Author's Profile Photo

SarPhat Author

16/05/2024

''Nothing Gold Can Stay'' ကဗျာကို လေ့လာဆန်းစစ်ကြည့်ခြင်း

2 mins read
Education
General Knowledge
Poetry
''Nothing Gold Can Stay'' ကဗျာကို လေ့လာဆန်းစစ်ကြည့်ခြင်း's photo

ဒီကဗျာ ထဲ့မှာ အဓိပ္ပါယ်နှစ်မျိုးပါဝင်နေတယ်။ ပထမတစ်မျိုးက ကောင်းပေဆိုတဲ့အရာလည်း ထာဝရမခံ။ ဒုတိယအမျိုးစားက ငယ်ရွယ် ရိုးသားမှု။ ဘဝမှာ လိုလေသေးမရှိ ပြီးပြည့်စုံတဲ့ အချိန် ရှိကောင်းရှိမယ် ဒါပေမဲ့ ထာဝရ မြဲတယ်ဆိုတာ မရှိဘူး။ သက်ရှိတိုင်းမှာ ကိုယ်စီ သူ့အလှနှင့်သူရှိကြပြီး လှတဲ့အရာတိုင်းလည်း နောက်ဆုံးမှာ အဆုံးသတ်ကြရတာပါပဲ။ ဒီကဗျာထဲ့မှာ Robert Frostက ကောင်းတာတွေလည်း မမြဲဘူးဆိုတဲ့ မမြဲခြင်းတရားကို ဆင်ခြင်ပြီး ရေးထားတာတွေ့ရတယ်။ လူတစ်ယောက်ရဲ့ ဘဝမှာ ပပျော်ရွင်မှုတွေ ၊ဝမ်းနည်းမှုတွေဟာ ကြိမ်ပေါင်းများစွာမက ကြုံဆဲ့၊ ကြုံခဲ့၊ ကြုံလတ္တံတွေ အမြဲရှိနေကြမှာပဲ။ ကောင်းလည်းမမြဲ ၊ဆိုလည်း မမြဲ အားလုံးဟာ မမြဲတဲ့ သင်ခါရတရား ကို ချပြသွားတာကို တွေ့ရတယ်။

ဒီကဗျာက ဘဝတစ်ခုလိုပဲ။ ကလေးဘဝမှာ ပျော်ရွင်မှုတွေနဲ့အတူ ဖြတ်သန်းခဲတာ
တွေဟာ ကြီးလာတာနဲ့အမျှ အဲဒီပျော်ရွင်မှုတွေဟာ အငွေ့လိုလွင့်ပျံ ၊ ဝမ်းနည်းမှုတွေ
အစားထိုးဝင်ရောက် တစ်နေ့မှာ မလွဲမသွယ်ပျောက်ကွယ်ရမှာပဲလို့ ဆိုထားတယ်။
ထိုနည်း၎င်းပဲ မွေးဖွားလိုက်၊သေဆုံးလိုက် လှသည်ဖြစ်စေ ၊ အရုပ်ဆိုးသည်ဖြစ် လောကနိယာမကို ကျော်လွန်နိုင်တဲ့သူမရှိဘူး ဆိုတာကို စကားလုံး တစ်ချင်းစီအလိုက် အဓိပ္ပါယ်ပေါင်း များစွာနဲ့ ချပြထားခဲ့တယ်။

''Nature's first green is gold,
Her hardest hue to hold.''

ဒီကဗျာထဲ့မှာ 'Gold' ဆိုတဲ့ စကားလုံးဟာ ငယ်ရွယ်နုပျို လန်းဆန်းမှုကို ကိုယ်စားပြုတယ်။ "Nature's First Green Is Gold," ဆိုတဲ့ ပထမစာကြောင်းဟာ သက်ရှိမှန်မျှ အရာရာတိုင်းဟာ ငယ်ရွယ်နုပျိုမှုနှင့် အစပျိုးတာ ကို ရည်ညွန်းထားတယ်။ တစ်ချို့က ဒီကဗျာကို Analysis ထားတာမှာ Nature' First Green ဆိုတဲ့စကားစုကို နွေဦးရဲ့ပရစ် ဖူလေးတွေ နှင့်တင်စားကြတာလည်း လေ့လာဖတ်ဖူးတယ်။

နောက် , "Her Hardest Hue To Hold," ဆိုတဲ့ ဒုတိယစာကြောင်းက အသက်အရွယ်ကြီးရင့်လာတာကြောင့် နုပျိုမှုတို့ကို ထိမ်းသိမ်းရ အင်မတန်မှခက်ခဲ့တာကို ကိုယ်စားပြုထားတယ်။

''Her early leaf's a flower;
But only so an hour.''

