SarPhat Author
၂၀၁၁ မတ်လ
အော်တိုတံခါးတွေက ခတ်ပြင်းပြင်း အလိုအလျေက်ပိတ်သွားသည်။ ကျွန်မစီးနင်းလိုက်ပါလာသည့် ရထားသည် ဆိုလ်မြိုးရဲ့ မြေအောက်ရထားလမ်း ဥမင်လှိုင်ခေါင်းကြီးကို ဖြတ်သန်းနေတာကြောင့် ရှေ့နောက် ပတ်ပတ်လည်က ပွတ်တိုက်သံတွေက တရွီရွီမြည်နေကြသည်။ မှန်ပြတင်းပေါက်နားကို ယိုင်သွားတဲ့အချိန် ကြော်ငြာ ဆိုင်းဘုတ်များမှ တောက်ပတဲ့ အရောင်မျိုးစုံတို့ကို မဲမှောင်နေတဲ့ လှိုင်ခေါင်းနံရံတွေ ကြားမှာ တရိတ်ရိတ်ပြေးနေတာကိုမြင်နေရသည်။ သို့ပေမယ့် နိုင်ငံရေး ကျော်ငြာဆိုင်ဘုတ်များကတော့ မတွေ့ရပေ။ တောင်ကိုးရီးယားနိုင်ငံ ဆိုလ်းမြို့မှာတော့ မြေအောက်မီးရထားစနစ်အပါဝင် အရာရာတိုင်းဟာ မြန်မြန်ဆန်ဆန်နဲ့ သက်ဝင်လှုပ်ရှားနေကြသည်။
ကျွန်မနာမည် ယုံဆောင်ခင်ပါ။ ဒီနေ့ ကျွန်မဒီစာကိုရေးသားနေချိန်မှာ ကျွန်မအသက် ၂၅ နှစ်ရှိပါပြီ။အမှတ်မထင်ကြည့်ရင်တော့ ကျွန်မက အခြား ကိုးလိပ်ကျောင်းသူများနဲ့ သက်တူရွယ်တူပဲလို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။
ကျွန်မရဲ့သေးသေးသွယ်သွယ် ခန္ဓာကိုယ်ကြောင်မို့ သူငယ်ချင်းများထက် ကျွန်မက အသက်ကြီးနေတာကို လူအများက သိမည့်ပုံတောင်မပေါ်ပါဘူး။ နောက်ထပ် မိနှစ် ၄၀ ခန့်ဆိုရင် ဆိုဂန်းတက္ကသိုလ် ဝင်ပေါင်ရှေ့ရောက်ပါတော့မယ်။ ဆိုဂန်းတက္ကသိုလ်က တောင်ကိုးရီးယားနိုင်ရဲ့အကောင်းဆုံးတက္ကသိုလ်ထဲမှ တစ်ခုပါပဲ။
ကျွန်မတို့ မြောက်ကိုးရီးယားက ကျောင်းဝင်းက တောင်ကိုးရီးယားက နာမည်ကြီး ကိုးရီးယာ တက္ကသိုလ် ၊ ယွန်ဆီ တက္ကသိုလ်တို့လို အထင်ကြီးလောက်ဖွယ်မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီမှာကျောင်းတက်ရတာ ကျွန်မနဲ့ မစိမ်းလှတဲ့ရေမြေတောတောင်တွေ၊ ကျွန်မနဲ့ သိကျွမ်းခင်မင်ရတဲ့ သူငယ်ချင်းတွေနဲ့အတူ အမိမြေက တက္ကသိုလ်ကိုတက်နေရသလိုပါပဲ။
တစ်နေ့တာအတွက် ပြင်ဆင်စရာတွေကိုလည်း အသေးစိတ်ပြင်ဆင်ထားပြီးပါပြီ။ လိမ်မော်ရောင်၊အနက်ရောင်စပ်ထားတဲ့ ကျွန်မရဲ့ဆန်ဆောင်းလက်တော့လ်နဲ့ စာကြည့်တိုက်ထဲ့မှာ စာမေးပွဲအတွက် ပြင်ဆင်နေပါတယ်။ ကျွန်မရဲဲ့ ခရမ်းနုရောင်အိုင်ဖုန်းလေးနှင့် သူငယ်ချင်းတွေကို မစ်ဆစ်ပို့ပြီး တက္ကသိုလ် ပရိဝုဏ်ထဲက စတားဘစ် ကော်ဖီဆိုင်မှာ ဆုံကြဖို့ ချိန်းထားလိုက်ပါတယ်။
