Author's Profile Photo

WHY:ဘာကြောင့်လဲ

29/04/2024

သိပ္ပံပညာရှင် နဲ့ အင်ဂျင်နီယာ ကတူသလား?

1 min read
Education
General Knowledge
History
သိပ္ပံပညာရှင် နဲ့ အင်ဂျင်နီယာ ကတူသလား?'s photo



➡️ မတူပါဘူး။
ဘာတွေမတူတာလဲ?
➡️သိပ္ပံပညာရှင်‌တွေက သုတေသနတွေပြုလုပ်တယ်၊အသစ်အသစ်တွေကိုတီထွင်ဖန်တီးတယ်၊ရှာဖွေတွေ့ရှိမှုအသစ်တွေကိုဖော်ပြပေးတာပါ။ အဓိက အားဖြင့် သီဝရီအသစ်တွေ၊ နိယာမ အသစ်တွေကို ရှာဖွေတွေ့ရှိသူ/ ရှာဖွေပေးတဲ့သူပါ။
အင်ဂျင်နီယာတွေကတော့ သိပ္ပံ ပညာရှင်တွေ ရှာဖွေတွေ့ရှိတဲ့အရာတွေ(သီဝရီတွေ)၊ တီထွင်ဖန်တီထားတဲ့အရာတွေကို အပြင်လောကမှာ သာမန်လူသားတွေနေနဲ့အသုံးပြုရလွယ်ကူအောင်၊အဆင်ပြေအောင်၊ကြိုက်နှစ်သက်မှုရှိအောင် ဖန်တီးပေးရတာပါ။ သိပ္ပံပညာရှင်တွေရဲ့သီအိုရီတွေကို သုံးပြီတော့ တီထွင်ဖန်တီးမှုတွေလည်းပြုလုပ်ကြပါတယ်။


ဘယ်သူကပိုအရေးကြီးလဲ?
➡️နှစ်မျိုးလုံးက သူ့နေရာနဲ့သူအရေးကြီးပါတယ်။သိပ္ပံပညာရှင်‌တွေ မရှိရင် အင်ဂျင်နီယာဆိုတာရှိလာမှာမဟုတ်ပါဘူး။အင်ဂျင်နီယာမရှိရင်လည်း သိပ္ပံပညာရှင်တွေတီထွင်ထားတဲ့ အရာတွေကလည်း လူသားတွေအတွက်အသုံးဝင်မှာမဟုတ်ပါဘူး။ တစ်နည်းအားဖြင့် သိပ္ပံပညာရှင်ဆိုတာက သီဝရီသမား၊ စမ်းသပ်သူတွေသပ်သပ်သာ ဖြစ်ပါတယ်။ အပြင်လောကမှာ အသုံးချနိုင်အောင် စီစဉ်ဖန်တီးပေးရတာကတော့ အင်ဂျင်နီယာတွေက လုပ်ပေးရတာပါ။
ထင်ရှားတဲ့ သိပ္ပံပညာရှင်တွေကတော့ - နယူတန်၊ အိုင်းစတိုင်း၊ နေးလ်ဘိုး စသည်
အင်ဂျင်နီယာတွေကတော့ - သောမက်အယ်ဒီဆင်၊ နီကိုလက်တက်စလာ စသည်

သူတို့နှစ်ယောက်က တူတယ်လို့ထင်ရပေမယ့် မတူပါဘူး။ ကွဲပြားခြားနားကြပါတယ်။

Keep Reading

တက်ညီလက်ညီ ပန်းတိုင်ဆီသို့ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarshipလူငယ်တွေ ဘာကြောင့် သင်တန်းတက်ကြတာလဲ ?ကျောင်းစာကြည့်တိုက် ပညာရေး -----------------------------