Author's Profile Photo

မြ (စံကားဝါမြေ)

5/05/2024

မြနှင့် သူငယ်ချင်းတို့၏ ခံစားချက်

2 mins read
Life Style
Personal Development
18 Again
မြနှင့် သူငယ်ချင်းတို့၏ ခံစားချက်'s photo

? ဒီဆောင်းပါးလေးထဲတွင် မြသည် အပြောပုံစံဖြင့် ရေးသားထားခြင်းမျိုး မဟုတ်ဘဲ။ အရေးပုံစံ စာဟန်ဖြင့် ရေးသားထားပါသည်။

လူရယ်လို့ ဖြစ်လာကြသည့်အခါ လူမှုပတ်ဝန်းကျင်နှင့် ပေါင်းသင်းဆက်ဆံလာရပါသည်။ ထိုအချိန်တွင် မိမိအပေါ် ကောင်းသူ၊ မကောင်းသူ အများအပြားနှင့် ကြုံတွေ့ကြရမည်မှာ အမှန်ပင်။ ထိုကဲ့သို့ ပေါင်းသင်းဆက်ဆံသည့်အခါ မကောင်းသောသူနှင့် ပေါင်းသင်းမိပါက မကောင်းသောအရာဘက်သို့ ရောက်ရှိသွားနိုင်ပေသည်။ ကောင်းသောသူနှင့် ပေါင်းမှသာ ကောင်းသောအရာများ ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် ဆရာကောင်းသန့်ရေးသားထားသော "သမီးလေးဖတ်ဖို့"စာအုပ်ထဲတွင်

❝သမီး....

လူတော်တွေက 
အရည်အချင်းရှိတဲ့သူကို လေးစားတယ်။
တန်ဖိုးထား ဆက်ဆံတယ်။

လူမိုက်တွေက
အရည်အချင်းရှိတဲ့သူဆို
မနာလို ဝန်တိုတယ်။
ရန်ရှာပြီး ဒုက္ခပေးတတ်တယ်။

လူတော်နဲ့လူမိုက်ကို 
သမီးလေး ခွဲခြားတတ်ပါစေ။❞

ဖေဖေကောင်းသန့်"


ဟူ၍ လူကောင်းနှင့် လူဆိုးကို ခွဲခြားပေါင်းသင်းတတ်စေရန် ဆုံးမထားပါသည်။

ကျွန်မတို့သည် အသက်(၄/၅)နှစ်အရွယ် မူကြိုကျောင်းတက်ချိန်မှစပြီး သေသည်အထိ မိတ်ဆွေ/သူငယ်ချင်းများနှင့် ပေါင်သင်းဆက်ဆံသွားကြ‌ရပေမည်မှာ ဧကန်မလွဲပင် ဖြစ်ပါသည်။ ထိုအခါ မိမိပေါင်းသင်းဆက်ဆံသော သူငယ်ချင်းများသည် လူကောင်းလူမွန် လူရည်ချွန်များ ဖြစ်နေခဲ့လျှင် မိမိဘဝသည် သူတို့နည်းတူ အောင်မြင်မှုပန်းတိုင်တွေကို သူငယ်ချင်းများနှင့်အတူ ပျော်ပျော်ရွှင်ရွှင် ရောက်ရှိနိုင်ပေလိမ့်မယ်။ သို့မဟုတ်ဘဲ မိမိပေါင်းသင်းသော သူငယ်ချင်းများသော မကောင်းတာလုပ်၊ မဟုတ်တာပြော၊ လူဆိုးလူမိုက်များနှင့် ပေါင်းသင်းမိပါက အချိန်ကြာလာတာနှင့်အမျှ မိမိကိုယ်တိုင်ပါ လူဆိုးလူမိုက်တစ်ယောက် ဖြစ်သွားနိုင်ပါသည်။ ထို့ကြောင့် မိတ်ဆွေ၊ သူငယ်ချင်းများကို ပေါင်းသင်းဆက်ဆံရာတွင် လူဆိုးများနှင့် ပေါင်းသင်းရလျှင် ထိုသူများထံမှ သင်ခန်းစာယူပြီး လူကောင်းများနှင့် ပေါင်းသင်းရလျှင် ကောင်းသောအလေ့အကျင့်များကို လေ့လာကျင့်သုံးနေထိုင်ရပေမည်။ ထို့အပြင် လူကောင်း/‌လူဆိုး ပေါင်းအပ်၊ မပေါင်းအပ်တို့ကို သေချာစိစစ်လေ့လာပြီးမှ ပေါင်းသင်းရန် လိုအပ်ပေသည်။

မိတ်ဆွေ/သူငယ်ချင်းဆိုသည်မှာ မိမိ၏ ဒုတိယမိသားစုဟု ဆိုလျှင်လည်း မမှားနိုင်ပေ။ "မိသားစု"ဆိုလျှင် လူသားများသည် ပျော်ရွှင်ကျန်းမာပြီး အကောင်းမွန်ဆုံး နွေးထွေးမှုတွေနှင့် ပြည့်နှက်နေချင်ကြသော မိသာစုကိုသာလျှင် ပိုင်ဆိုင်ချင်ကြသည်။ ထိုကဲ့သို့ အကောင်းဆုံးတွေပဲ ပြည့်နှက်နေချင်လျှင် မိမိကိုယ်တိုင် ပထမဦးဆုံး ကောင်းမှရပါမည်။ သို့ကြောင့် မိမိကိုယ်တိုင် ကောင်းအောင် ပထမဦးဆုံး ကြိုးစားကြရပေမည်။ မိမိ၏ဒုတိယမိသားစုလေး ကောင်းချင်လျှင် ကောင်းမွန်သော သူငယ်ချင်းများနှင့် ပေါင်းသင်းဆက်ဆံကြရပေမည်။