Latte ကော်ဖီသောက်ရတာကြိုတယ်။ espresso အရသာကတော့ နည်းနည်းလေးခါးသက်သက်။ ကော်ဖီသောက်ပြီးသွားရင် စာကြည့်တိုက်ကိုပြန်သွားမယ်။ အဲဒီမှာစာဖတ်ရင်းအိပ်ပျော်မသွာအောင်လည်းထိမ်းရဦးမယ်လေ။ ကျွန်မ ဆိုဂမ် တက္ကသိုလ်မှာ တရုပ်ဘာသာစကားနှင့် ယာဥ်ကျေးမှု ဘာသာရပ်ယူထားတာ အကြောင်းရှိတယ်။ ဘာကြောင့် တရုပ်ဘာသာစကားဘာရပ်ကို ယူရလည်းတိုတာကို နောက်တော့ စာဖတ်သူတွေ သိလာမှာပါ။
တောင်ကိုးရီးယားမှာ အကောင်းဆုံးအဆင့်ကိုရဖို့ဆိုတာ တကယ်ကို ခက်ခဲပါတယ်။ ဒါပေမဲ့ အကောင်းဆုံးအဆင့်ကိုရဖို့ကိုတော့ လက်မလျှော့သေးပါဘူး။ အရင်တုန်းကဆိုရင် ခုလိုမျိုး ကျောင်းတက်န်ိုင်ဖို့ အခွင့်အလန်း မရှိခဲတာကို တစ်ချို့ ကျွန်မရဲ့ကျောင်းနေဖက်တွေတောင် ရိပ်မိလာနေကြပါတယ်။အရေးအကြီးဆုံးကတော့
နာမည်ပျက်မရှိစေဖို့ ထိမ်းသိမ်းရမယ်။နောက်ပြီး အာရုံနောက်တာမျိုးမရှိစေဖို့က ကျွန်မရဲ့ပညာရေးမှာ အရေးကြီးဆုံးပါပဲ။
အထူးသဖြင့် ပါမောက္ခတွေ လန်းဆန်း တက်ကြွနေတဲ့အချိန် နှစ်ဝက်အစမှာ စာသင်ယူရတာကို နှစ်ချိုက်သဘောကျမိတယ်။ပြီးရင် ဒီည ၁၀နာရီဝန်းကျင်လောက်မှာ ဆိုလ်းမြို့လည်တည့်တည့်က ကျွန်မအခန်းလေးဆီပြန်သွားမယ်။ အဲဒီမှာ မေမေနှင့် အစ်မ ဂုမ်ဆမ် တို့ကို သွားတွေ့မယ်။
* * *
တောင်ကိုးရီးယားရဲ့မြိုတော် ဆိုးလ်မြိုသည် တကယ့်ကိုယ် တိုးတက်တဲ့မြို့တော်ကြီးတစ်မြို့ဖြစ်ပြီး လူဦးရေအားဖြင့်လည်း ၁၅ သန်းကျော်နေထိုင်နေကြတဲ့မြို့ကြီးပါ။ မြင့်မားတဲ့မိုးမျော်တိုက်ကြီးတွေ၊ ဟိုက်ဝေးလမ်းမကျယ်ကြီးတွေနဲ့ အလွန်ပဲ စည်ကားပါတယ်။
မြို့လည်ကနေ ဟန့်မြစ်က ခန်ညားစွာစီးဆင်းနေတယ်။ ဒါပေမဲ့ ဆောင်းရာသီရောက်ရင် မြစ်ရေတွေက အေးခဲ့နေတတ်ပြီး တစ်ဖက်ကမ်းကို တံတားပေါ်က ဖြတ်သွားစရာမလိုဘဲ မြစ်ပေါ်ကိုဖြတ်ပြီးတိုက်ရိုက်လှမ်းလျှောက်သွားရနိုင်ပါတယ်။ ဟန့်မြစ်ကိုနောက်ခံပြုကာ မြင့်မားပြီးမတ်စောက်တဲ့ တောင်တန်းတွေက ဝိုင်းပတ်ထားကြပါတယ်။ အဲဒီတောင်မြင့်တွေထဲမှ အမြင်ဆုံးတောင်ထိပ်တစ်ခုပေါ် ရုပ်မြင်သံကြားလွင့်စက် တာဝါတိုင်ကြီးတစ်ခုကိုလည်း စိုက်ထူထားပါတယ်။
