Author's Profile Photo

SarPhat Author

14/05/2024

အရိုင်းပန်းကလေးတို့ရဲ့ ပညာရေး ခယောင်းလမ်း– အပိုင်း(၁)

4 mins read
Education
General Knowledge
Culture
အရိုင်းပန်းကလေးတို့ရဲ့ ပညာရေး ခယောင်းလမ်း– အပိုင်း(၁)'s photo

မနက်မိုးလင်းပြီဆိုတာနဲ့ ကျုလီယာ၊ ယူလီဆာ နှင့် ကင်ယာ တို့ညီအစ်မသုံးဦးတို့သည် ယိုင်နဲ့နဲ့ ကနူးလှေကလေးတစ်စင်းကို ဆွဲထုပ်လာပြီး ကျောင်းကို သွားဖို့ ပြင်ဆင်နေကြပြီ။

ကမ္ဘာအဆင်းရဲ့ဆုံး နှိုင်ငံတစ်ခုဖြစ်တဲ့ နီကာရာဂွာမှာ နေထိုင်ကြသူများပီပီ သူတို့လေးတွေရဲ့ဘဝတွေက အရွယ်နဲ့မလိုက်အောင် ကြမ်တမ်းလှသည်။ အငယ်ဆုံးမိန်းကလေးက ငါးနှစ်ထဲကို ဝင်ခါနီးပြီ။ အကြီးဆုံး မိန်းကလေးကတော့ ကိုးနှစ်ထဲမှာ။

ရီယို အီစကွန်ဒီဒို ၊ နီကာရာဂွာနှိုင်ငံရဲ့ အရှည်ဆုံးမြစ်တစ်စင်း....။

အန္တာရယ်အသွယ်သွယ် စောင်ကြိုနေတဲ့ အဲဒီမြစ်ကို ကိုယ်တိုင် လှော်ခတ်ကာ သွားရသော ထိုမြစ်သည်ကား သူတို့လေးတွေရဲ့ ကျောင်းတက်ဖို့ သွားရာလမ်းလည်းဖြစ်သည်။

မြစ်ရိုးတစ်လျှောက် လှေကလေးကို လှော်ခတ် သွားလာရချိန်မှာ မြစ်ကမ်းတစ်လျှောက်သစ်ပင်တွေကြားမှာ ခိုအောင်းနေတတ်ကြတဲ့ မြွေတွေကို မပြတ်စောင့်ကြည့်သတိထားပြီးသွားလာကြရသည်။ ညီအစ်မသုံးဦးအဖို့ ရေဆန်၊​လေဆန်ကို အန်တုကာ လှော်ခတ်ကြရသည်မှာ လွယ်ကူလှသည်တော့မဟုတ်။ ထိုကြားထဲ့ လှေပေါက်တွေကြားမှ မိနှစ်တိုင်းစိမ့်ဝင်နေကြတဲ့ ရေတွေကို လည်း မကြာခဏဆိုသလို့ ခတ်ထုပ်ကြရပြန်သည်။

သူတို့နဲ့အတူ အခြားသော အတန်းဖော်များဟာလည်း ကျောင်း နှင့်အလှမ်းဝေးတဲ့ နေရာများတွင် နေထိုင်ကြသူတွေဖြစ်တာကြောင့် အခက်အခဲ့ကလည်း သေးလှသည်တော့မဟုတ်ပေ။ တောနက်ကြီးကို ကျော်ဖြတ်ကာ ကျောင်းသွားတက်ရောက်ရတာမို့ သူတို့အဖို့ ခရီးကဝေးသလို၊ အချိန်တွေလည်း အများကြီးပေးကြရသည်။

ဂရဲဗင်သည် သူတို့နဲ့ဘဝတူ ကျောင်းနေဖက်တစ်ဦးဖြစ်သည်။ သူ့အသက်က ၁၁ နှစ်။ သူလည်းပဲ ရေငန်မြွေတွေ၊ အန္တာရာယ် ကြီးလှတဲ့ စပါးကြီးမြွေ ရှိတဲ့ မြွေတောကြီးကို ဖြတ်လျှောက်ကာ နေ့စဥ်ကျောင်းတက်ရသူလည်းဖြစ်သည်။