"Her Early Leaf's A Flower," ဆိုတဲ့ စာကြောင်း ၃ က ရိုးသားမှုနှင့် ပန်းတစ်ပွင့်ရဲ့ အလှအပလို့ တင်စားထားတာပါ။ ဒါပေမဲ့ မမြဲဘူး ခဏတာ ဆိုတာကို စာကြောင်း ၄ က ခုလို "But Only So An Hour," ဆိုပြီး သုံးထားတယ်။ ဆိုလိုတာက ကလေးတစ်ယောက် ကြီးပြင်းလာမယ် ၊ကြီးလာတာနဲ့အမျှ ရိုသားမှုတွေပျောက်ဆုံးလာကာ အမှားတွေပါလုပ်တတ်လာကြတာကို ညွန်းထားတယ်လို့ ယူဆမိတယ်။

''Then leaf subsides to leaf.

So Eden sank to grief,
So dawn goes down to day.''

စာကြာင်း ၅ မှာကတော့ "Then Leaf Subsides To Leaf," တဲ့။ ဝေဝေဆာဆာ လှပရိုးသားတဲ့ ကလေးဘဝကနေ အသစ်တဖန် ပြန်လည်မွေးဖွားဖို့ သစ်ရွက်တွေ မြေခကြွေကျရသလို တင်စားထားတယ်။ နောက်ပြီး "So Eden Sank To Grief,"ဆိုတဲ့ စာကြောင်ရေ ၆ က ပြီးပြည်စုံတဲ့ ဧဒင်ဥယျာဥ်ထဲ့က အာဒံ နှင် ဧဝတို့ ကြုံခဲ့ရတဲ့အဖြစ်မျိုး လူသာတွေ ဒုက္ခတွင်းထဲ့ကိုသက်ဆင်းရတာကို ရည်ညွန်းရေးဖွဲ့တယ်လို့ ထင်မိတယ်။

"So Dawn Goes Down To Day,"ဆိုတဲ့ စာကြောင်း ၇ ကတော့ တစ်​ဖြည်းဖြည်းနဲ့ ယိုယွင်းပျက်စီးမှုကို ညွန်းတာ ။ Dawn ဆိုတဲ့စကားလုံဟာ ပျိုရွယ်လှပမှု နုပျိုဆဲကာလတစ်ခု နေ့ရက်တွေ တရွေ့ရွေ့ကုန်ဆုံးလာတာနဲ့အမျှ အိုမင်းရင့်ရော်မှုတို့က မလွဲမသွယ် အစားထိုး ဝင်ရောက်လာမယ် ဆိုတဲ့ သဘောတရားတို့ကို ချပြလိုက်တာ။ အရိုင်းတက်ချိန်ဆိုတာ ယာယီ အရာရာတိုင်းဟာ အကန့်အသတ်နှင့် ရှိကြတယ်ဆိုတာကို ကဗျာဆရာက ပြောချင်တာ။

နောက်ဆုံးစာတန်း

''Nothing gold can stay'' ကတော့

အထက်က မမြဲခြင်းတရားကို ခြုံပြီး ပြောလိုက်တာ ဘယ်အရာမဆို ပြောင်းလဲ ပျောက်ကွယ်ကြရတဲ့ နိယာမသဘောလို့ အကြမ်းအားဖြင့် ကောက်ယူနိုင်လိမ့်မယ် ထင်မိကြောင်း...... ။

မိတ်ဆွေတို့အတွက် နောက်ဆုံးအနေနဲ့ ဒီကဗျားလေး
ဘာသာပြန်ပေးလိုက်ပါတယ်

Nature’s first green is gold,
Her hardest hue to hold.

နွေဦးမှာ
စိမ်းတဲ့ ပုရစ်ဖူးက ရွေလိုဝင်း
သူ့အဆင်းက ထိမ်းသိမ်းရ
ထူးခက်လှတယ်။

Her early leaf’s a flower;
But only so an hour.

နွေဦးရဲ့
ကနေဦးပရစ်ဖူးက
တစ်ပွင့်မာလာ
တဒင်္ဂ အနိစ္စမျှသာ။

Then leaf subsides to leaf.
So Eden sank to grief,
So dawn goes down to day.

သို့တဖန်
ဝေဆာခြင်းတို့ မြေခ
ဖူးသစ်ရ ပြန်အခါခါ။
ဤသို့နယ်
ဧဒင်ဘုံသားတို့မှာ
သောကဘုံ သက်ဆင်ရ
အာရုံးဦးက နေ့အလိုက်
စီးဆင်းရ ရှာတယ်။

Nothing gold can stay.

မြဲတယ်ဆိုတာ
န တ္ထိ ပါပေ။

Robert Frost - (1874-1963)

Translate and Analysis by Kyi San khin

Keep Reading

တက်ညီလက်ညီ ပန်းတိုင်ဆီသို့ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarshipလူငယ်တွေ ဘာကြောင့် သင်တန်းတက်ကြတာလဲ ?ကျောင်းစာကြည့်တိုက် ပညာရေး -----------------------------