နမ့်ဆန်တာဝါတိုင်ကတော့ ကျွန်မနေထိုင်တဲ့ ဆိုလ်မြို့တော်ရဲ့သင်ကေတတစ်ခုပါပဲ။ ခုတော့ဒီမြို့ကြီးကို ကျွန်မရဲ့အိမ်လို့တောင်ပြောလိုရနေပါပြီ။ ဆိုလ်းမြို့တော်ကြီးမှာ တစ်ခါတလည် ယာဥ်ကြောပိတ်ပြီဆိုင်ရင် ဘိတ်ဆုံးကကားတွေက နာရီနဲ့ချီပြီးစောင့်ရတယ်။ မိုးသည်းထံစွာရွာသန်းတဲ့ ဂျူလှိုင်လမှာတောင် ယာဥ်ကြောတွေမကြာခဏ ပိတ်ကြတယ်။ ပြီးတော့ ဆိုလ်းမြို့ကြီးမှာ တိုက်ခန်းငှားခတွေလည်းခေါင်ခိုက်နေပါတယ်။
ဒါပေမဲ့ ဆိုလ်းမြို့မှာနေရတဲ့ဘဝဟာ အရာရာတိုင်းလိုလိုက လွယ်ကူမြန်ဆန်ပြီး အရမ်းလည်းအဆင်ပြေသလို အရမ်းလည်းပျော်စရာကောင်းပါတယ်။ မြန်နုန်းမြင့်အင်တာနက်ဝန်ဆောင်မှုကလည်း နေရာတိုင်းမှာရနိုင်တယ်။ လမ်းကွေ၊လမ်းဒေါင့်တွေတိုင်းမှာလည်း နေ့ရော၊ညပါ ပျော်စရာတွေ၊ စိတ်ဝင်စားစရာတွေချည်းပါပဲ။
ဆင်ချွန်ဘီယာဘားမှာ အခန်းနီးချင်း ကျောင်းနေဖက် သူငယ်ချင်းများနဲ့ ဆုံကြပြီး ပြည်တွင်းထုတ် မက်ကျူး ကိုးရီးယားဘီယာတစ်မျိုး ကိုမကြာကြာသောက်ဖြစ်ကြတယ်။ အဲဒီ ဘီယာဘားကတော့ ၂၄ နာရီ ဘယ်တော့မှပိတ်ပုံမပေါ်ပါဘူး။စားသောက်ဆိုင်တွေမှာလည်းပဲ ရေဘဝဲခြောက်တွေ၊ ဂျုခ်ကူမီခေါ် (အတက်အလက်ငါးချောင်းပါတဲ့အကောင်သေးသေး ရေဘဝဲအမျိုးအစား) တွေကိုလည်း စားကြတယ်။စားလို့လည်း အရမ်းကောင်းပါတယ်။
ရေဘဝဲလေးတွေက အကောင်းသေးလေးတွေဆိုတော့ တစ်ကိုက်တစ်လုပ်မျိုချလိုက်ရုံပါပဲ။ မြောက်ကိုးရီးယားက ပင်လယ်စာတွေက ဒီက ပင်လယ်စာတွေထက်ပိုပြီး လပ်ဆပ်ပြီးအရသာရှိတယ်လို့ ပြောရင် ကျွန်မသူငယ်ချင်းတွေကမယုံကြဘူး။သူတို့က ကျွန်မကိုခံငြင်းကြတယ်။ ဒါပေမဲ့ အဲဒါတွေက အရှိတရားပါ။
သူတို့နိုင်ငံနဲ့ ဆီနှင့်ရေလို ကွာခြားနေတဲ့ နိုင်ငံတစ်ခုကလာတာဆိုတော့ သူတို့က ကျွန်မက မယုံကြည်ချင်ကြတာမျိုးလည်း ဖြစ်မှာပါ။ ပြီးတော့ ဒီက လူတော်တော်များများက ကျွန်မမွေးဖွားကြီးပြင်းရာ မြောက်ကိုးရီးယားလို သီးခြားကမ္ဘာမျိုးကို နားလည်ပေးနိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။
* * *
မြန်နုန်းမြင့်ရထားသည် ကျွန်မခြေအောက်မှ တတိတိ တုန်ခါနေပါတယ်။
ကျွန်မရဲ့ဘေးပတ်လည်မှာ အာကျူးမား ( သတ်လပ်ပိုင်းကိုးရီးယာအမျိုးသမီးများကို ခေါ်ဝေါ်သုံးဆွဲသေား အမည်)တွေက သူတို့ရဲ ဆယ်လ်ဖုန်တွေမှ အင်တာနာတိုင်များ ဆွဲထောင်ထားပြီး သူတို့အကြိုက်တွေ့တဲ့ ရှိုးပွဲတွေကို မမ်းယူကြည့်နေကြပါတယ်။