မိုးရွာရင် ကျောင်းသွားလမ်းတစ်လျှောက် မြေကြီးပေါ်က အုန်းသီးခွံတွေကြား ခိုအောင်းနေတတ်ကြတဲ့ မြွေတွေက ထွက်လာတတ်သည်။ ကျောင်းဆင်းတဲ့ ညနေစောင်းအချိန်ဆို အပူချိန်က ၃၅ ဒီဂရီး ဆလ်စီးယပ်ထိ ရှိနေသေးတာကြောင့် မြွေတွေက မြူးထူးပြီး လူတွေကို ရန်မူတတ်ကြသည်။

သူတို့တွေ အန္တရာယ်ရှိတာကို သိသိရက်နှင့် နေ့တိုင်း ကျောင်းသွားတက်ကြရသည်။ သို့သော်လည်း အခုလိုမျိုး ကမ္ဘာ့အန္တရာယ် အရှိဆုံး လမ်းခရီးကိို ကြိုက်လို့ ကျောင်းတက်ကြရသည်တော့မဟုတ်ပေ။

နာရီအတော်ကြာ လှေလှော်သွားလာရတာကြောင့် တကိုယ်လုံးအေးစက်စက်နဲ့ ဝင်လာတဲ့ရေတွေလည်းမနားတမ်း ခတ်ထုပ်နေကြရသည်။ ဒါတွေအားလုံးဟာ သူတို့လေးတွေရဲ့အနာဂါတ်လှပဖို့ ၊ပိုကောင်းတဲ့ ဘဝအခွင့်အလန်းတွေရရှိနိုင်ဖို့အတွက် အားထုပ်နေကြရခြင်းဖြစ်သည်။ ဒီလိုမျိုး ကမ္ဘာ့အန္တရာယ်အရှိဆုံး ခယောင်းလမ်းကို လျှောက်ပြီး ကျောင်းသွားရတာကိုက ရိုးရှင်းပြီး အံမခန်းဖွယ် အလှတစ်ခုပါးပဲဟု ဆိုရမည်သာ။ နှိုင်ငံအရှေ့ဘက်ခြမ်းဟာ တောတောင်ထူထပ်ပြီး တသွင်သွင်စီးနေတဲ့ ရီယို အီစကွန်ဒီဒို မြစ်ကြီးသည်ကား နီကာရာဂွာနှိုင်ငံရဲ့အသက်သွေးကြိုးလည်းဖြစ်သည့်အပြင် ရထားလမ်းလမ်းမရှိ ဂျောင်ကျပြီး အရိုင်းဆန်လှတဲ့ဒေသတစ်ခုလည်းဖြစ်သည်။

သူတို့ဒေသတွေက မြို့နဲ့အလှမ်းဝေးတာကြောင့် တောတွေမှာလည်း အမျိုးစုံလင်လှတဲ့ တိရိစ္ဆာန်တွေနဲ့ ပြည့်နက်နေကြသည်။ ကမ္ဘာအစိုစွပ်ဆုံးသောနေရာတစ်ခုလည်းဖြစ်တာကြောင့် တစ်နှစ်မှာ ဆယ်လအထိတောင် မိုးရွားသန်းသည်။

ကျောင်းတက်ချင်ကြတဲ့ သူတို့လေးတွေအဖို့ နေ့စဥ် ခရီးရှည်ကြီးကို စွန့်စားပြီးဖြစ်အောင် သွားတက်ကြရသည်။ ကမ္ဘာအန္တာရယ်အရှိဆုံး ကျောင်းတက်လမ်းဖြစ်ပေမည့်လည်း သူတို့လေးတွေရဲ့ အနာဂါတ်အတွက် တစ်ခုတည်းသော ပန်တိုင်လို့ ဆိုရမည်ပင်။

အန္တရယ် မျိုးစုံကို ကျော်လွားနှိုင်မှသာ သူတို့ရဲ့ ဘဝအိမ်မက်တွေကို အကောင်အထည်ဖော်နှိုင်မှာဖြစ်တာမို့ အန္တရယ် နှင့် အခက်အခဲတွေက သူတို့ကို တားစီးလို့ရနှိုင်မှာတော့မဟုတ်။