  • မိမိဘဝတွင် အဓိက ရှိကိုရှိသင့်သည့် သူငယ်ချင်းအမျိုးအစားများမှာ


(၁) မိမိဘဝတွင် ရင်ဘတ်နှင့် ပေါင်းလို့ရသော သူငယ်ချင်းတစ်ယောက် ရှိကိုရှိရမည်။ ရင်ဘတ်ထဲတွင် ရှိသမျှ ခံစားချက်များ ဖွင့်ပြောပြလို့ရနိုင်သော ရင်ဘတ်သူငယ်ချင်း ရှိရမည်။ ထိုသူငယ်ချင်းကို မိမိဘဝ၏ အကောင်းအဆိုးမှန်သမျှ ဖွင့်ဟတိုင်ပင် အကြံဉာဏ်တောင်းနိုင်ရမည်။

(၂) သူငယ်ချင်း အချင်းချင်း မနာလို ဝန်တိုစိတ်မရှိ၊ ဟန်ဆောင်ခြင်း၊ ကြွားဝါခြင်း၊ ဂုဏ်ပြိုင်ခြင်းမရှိ တစ်ယောက်ကောင်းစားလျှင် တစ်ယောက်က ဝမ်းသာပီတိဖြစ်ပြီး မုဒိတာပွားရမည်။ တစ်ယောက်ဒုက္ခရောက်လျှင် တစ်ယောက်က အတတ်နိုင်ဆုံး ကူညီစောင့်ရှောက်ကြရမည်။

ကျွန်မဘဝတွင် (လုံးဝ) အနစ်နာခံပြီး ရင်နှင့်အမျှ ပေါင်းသင်းရသော သူငယ်ချင်းများ ရှိပါသည်။ ထိုသူများသည် ကျွန်မနှင့် တစ်မြို့ထဲနေသူများအပြင် မြန်မာနိုင်ငံ နေရာအနှံ့မှ ရေစက်လာဆုံကြသော သူငယ်ချင်းများလည်း ပါဝင်ပေသည်။ ထိုသူငယ်ချင်းများသည် စိတ်ထားကောင်း၍ စာအလွန်တော်ကြပေသည်။ ကျွန်မ နားမလည်၊ မသိသော သင်ခန်းစာများအား ရှင်းပြပေးပါသည်။ ထို့အပြင် ကျွန်မတို့သည် တစ်ယောက်ကို တစ်ယောက် ဖေးမကူညီပြီး အခက်အခဲရှိခဲ့လျှင် တစ်ယောက်အခက်အခဲကို အခြားသူများမှ ကူညီအဖြေရှာပေးခြင်း၊ စိတ်ပျက်အားငယ်နေလျှင် နှစ်သိမ့်ပေးခြင်း၊ ကျန်းမားရေးမကောင်းလျှင်လည်း အဝေးကနေ ဖုန်းဆက်ပြီး ဂရုစိုက်ပေးခြင်း အစရှိသော အချင်းချင်း ကူညီရိုင်းပင်းမှုများ ရှိကြပေသည်။ ကျွန်မတွင် စိတ်ညစ်စရာများရှိသောအခါ သူငယ်ချင်းများအား ရင်ဖွင့်လိုက်သောအခါ စိတ်ကျေနပ်ပျော်ရွှင်မှုကို ရရှိလာသည့်အထိ အပြောချိုကြသူများ ဖြစ်ကြပါသည်။ ကျွန်မ တစ်ခုခုမှာ ဆုရခဲ့လျှင်လည်း ဝမ်းသာအားရ ဖြစ်ကြသလို ကျွန်မဝင်ပြိုင်သော ပြိုင်ပွဲများတွင်လည်း ဆုရစေရန်အတွက် အစွမ်းကုန် အားသွန်ခွန်စိုက် ကြိုးစားပေးကြသောသူများ ဖြစ်ကြပါသည်။ ထို့အပြင် Group Work လုပ်ရသော Projectများတွင်လည်း မခိုမကပ်ဘဲ စိတ်ရောကိုယ်ပါ လုပ်ဆောင်ပေးကြသည်မှာ ဝမ်းသာအားရစရာပင် ဖြစ်ပေတော့သည်။ ကျွန်မသူငယ်ချင်းတို့၏ ကောင်းသောအချက်များကို တင်စားရလျှင် ကုန်နိုင်ဖွယ် မရှိသည့်အတွက်ကြောင့် သည်မျှနှင့် အဆုံးသတ်လိုက်ရပါသည်။

အခု မြ‌ ပြောပြသွားခဲ့တဲ့ သူငယ်ချင်းမျိုးတွေ စာဖတ်သူလေးတို့မှာရော ဘယ်နှယောက် ရှိပြီးပြီလဲ။ ?


စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....

✍️ မြ (စံကားဝါမြေ)

#SarPhat
#Mya_Kyaukpadaung
5.52024(Sunday)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)