ဒေါက်ဖိနပ်တွေစီးပြီး ရထားသံတိုင်ကို ဖမ်းကိုင်းထားကြတဲ့ ကျောင်းသူအချို့ကလည်း iPods များမှ တေးသီးချင်းများကိုနားထောင်နေကြတယ်။ တစ်ချို့ကတော့
အိပ်ဆောင်မှန်လေးတွေ ထုတ်ကာ မျက်တောက်လေးတွေ ကော့နေကြတယ်။
လမ်းဘေးပျံကျ စျေးသည်တွေက အဆိုတော် ဖရင်ဆီနာတာရာ (Frank Sinatra) ရဲ CD သီချင်းခွေတွေကို လိုက်ရောင်းနေကြတာတွေကို သူတို့က အဖတ်တောင်မလုပ်ကြပါဘူး။ စျေးပန်းလှည်းကို နောက်မှာထားပြီး ဒရွပ်တိုက်ဆွဲကာ လှည့်လည်ရောင်းချနေတဲ့ ပျံကျစျေးသည်းတဦးက ရထားပေါ်က အသက်ကြီးကြီး ခန့်ခန့်ညားညား လူကြီးတစ်ဦးကို စပီကာနှင့်စကားလှန်းပြေားကာ CD ခွေများကို ရောင်းဖို့ကြိုးနေပါတယ်။
ရထားဆိုတာက ဘူတာတစ်ခုပြီးတစ်ခု ခရီးသွားနေရတာကြောင့် လမ်းဘေးပလက်ဖောင်းမှာ လူတွေက ပြည့်လိုက်၊ပျောက်သွားလိုက်နဲ့ အမြဲလိုလို ဖြစ်စဥ်တစ်ခု။ တောင်ကိုးရီးရဲ့ မြေအောက်မီးရထားစနှစ်ကငြိမ်သက်တိတ်ဆိပ်တော့ အတိတ်အကြောင်းကိုခဏတာ ပြန်ရောက်သွားမိတယ်။
အမိမြေရဲ့ မြို့တော်ပြုံယမ်းမြို့က ရထားဘူတာမှာ တစ်ချိန်တုန်းက ဖေဖေနဲ့အတူ အလည်အပတ်သွားခဲ့တဲ့ အတိတ်ကြောင်းတွေက အတွေးထဲဝင်ရောက်လာတော့တယ်။ ရထားဘူတာတွေက ခမ်းနားထည်ဝါပြီး ဇိမ်ခံပစ္စည်တွေ၊ တကယ့် ဟော်လီဝုတ် ရုပ်ရှင်ကားကြီးထဲမှာ မြင်တွေ့ရသလိုမျိုး တင့်တည်လှပတဲ့ မီးဆိုင်းပဒေသာတွေနဲ့ ပြည့်နက်နေလို့။ ဒါပေမဲ့ ပြုံးယမ်းထက်စာရင် ဆိုလ်းမြို့က ရထားဘူတာတွေက အများကြီး အဆင့်အတန်းမြင့်ကြပါတယ်။
ပြုံယမ်းကိုသွားခဲ့ရတဲ့ ခရီးကို နောင် ကျွန်မဘဝရဲ့လက်ကျန် အချိန်တွေမှာလည်း အမှတ်ရနေဦးမှာပါ။အဲဒီတုန်းက ကျွန်မသက်က ၉ နှစ်ပဲရှိပါသေးပါတယ်။ မမ ဂုမ်ဆမ်ရေ၊ ဖေဖေရယ်၊ကျွန်မရယ် သုံးယောက်တည်းပေါ့၊ မေမေကတော့ ကျွန်မတို့နဲ့ လိုက်မလာခဲ့ပါဘူး။ အခန်းမှာ ဝေယာဝိစ္စလုပ်စရာ ရှိလို့ဆိုပြီး ပြန်သွားခဲ့ပါတယ်။
ငတ်မွတ်ခေါင်းပါးမှုတွေကို ရင်ဆိုင်နေရချိန် ကျွန်မတို့မှာ စားစရာမရှိပေမည့်လည်း ပြုံးယမ်းခရီးစဥ်က ထူးဆန်းပြီး ကြည်နူးသလိုမျိုးခံစားခဲ့ရတယ်။