မနက် ငါးနာရီ ဆိုရင် ဆန်နီကိုလာ ဒေသမှာ ရောင်နီသန်းစပြုပြီ။ ဆန်နီကိုလာဆိုတာ ရီယို အီစကွန်ဒီဒို မြစ်ကမ်းနဘေးမှာ ခုတ်ထွင်ရှင်းလင်းပြီး နေထိုင်ကြတဲ့ ဟိုတစ်စု၊ ဒီတစ်စု စုဖွဲ့နေထိုင်ကြတဲ့ ရွာငယ်ကလေးပါ။ ရွာသားတွေရဲ့ဘဝက ရိုးရှင်းပြီး ရေသွယ်ပိုက်လည်းမရှိ ၊မီးလည်းမရှိ။

မိသားစု နှစ်စုလောက်သာ နေထိုင်ကြပြီး သူတို့နဲ့အတူ နောက်ထပ်မိသားစုတစ်စုကတော့ ဂွန်ဇာလက်ဇ်-ဖလိုရက်ဇ် ဆိုတဲ့မိသားစုတစ်စု။ နေထွက်ပြီဆိုတာနဲ့ သစ်သားအိမ် တဲ​ကုတ်ကလေးမှာ တစ်နေ့တာလုပ်ငန်းဆောင်တာများ စတင်အသက်ဝင်လာပြီ။ ခြင်ထောင်ထဲ့က လှုပ်လှုပ်ရွရွ ကုတ်ကုတ်ကွကွနဲ့ ကလေးတွေအိပ်ရာမှ ထကြတဲ့အချိန် လည်းဖြစ်သည်။

ကလေးတွေရဲ့ တစ်နေ့တာ အန္တာရယ်တွေကြား မောကြီးပန်းကြီး ခရီးဝေးကြီးတစ်ခုက ဦးဆုံးဗွေဆိုနေသည်။ သိုသော် ဖလိုရဇ် ညီအစ်မတွေအတွက်ကတော့ ကျောင်းဆိုသော တစ်ခုတည်းသော မျော်လင့်ချက်နှင့်ပင် အိပ်ရာမှ ပျော်ရွင်စွာ နိုးထစေဖို့ တွန်းအားတစ်ရပ်လည်း ဖြစ်စေသည်။

သို့သော် သူတို့လေးတွေ မနက်စာဆိုတာ စားရရ၊မစားရရ ထည့်သွင်းစဥ်းစားပုံတောင်မပေါ်။ နီကာရာဂွာနှိုင်ငံမှာ ကျေးလက်ပြည်သူ ၇၀ ရာခိုင်နုန်းလောက်က ဆင်းရဲကြသည်။

အိပ်ရာကထပြီဆိုရင် ကလေးတွေမှာလည်း လုပ်စရာ အလုပ်တွေတစ်ပုံတပင် စောင့်ကြိုနေတာကြောင့်မို့လို့ ချောင်းထဲဆင်ပြီး ကဗျာကယာ ရေဆင်းချိုးကာ အဆင်သင့်ပြင်ဆင်ထားတတ်ကြသည်။ သူတို့တွေ ဘာပဲစားစား ဦးဦးဖျားဖျား သူတို့မိသားစုရဲ့ အဖိုးတန်ဆုံး တိရစ္ဆာန်တွေကို ကျွေးရသည်။ အဲဒါက ဟိုးအရင် ဘိုးစဥ်ဘောင်ဆက်ကတည်းကပင် ကျင့်သုံးလာတဲ့ ဓလေ့တစ်ခုလည်းဖြစ်သည်။

သူတို့ ညီအစ်မသုံးဦး အကူအညီမရရင် မိခင် ဒိုနာဂျူလီယာတစ်ဦးတည်းမှာ မနှိုင်နင်းဖြစ်ရသည်။ အလပ်မ ဂျူလီယာ ဂျင်နာ ကတော့ ခုနှစ်နှစ် ၊ ဂျုလီလို့ခေါ်တဲ့ အငယ်ဆုံးလေး ဂျုလီဆာက ငါးနှစ် နှင့် အကြီး ကင်ယာက ကိုးနှစ် အသီးသီးရှိနေကြပြီ။
ကျောင်းမသွားခင်မှာလည်း အိမ်မှုအလုပ်တွေကို တစ်နာရီခွဲ မက လုပ်ပေးပြီးမှ ကျောင်းကိုသွားကြရသည်။ အလုပ်လုပ်ကြပေမဲ့လည်း သူတို့ကိုယ်သူတို့ ကလေးဆိုတာကိုတော့ မေ့နေတာမျိုးတော့မဟုတ်။

