Nwe Pyoe Pin
မချစ်မိဖို့တားထားတယ်
သဘောမကျမိဖို့တားထားတယ်
ဒီတိုင်းဆိုမဖြစ်တော့လို့တစ်စုံတစ်ယောက်ကို
အကြောင်းပြုပြီးစည်းလေးခြားထားတယ်
စိတ်ကတော့မင်းဆီမှာပေါ့
နေ့တိုင်းစကားတွေပြောပြီးသဘောကျကြောင်းတွေကိုတော့
တခြားတစ်ယောက်ဆီမှာပေါ့?
မင်းကလည်းမင်းသဘောကျတဲ့သူဆီ
ပျော်နေလေရဲ့မင်းဘဝနဲ့မင်းလေ
စတွေ့ထဲကမင်းကိုသတိထားမိခဲ့ပေမဲ့
သဘောကျလို့စောင့်ကြည့်ခဲ့ပေမဲ့
နောက်ဆုံးတော့မင်းမှာပိုင်ရှင်ရှိသွားခဲ့တယ်။
ဪ...ပိုင်းရှင်မဲ့လေးကိုသဘောကျမိပေမဲ့ကိုယ်သဘောကျနေတုန်းပိုင်ရှင်ရှိသွားလေရဲ့
ဖြစ်ပုံကဆန်းတော့ဆန်းသား
သူပိုင်ရှင်မဲ့လေးဖြစ်နေချိန်
စကားတွေပြောရင်းသဘောကျခဲ့မိတယ်။
ထုတ်ဖော်ခွင့်မရခဲ့ပါဘူး
စိတ်မလည်းမကူးဖူးဘူး
အမှန်တိုင်းပြောရရင်သူ့ကိုသဘောကျရုံလေးပဲတတ်နိုင်တယ်ကျန်တာတွေမလိုဘူး
သူကစကားပြန်ပြောဖော်ရလို့လည်းပျော်တယ်
တစ်ခါတလေတွေးမိတယ်
သူကပိုင်ဆိုင်ဖို့မျှော်လင့်လို့မရတဲ့နေရောင်လေး
သူ့အနားကိုသွားလေလေဝေးလေလေပေါ့
ဘယ်တတ်နိုင်မလဲသူပါ့ကိုယ့်ကိုသဘောမကျနိုင်တာနေရုံပဲပေါ့
အချစ်ဆိုတာပိုင်ဆိုင်ရသည်ဖြစ်စေ
မပိုင်ရသည်ဖြစ်စေငေးကြည့်နေရရုံနဲ့
ကျေနပ်ရတာပဲမလား။
??
#pyoe
15.5.2024(Wed)
Keep Reading