ပြုံယမ်းမှာ မိုးမျော်တိုက်ကြီးတွေ များများစားစား မရှိပေမည့်လည်း အမြင့် ၁၅၀ မီတာရှိတဲ့ ဆောက်လက်စ ဟိုတယ်ကြီးတစ်လုံးကို မြင်ခဲ့ရတယ်။ အလုပ်သမားတွေ၊ စက်ယန္တရားတွေ ဟိုတယ်ထိပ်မှ တွဲလောင်းကျပြီး အလုပ်လုပ် နေကြပါတယ်။မီတာ ၁၅၀ အမြင့်မှာ အလုပ်လုပ်နေကြတာဆိုတော့ အလုပ်သမားတွေကို ပုရွက်ဆိတ်လေးတွေအလား အောင့်မေ့ရတယ်။
* * *
အခုဆိုရင် ဆိုဂမ်း တက္ကသိုလ်ကျောင်းဝင်းက ထွက်လာတာ ဘူတာသုံးရုံ ခြားလာပြီ။ ရထားမြန်နုန်းအရှိန်ရလာသည်နင့်အမျှကျွန်မရဲ့နလုံးသားကလည်း စတင်ခုန်လာပြီး မြန်သည်ထက် ပိုပြီးမြန်မြန်လာပါတယ်။ ရထားရဲ့မြန်နုန်းကြောင့် ကျွန်မအဖို့ လုံးဝမတူကွဲပြားတဲ့ ကမ္ဘာတစ်ခုမှ လာတဲ့သူတစ်ယောက်နယ် နလုံးသားထဲ့မှာစိတ်အားငယ်သလို ဖြစ်နေမိတယ်။
ကျွန်မကိုမွေးဖွားရာ အင်ဒုတ်ခ်မြို့လေးကနေ ၉၅ ကီလိုမီတာလောက်သာဝေးတဲ့ ကျွန်မအဘိုးအဘွားတွေနေထိုင်ရာ ချုံးဂျိမ် မြို့ကိုသွားရောက်မယ်ဆိုင်ရင် နှစ်ရက်လောက်အချိန်ပေးပြီးသွားကြရတယ်။
ချုံးဂျိမ်မြို့ကို သွားရတဲ့ခရီးကတော့ အမြဲတမ်းခြေတုန် လက်ပန်းကျရတဲ့ ခရီးတစ်ခုပါပဲ။ ရာသီဥတုကလည်း အရမ်းအေးတယ်၊ ပြီးတော့ ရထားပေါ် မှာ ခြံမွေးတိရိဆန်တွေလိုဘဲ လူတွေပြည့်ကျပ် ပြွတ်သိတ်နေအောင် စီးကြရတယ်။ အဆင်သင့်ယူလာတဲ့ လွင့်ပစ် စည်သွတ်ဘူးခွံတွေကို ခုပြီးတော့မှ တစ်ကိုယ်လုံး အညောင်း သက်သာအောင် လုပ်ကြရပါတယ်။
ညောင်းလို့ ရွေးမိပြန်ရင်လည်း ကိုယ့်နေရာကို အခြားတစ်ယောက်ယောက်က
ဝင်ပြီး နေရာယူလို့ နေရာပျောက်ရပြန်တယ်။ တောင်ကိုးရီးယားက မြန်နုန်းမြင့်ရထားနဲ့ဆိုရင် အဲဒီခရီးမျိုးကို မီနှစ်နစ်ဆယ်အတွင်း အရောက်သွားလို့ရနိုင်ပါတယ်။
မြောက်ကိုးယားဘက်ပြန်ကြည့်ပြန်ရင် မြို့တော်ပြုံးယမ်းမှာသာ မျက်စိဂျိမ်းစပ်လောက်အောင်တောက်ပြောင်နေတဲ့ မြေအောက်မီးရထားဘူတာရုံတွေနှင့် ခေါတ်မှိအဆင်ပြေချောမွေတာမျိုးတွေတော့ရှိကြပါရဲ့။ ခုတော့ ကျွန်မတို့ မြောက်ကိုးရီးက ပြည်သူတွေအကြောင်းတွေးနေမိတယ်— ကျွန်မ မြောက်ကိုးယားမှ ထွက်ခွာလာတဲ့အချိန်မှစလို့ သူတို့တွေအကြောင်း ဘာသတင်းအစအနမှ မသိရှိရတော့ပါဘူး။
အဲဒီတုန်းကဆိုရင် ကျွန်မအသက်က ၁၁ နှစ်၊ နေစရာအိမ်ကလည်းမရှိ၊အငတ်ငတ်အပြတ်ပြတ်နှင့်၊ ကျွန်မရဲအဒေါ်တွေ၊ဦလေးတွေ၊ ကျောင်းနေဖက်သူငယ်ချင်းတွေကကော့ ခုအချိန်မှာ အသက်တွေကား ရှင်နေကြတုန်းဘဲလား။