အမေဖြစ်သူ ဒိုနာဂျူလီယာက သူ့တို့တွေ စားသောက်ဖို့ မနက်စာ ပြင်ဆင်ရသည်။ ထုံစံအတိုင်း ပိုဆိုယာ ခေါ် ပြောင်းဖူး၊ သကြား ပေါင်မုန်ကို ရေစိမ်ထားတာပဲရှိသည်။ ရှေ့မှာကြုံတွေ့ရမဲ့ အခက်အခဲတွေကို သိပ်ပြီးတော့ တွေးပူတတ်ကြတာမျိုးမရှိ။ သမီးမိန်ကလေးတွေမို့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်ဖို့ စာဖတ်တတ်ဖို့ ပညာတတ်ဖို့ သည်သာ အလေးထားလုပ်ဆောင်သည်။

'' ကျွန်မအနေနဲ့ ကတော့ သူတို့လေးတွေကြီးလာရင် ဆရာဝန်ဖြစ်ဖြစ်၊ ဆရာမဖြစ်ဖြစ်ဖြစ်တစ်ခုခု ဖြစ်စေချင်တယ် သူတို့ဖြစ်ချင်တဲ့ ဆန္ဒအတိုင်းလုပ်ပေးချင်တာပေါ့'' လို့

ဒိုနာဂျူလီယာက ဆိုသည်။

ခုလို့မျိုး ဘဝမျော်လင့်ချက်တွေနဲ့ အန္တရယ် တွေကြား ကျောင်းသွားတက်နေကြရတာက ဂျူလီယာတို့ ညီအစ်မသုံးဦးတည်းတော့ မဟုတ်ပါဘူး။

ဂျုလီယာတို့နဲ့ ဘဝတူကျောင်းနေဖက် အသက် ၁၁ နှစ်အရွယ် ဂရေဗင်လိုဗက် လည်းရှိသည်။ အိမ်နီးချင်တွေတော့ မဟုတ်ကြ သူတို့နဲ့ တစ်ကီလိုမီတာအကွာမှာ နေထိုင်ပြီး တစ်ကျောင်းတည်းမှာ ကျောင်းအတူ လာတက်နေသူလည်းဖြစ်သည်။ ဂရေဗင်ရဲ့ မိဖတွေလည်း အတော်လည်းဆင်းရဲကြသည်။

ဒိုနာဂျာမီ သည်လည်း သူမရဲ့သား ကျောင်းကို စောစော သွား ရမှာမို့ သားစားဖို့ မနက်စာကို မနက်အစောကြီးထပြီး ပြင်ဆင် ပြုလုပ်ပေးရသည်။ မြစ်နဲ့အလှမ်းဝေးတဲ့ နေရာမှာ နေကြရတာကြောင့် ဂရေဗင်သည်လည်း တောလမ်းခရီးကို လှမ်းလျှောက်ပြီး ကျောင်းသွားတက်ရသည်။

မြွေလိမ် မြွေကောက် တောလမ်းခရီးက ဂရေဗင်အတွက် အကြီးမားဆုံးသော အန္တရယ်တွေက ဆီးကြိုနေတတ်သည်။

'' ကျနော် ကျော်းသွားရင် မြွေတွေနဲ့တွေ့ မှာကို အရမ်းကြောက်တယ်ဗျ ။ ဒါပေမဲ့ အဲဒီအခက်အခဲ့တွေကို ကျော်ဖြတ်နှိုင်မှသာ ကျနော် စာရေးစာဖတ်တတ်မှာလေ '' လို့ ဂရေဗင်ကဆိုသည်။

