတွေရဲ့ အဖိုးအဖွားဘဲဆိုတဲ့ ပုံစံမျိုးပြောလာခဲ့ရင် ကလေးတွေကလည်း အဖေဖက်က အဖိုးအဖွားကို အဲလောက်မခင်တွယ်တော့ဘူး။ ဆွေမျိုးတွေဆိုလည်း သူ့ဖက်၊ကိုယ့်ဖက်ရယ်လို့ သဘောမထားဘဲ အားလုံးမိသားစုဘဲဆိုတဲ့ အပြောမျိုးလေးတွေ ကလေးကိုပြောပြပေးရင် ကလေးတွေကလည်း ဆွေမျိုးတွေကို ချစ်ခင်တွယ်တာမှာ အမှန်ပါဘဲ။

အိမ်ထောင်ရှင်မတစ်ယောက်က အိမ်တစ်အိမ်မှာ ဘယ်လောက်အရေးပါတယ်ဆိုတာကတော့ အများကြီးတော့ မပြောတော့ပါဘူး။ အားလုံးလည်း သေချာလေးတွေးပြီးစဥ်းစားလိုက်ရင် သိကြမှာပါ။ ကျွန်မပြောပြချင်တာလေးကတော့
' မိန်ကလေးတစ်ယောက်ဟာ မကောင်းမြင်စိတ် ရှိပြီး၊ သူများကိုဘဲ အပြစ်တင်နေတတ်တဲ့သူတစ်ယောက်ဆိုရင် ဘယ်တော့မှအိမ်ထောင်ရှင်မကောင်းတစ်ယောက် ဖြစ်မလာနိုင်ပါဘူး။
အပင်တစ်ပင်လှပဖို့ဆိုတာ ပင်စည်အတွင်းက အမြစ်ကောင်းမှရမယ် ဆိုသလိုဘဲ အိမ်ထောင်တစ်ခုကို အဖက်ဖက်ကပြည့်စုံပြီး သာယာတဲ့ အိမ်ထောင်ရေးတစ်ခုဖြစ်ချင်ရင် အတွင်းစိတ်ကို ကောင်းအောင်ထားပါ။ အိမ်ထောင်ရှင်မ ဖြစ်တဲ့ မိန်းကလေးက လမ်းကြောင်းမှားကို လမ်းစပေးမိရင် ယောကျာ်းဖြစ်သူရော၊ ကလေးတွေရောပါ လမ်းမှားသွားမယ်ဆိုတာ အမြဲသတိထားစေချင်ပါတယ်'

ကျွန်မဒီနေ့ ပြောခဲ့တဲ့ အကြောင်းအရာလေးနှင့်ပတ်သတ်ပြီး အမြင်မတူတာတွေရှိနိုင်ပါတယ်ရှင့်။

စိတ်ရှည်ပြီး ဖတ်ပေးတဲ့အတွက် ကျေးဇူးပါရှင့်။
Hnin(17.5.2024)5:35PM
photo.pinterest

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးလိုမှသုံးပါ"တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"အင်တာနက်နဲ့ လူနေမှုဘဝ စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်း