ရထားပေါ်မှာ အခြာ ရထားစီးဖက်တစ်ယောက်က ကျွန်မကို ပြည်ပက သူစိမ်းတစ်ယောက်သဖွယ် မျက်စောင်းထိုးစိုက်ကြည့်နေတယ်။
ဒေါက်ဖိနပ်မြင့်မြင့်၊ စကပ်တိုတို၊ ဂျာကင်အင်းကျ်ီ ကျပ်ကျပ်နှင့်လိုက်ဖက်အဆင်ပြေဖို့ကြိုးစားရတာ ကျွန်မအတွက်အခက်ခဲ့ဆုံးပါပဲ။ တောင်ကိုးရီးယားမှာ နေပြီး တောင်ကိုးရီးယားသူတစ်ယောက်လို စတိုင်ဖမ်းလို့ရသည်ဖြစ်စေ၊မရသည်ဖြစ်စေ အမှန်တရားကတော့ ကျွန်မက မြောက်ကိုးရီးယားသူတစ်ယောက်ပါ။ ကျွန်မကို ၁၉၈၆ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့မှာ မြောက်ိုးရီးယားနိုင်ငံ ဟင်းဂျောင် ပြည်နယ် မြောက်ပိုင်းက စက်မှုရွာကလေးတစ်ရွာဖြစ်တဲ့ အင်ဒုပ်ခ် မြို့လေးမှာ မွေးဖွားခဲ့ပါတယ်။
လွတ်မြောက်မှုရှာဖွယ်ရင်းနဲ့ နောက်ဆုံးတော့ ကျွန်မ တောင်ကိုးရီးယားကို ရောက်ရှိလာခဲ့ပါပြီ။ ခုလိုမျိုးတောင်ကိုးရီးယားကို ရောက်ရှိဖို့အတွက် ကျွန်မတို့တွေ တရုပ်နိုင်ငံနှင့် မွန်ဂိုလီးယားနိုင်ငံတွေကို ကိုးနှစ်ကြာဖြတ်ကျော်ခဲ့ရပါတယ်။ ခုတော့ ကျွန်မမှာ တောင်ကိုးရီးယား နိုင်ငံကူးလက်မှတ်လည်း ရှိနေပါပြီ။ ကိုယ်တိုင် ဘဝသစ်တစ်ခုကို တည်ဆောက်ထားပြီးပြီဆိုတော့ ကျွန်မ ဟန်ဆောင်ဖုန်းကွယ်ပြီးလည်း မနေချင်တော့ပါဘူး။
*****
ဒါပေမယ့်လည်း မြောက်ကိုးရီးယာမှ အတိတ်ရဲ့အရိတ်တွေက ပုံမှန် မကြာမကြာ ပေါ်လာစမြဲပါပဲ။အထူးသဖြင့် ကျွန်မသိချင်နေတဲ့ မေးခွန်းတစ်ခုက မြောက်ကိုးရီးပြည်သူတွေဟာ ဒီလိုမျိုးဒုက္ခတွေကြားထဲမှာ ဘာကြောင့်ဆက်လက်ပြီး နေထိုင်ကြရမှာလည်းဆိုတာပါပဲ။
ဆိုလ်မြို့ကိုရောက်ပြီးချိန်မှစပြီး အမျိုးမျိုးသော စာအုပ်တွေ၊သတင်းစာတွေကို တစ်စိုက်မတ်မတ်လေ့လာဖတ်ဖြသ်ပါတယ်။ ဖတ်ရှုပြီးသမျှ စာအုပ်တွေနှင့် သတင်စာ၊စာစောင်တွေမှာ မြောက်ကိုးရီးယားရဲ့ စီးပွားရေး အလွန်အမင်းဆိုးရွားရတာဟာကိုးရိုးကားရားနိုင်လှတဲ့ အကြွင်းမည့်အာဏာရှင်စနှစ်ရဲ့အမှားကြောင့်ဆိုတာကို ပိုပြီးသိလာရတယ်။
ကမ္ဘာ့တစ်ခုတည်းသော ကွန်မြူနစ်မင်းဆက် ကင်မိသားစုတို့ဟာ သူတို့နှင့်သဘာထားကွဲ့လွဲသူ၊ သူတို့ကိုအတိုက်အခံလုပ်တဲ့ဘယ်သူကိုမဆို ရက်ရက်စက်စက် ချေမှုန်းပစ်လိုက်တယ်။ ကျွန်မရဲ့နလုံးသားထဲ့မှာတော့ မတတ်သာလို့သာ ဖြေဖျောက် နှစ်သိမ့်နေရပေမဲ့ ဒီလို ဖြေရှင်ချက်မျိုးကိုတော့ ကျွန်မတို့ကို ကျေနပ်စေတာတော့ မဟုတ်ပါဘူး။