သူ့အတွက် သုံးကီလိုမီတာ( တစ်မိုင်ခွဲကျော်)တောလမ်း ခရီးဟာ ဝေးလွန်းတယ်လို့မဆိုသာပေမည့် မြွေ နှင့် အခြားသားရိုင်းတိရိစ္ဆာန်တို့ရဲ့ အန္တာရယ်က အချိန်မရွေး ပက်ပင်းကြုံရနိုင်သည်။

အန္တရာယ်များ မည်သို့ပင်ရှိစေကာမူ နီကာရာဂွာရဲ့ ခုလို့ ဂျောင်ကျပြီး သွားလာရခက်ခဲ့တဲ့ နေရာမျိုးမှာ ကျောင်းတက်ခွင့်ရခြင်းသည်က သူ့တို့လေးတွေအတွက် အခွင့်ထူးတစ်ရပ်ပင်ဖြစ်လို့နေသည်။ ခုလို မဆိုစလောက် မဟာအခွင့်အရေးမျိုးက အဲဒီဒေသက ကလေးငယ်တိုင်းအတွက် ရနှိုင်တဲ့ အခွင့်ရေးမျိုးတော့မဟုတ်။

ကျောင်းကိုမသွားခင်စပ်ကြား ဒိုနာဂျူလီယာက သမီးအငယ်ဆုံးလေးကို ဆံပင်းများ ဖီးသပေးနေစဥ် အကြီးမ လေးတွေက ဝက်စာအတွက် အုန်းသီးများကို ခြစ်ပေးကြသည်။
သူတို့လေးတွေ အလုပ်နဲ့လက် ပြတ်တယ်လို့ကိုမရှိကြ။
အခုလိုမျိုး နာရီဝက်လောက် လုပ်ကိုင်ပြီးမှ ကျောင်းကိုသွားကြရသည်။ အိမ်မှာ နာရီဆိုတာ မရှိတော့ အချိန်ဆိုတာ ဘာမှိုင်းတောင်သူတို့မသိကြ။

ဂျုလီဆာ ၊ ဂျုလီယာ နှင့် ကင်ယာတို့ ညီအစ်မသုံးအတွအတွက် ကျောင်းခေါ်ချိန်မစတင်ခင်အချိန်ထိ တစ်နာရီနီးပါးအချိန်ရကြသည်။ သူတို့အတွက် နှောင့်နှေးမှုများမရှိရင် အချိန်က လုံလောက်သည်။ သွားတက်ရတဲ့ခရီးကလည်း အပေါက်အနာအဆာပရဗွနဲ့ ကနူးလှေ ယဲ့ယဲ့လေးနဲ့အတူ မြစ်ကြောင်းအတိုင်းစုံဆန်ကာ နှစ်မိုင်ဝေးတဲ့ခရီးကို လှော်ခတ်ပြီးမှ ကျောင်းကို ရောက်ကြရသည်။

ဝန်ခံချက်— ဒီဆောင်းပါးရှည်သည် ''Aung Pin Lal Magazine - အောင်ပင်လယ် လူမှုဝန်းကျင်မဂ္ဂဇင်း'' မှာဖော်ပြခံရဖူးသော စာရေးသူရဲ့ ဆောင်းပါးရှည်တစ်ပုဒ်ပါ။

Most Dangerous Ways To School | NICARAGUA
January 31, 2021 ရဲ့ ဗီဒီယို မှတ်တမ်းကို ဆောင်းပါးအသွင် ဘာပြန်ဆိုထားတာပါ။

https://fb.watch/lxa_1C8iH0/?mibextid=Nif5oz

ဆက်လက်ဖော်ပြပါအုံ့မည်။

By Kyi San Khin

Keep Reading

အွန်လိုင်းသင်တန်းများမှ ရရှိလာသော ပြောင်းလဲမှုများကလေးငယ်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာမမေ့ချင်ဆုံးအမှတ်တရ (သို့) ဒုတိယမြောက် Grade-12 ကျောင်းသားဘဝ (Episode-4)ကိုယ်သာလျှင် ကိုယ့်ရဲ့ပြိုင်ဘက်ပါတက်ညီလက်ညီ ပန်းတိုင်ဆီသို့မျက်လုံးခြောက်ခြင်း(Dry Eye)အတွက် ကျန်းမာရေးအသိပညာFinance Vs AccountingMindsetလဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်