SarPhat Author
ကိစ္စတစ်ခု ဖြေရှင်းလို့ ပြီးပြတ်လုဆဲဆဲ နောက်ခုက ထပေါ်ပြန်ရော။ ဒီလိုနဲ့ တစ်ချိန်လုံး ဘဝကို ရင်ဆိုင် ရုံးကန်နေရတာ ငြီးငွေ့မောပန်းလှကြောင်း၊ လမ်းစရှာမရလောက်အောင် အလွန်ပဲစိတ်ဆင်းရဲ့စရာကောင်းကြောင်း သမီးဖြစ် သူက ဖခင်ကို တိုင်တည်ပြီး ညည်းတွားတယ်။
စားဖိုမှူးတစ်ဦးဖြစ်တဲ့ အဖေလုပ်သူက သူရဲ့သမီးကို မီးဖိုချောင် ခေါ်သွင်းလာပြီး အိုးသုံးလုံးကို ရေဖြည့်ကာ မီးဖိုမှာ တင်လိုက်တယ်။ အိုးတွေဆူပြီဆိုတာနဲ့ ပထမအိုးမှာ အားလူးတွေကိုထည့်တယ်။ ဒုတိယအိုးမှာတော့ ကြက်ဥတွေကိုထည့်တယ်။ နောက်ဆုံး တတိယ အိုးမှာ ကော်ဖီစေ့တွေကို ထည့်ပြီး ထားလိုက်တယ်။ သမီးဖြစ်သူကိုလည်း ဘာစကားတစ်ခွန်မှ မပြောဘူး။ သမီးလုပ်သူကတော့ ဖခင်ရဲ့လုပ်ရပ်အပေါ် စိတ်မရှည်ချင်တော့ ပွစီပွစိလုပ်နေတယ်။ မိနစ်၂၀ကြာတော့ မီးဖိုကနေ အိုးသုံးလုံးကိုချကာ အာလူးတွေကို အိုးထဲကထုတ်ပြီး ပန်းကန်လုံးထဲမှာ ထည့်တယ်။ ကြက်ဥတွေကိုလည်း အဲဒီအတိုင်းပဲထည့်လိုက်တယ်။ ကော်ဖီကိုကျတော့ ခွက်ထဲ့မှာ ထည့်တယ်။ ပြီးတာနဲ့ သမီးဖက်ကိုလှည်ကာ.....
''ကဲ...သမီး ဘာမြင်လည်း ပြောကြည့်ပါအုံ့''
'' ဟာ..ဖေဖေ ကလည်း အာလူးရယ်၊ ကြက်ဥရယ် ၊ကော်ဖီတွေပဲဥစ္စာ ''
''အနားကို ကပ်ပြီး တော့ကြည့်ပါအုံ..သမီး ''
ဆိုတော့မှ သမီးဖြစ်သူက အားလူးတွေကို လက်နဲ့ တော့ကြည့်တယ်။ အားလူးတွေက မာမနေဘူး ပျော့နေတယ်။
တဖန် ဖခင်ဖြစ်သူက သမီးကို ကြက်ဥတွေကို ယူပြီးခွဲကြည့်ခိုင်ပြန်တယ်။ အခွံကို ခွာလိုက်တော့ အထဲက ကြက်ဥအနှစ်က အရည်ကနေ အခဲအဖြစ်သို့ ပြောင်းသွားတာကို တွေ့ရပြန်တယ်။
နောက်ဆုံး ကော်ဖီကိုတော့ မြည်းကြည့်ခိုင်းတယ်။ ကော်ဖီရနံက အရမ်းမွေးတော့ သူမရဲ့မျက်နာမှာ အပြုံးရိပ်သန်းနေတယ်။
'' ဖေဖေ... အဲဒါက... ဘာအဓိပ္ပါယ်လည်းဟင်... ''
''အားလူးတို့၊ ကြက်ဥတို့ ၊ ကော်ဖီစေ့တို့ဆိုတာ ဆူနေတဲ့ ရေနွေးအုံးထဲမှာ ဒုက္ခကို အတူတူ ခံခဲကြရတာ။ ဒါပေမဲ့ ဒုက္ခကို တုန့်ပြန်ပုံကတော့ တစ်ခုနဲ့တစ်ခုက မတူကြဘူး...သမီး။ နဂိုက အာလူးဟာ မာမာကြမ်းကြမ်းပဲ..သမီး။ ဒါပေမဲ့ ရေနဲ့ပြုတ်လိုက်တော့ ပျော့သွားတယ်။ ကြက်ဥကျတော့ မာပြီးကြွက်ဆပ်တယ် အထဲမှာ အရည်အနှစ်ပဲရှိတယ်။ သူကိုပြုတ်လိုက်တော့ အထဲက အရည်တွေ အရည်ကနေ အခဲအဖြစ်သို့ ပြောင်းသွားကြတာပဲမလား။
ဒါပေမဲ့ ကော်ဖီစေ့ကျတော့ ထူးခြားတယ်နော် ။ ရေပူနဲ့ထိတွေ့တာနဲ့ ရေရဲ့အရောင်ပါပြောင်းသွားတယ်။ အသွင်သစ်တစ်မျိုးနဲ့ပေါ့။
''ဒီတော့ သမီးက ဘယ်ထဲ့မှာ ပါလည်း
''ဒုက္ခတွေက သမီးရဲ့ တံခါးကို လာခေါက်ကြရင် ဘယ်လိုတုန့်ပြန်မှာလည်း?
အာလူးလိုတုန့်ပြန်မ လား?
ကြက်ဥလိုတုန့်ပြန်မလား?
ဒါမှမဟုတ် ကော်ဖီလို့ တုန့်ပြန်မလား?။
တကယ်တော့ ဒါတွေဟာ လူ့ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့အရာတွေ၊ ကိုယ်တိုင်တင်မက ဘယ်သူမဆို ကြုံရနိုင်တယ်...သမီး ။ တကယ်အရေးကြီးတာက အဲဒါတွေကို ဘယ်လို ရွေးချယ် တုံ့ပြန်ရမလဲဆိုတာပါပဲ။ ဘဝဆိုတာ ကြုံဆုံလာသမျှ ရုံးကန်နေကြရတဲ့ ဘေးဒုက္ခ အသွယ်သွယ်တို့ကို အပြုသဘောဆောင်ကာ အကောင်းဖက်သို့ ပြောင်းလဲ မွေးစားယူလို့လည်း ရနိုင်ပါတယ် ဆိုတာပါပဲ သမီး.......။
''The Struggles of Our Life '' ဆိုတဲ့ပုံပြင်လေးကို ဘာသာပြန်ဆိုထားတာပါ ။
#Kyi San Khin
Keep Reading