တကယ်တော့ အတွေးတစ်ခြား၊ လက်တွေ့တစ်ခြားစီပါပဲ။ ကျွန်မကလည်းဘာမှလုပ်ပေးလို့မရပါ။ ကျွန်မရဲ့ဇာတိမြေနှင့် သီးခြားခွဲထားသော သံဆူးဝါယာကြိုး ခတ်ထားတဲ့နယ်နိမိတ်မှ ကီလိုမီတာ ၄၀ အကွာမှာ နေရုံကလွဲ့လို့ အခြားဘာတစ်ခုမှမတတ်နိုင်ပါ။ ဒါ့အပြင် ရက်စက်လှတဲ့အကြွင်းမည့် အာဏာရှင်စနှစ်တစ်ခုအောက်မှာ အဖိနိတ်ခံ ၊အငတ်ခံဘဝနဲ့ စွမ်းအားတွေကို ညှစ်ထုပ်ခံနေကြရတဲ့ ကျွန်မတိုရဲ့ပြည်သူအတွက် ကျွန်မ ဘာတစ်ခုမှ မလုပ်ပေးနိုင်ပါ။
မြောက်ကိုးရီးယားနိုင်ငံမှာ နေထိုင်နေကြတဲ့ လူဦးရေ ၂၅ သန်းကျော်အတွက်ကတော့ တကယ့် လောကငရဲလိုဖြစ်လာနေပြီး ကမ္ဘာကြီးက မေ့လျော့ထားတာကိုလည်း ခံနေကြရပါတယ်။ လူမျိုးနှင့် ယာဥ်ကျေးမှုပါ တူညီကြတဲ့ တောင်ကိုးရီးယားတောင်မှ သူတို့ရဲ့ ညီအစ်ကို မောင်နမတွေ ကြုံနေရတဲ့ အတိဒုက္ခတွေကို မေ့ထားပုံရတယ်။
မြောက်ပိုင်းက ကျွန်မရဲ့ နိုင်ငံသား ညီအစ်ကိုမောင်နမတွေအပေါ်မှာ ကျွန်မဘာတစ်ခုမှ ကူညီးမပေးနိုင်တဲ့ ခံစားချက်တွေ၊ အားကိုးရာမည့်တဲ့စိတ်တွေက ကျွန်မကိုအကြိမ်ကြိမ် လွမ်းမိုး နိတ်စက်နေပါတယ်။
* * *
"စိမ့်ချွန်ဘူတာရုံ''
ရထားဘရိတ်အုပ်ရပ်နားလိုက်လိုက်ချိန် အော်ပရေတာ အသံချဲ့စက်မှ ထွက်ပေါ်လာတာကြောင့် ကျွန်မ၏ အတွေးများလည်းရုပ်ချည် လွင်စင်သွားပါတော့တယ်။ ကျွန်မလည်းရထားပေါ်မှထွက်ခွာလာပြီး စက်ရုပ်လူးသားတစ်ရုပ်လို လှေကားထစ်တွေအပေါ် စတင်လှမ်းတက်နေမိတယ်။
အိမ်ပြန်ရောက်ရင် အေးအေးလူလူ အနားယူမယ်လို့ နေမယ်လို့ဆုံးဖြတ်ထားပါတယ်။ ကမ္ဘာကြီးကိုလည်း ကျွန်မရဲ့အဖြစ်သနှစ်ကို ချပြရအုံ့မယ်။ လူမသိသူမသိနဲ့ မြောက်ကိုးရီးယားမှာ တဖြည်းဖြည်းသေနေကြရတဲ့ သန်းပေါင်းများစွာသော ကိုးရီးပြည်သူတွေအတွက် ကျွန်မရဲဘဝဇတ်ကြောင်းကနေ တပ်လှန့် နိုးဆော်ပေးရမယ်။
ငရဲတွင်းထဲမှ လွတ်မြောက်နိုင်ဖို့ ကြိုးနေကြပြီဖြစ်တဲ့ ထောင်ရာချီတဲ့ ကိုရီးပြည်သူတွေတွေအကြောင်းကို ကျွန်မကိုယ်တိုင် ကမ္ဘာကြီးကိုချပြရမယ်။ သူတို့တွေဟာ လက်ရှိ တရုပ်နိုင်ငံထဲမှာ ခိုအောင်းနေကြရင်း အသက် အန္တရာယ် အတွက် စိုးရိမ်နေကြရပါတယ်။.
အခုဒီမှာ ကျွန်မရောက်ရှိနေတာက တောင်ကိုးရီးယား နိုင်ငံထဲမှ ၂၂ မိုင်အကွာက မြေကို ရောက်ရှိနေတာပါ။ ဒါပေမယ့်လည်း ဒီတောင်ကိုးရီးယားမှာ ရောက်ရှိနေကြတဲ့ မြောက်ကိုးရီးယား ဒုက္ခသည်တွေကို တောင်ကိုးရီးယားသားတွေက မယုံသခ်ါ စိတ်မသိုးမသန့်သလိုမျိုးနဲ့ ကြတတ်ကြတယ်။ မြောက်ကိုးရီးယားမှာ အငတ်ဘေး ဆိုက်ကပ်နေချိန်မှာတောင်မှ ဒုတိယနိုင်ငံသားအဆင့်အနေနဲ့သာ လက်ခံနေကြရဆဲ့ပါ။
မြောက်ကိုးရီးယားမှာ ကြုံနေကြရတဲ့ အတိဒုက္ခအဝဝတို့ကို ကျွန်မတို့ မြောက်ရီးယားက အစ်ကို၊အစ်မတွေမှာ ထုပ်ပြောနိုင်တဲ့အရည်အချင်မရှိကြတာကြောင့် သူတို့ကိုယ်စား ကျွန်မစာတွေ ရေးနေရခြင်းဖြစ်ပါတယ်။ တစ်နေ့ကိုးရီးယားနှစ်နိုင်ငံ ပြန်လည်ညီညွန့်လာလိမ့်မယ်ဆိုတာ ကျွန်မအသေအချာယုံကြည်တယ်။
နှစ်နိုင်ငံပေါင်စည်းဖို့ဆိုတာက ရှည်ကြာပြီးရှုပ်ထွေးတဲ့ ဖြစ်စဥ်တစ်ခုဖြစ်ပါလိမ့်မယ်။ ဒါပေမည့် ဖြစ်လာမှာပဲ။ ကိုးရီးယားကျွန်းဆွယ် ပြန်လည်ပေါင်းစည်းဖို့အတွက်ကတော့ တစ်ကမ္ဘာလုံးရဲ့အကူအညီလိုအပ်ပါလိမ့်မယ်။ဒါပေမဲ့ အဲဒီကိစ္စကို အဖြေရှာဖို့အတွက်တော့ ပထမဆုံးအနေနဲ့ ပြသနာရဲ့အရင်းအမြစ်ကို နာလည်းအောင်လုပ်ရဖို့ပါပဲ။
ကျွန်မ အသက်က ၁၂ အရွယ် ကြမ္မာငင်ခဲရတဲ့ ဒီဇင်ဘာလ၊ ကျွန်မရဲ့ သေတမ်းစာရေးခဲ့တဲ့နေ့မှစပြီး မေမရေ ၊အစ်မ ဂုမ်ဆမ်တို့ နဲ့အတူ ကျွန်မတို့တွေ အဆိုပါပြသနာရဲ့ ရင်းမြစ်ကို တွေရှိခဲ့ပြီလည်းဖြစ်တယ်။ ဒါဟာ ကျွန်မရဲဇတ်ကြောင်းပါပဲ။
#In A Thousand Miles to freedom by Eunsun Kim with Sebastien Falletti
English version translated by David Tian
#ဘာသာပြန်—Kyi San Khin
ဆက်ရန်......
Keep Reading