Author's Profile Photo

ရိန်​ဇော်

27/04/2024

အ​မေဆိုတာ

1 min read
Life Style
Culture
Art
အ​မေဆိုတာ's photo

အပေါ်ရံ၀တ်ထားတဲ့ ကျောပိုးအိတ် အနွေးထည်စတာတွေနဲ့ တစ်နေ့တာဟာ လေးလံလွန်းလှတဲ့အချိန်မှာ ဗိုက်ထဲမှာထည့်သယ်ထားတဲ့ အမေတွေဆို ဆိုဖွယ်ရာ မရှိပါဘူး အမေ။ကျွန်တော့်ရှေ့မှာ တွေ့တွေ့နေရတဲ့ ဗိုက်တကားကားနဲ့ အမေတွေဟာလည်း ခက်ခဲတယ်။ သူတို့သာ လေးလံမှုနဲ့ မသယ်ခဲ့ဘူးဆိုရင် လူရယ်လို့ ဖြစ်လာမယ် မဟုတ်ပါဘူး။

ကလေးတစ်ယောက်ကို ပွေ့ချီဖို့ ၀န်မလေးတတ်လည်း မွေးဖွားဖို့ အတော်၀န်လေးတတ်ကြတယ်။ အရိုးအချောင်း ၂၀ ကျိုးရတာ တန်ရဲ့လား အမေ။ နာကျင်ခြင်းဟာ ရလဒ်နဲ့ ထိုက်တန်ပါရဲ့လား။ ခုခေတ်မှာ မွေးဖွားမှုရဲ့ မသေချာတတ်ခြင်းရယ် နာကျင်ခြင်းရယ်ကို မိန်းမတွေ ကျော်လွှားလိုကြတယ်။ နာကျင်မှုကိုရှောင်ကာ မွေးဖွားလိုကြတယ်။သူတို့ဟာ သားသမီးကို မချစ်ဘူး မဆိုပါဘူး။ အနာခံမွေးခဲ့တဲ့ အမေတွေကတော့ ပိုမယ်။ လူရှေ့မရှောင်နိုင် နာကျင်စွာ အော်နေကြတဲ့ မိန်းမတွေဟာ ကလေးအော်ငိုသံကြားတော့ ပျော်‌တတ်ကြတယ်တဲ့။ ကျွန်တော်တို့ယောင်္ကျားလေးတွေက ဒါကိုမြင်ရုံပါပဲ။ ခံစားသိနဲ့ အမေတွေအကြောင်း မပြောလည်း သဘောပေါက်နိုင်ပါတယ် အမေ။

အမေ့နို့ဖိုးဆိုတာ အနှိုင်းမဲ့ပဲ။ ရောဂါကာကွယ်နိုင်စွမ်းမပါ မေတ္တာမပါတဲ့ နို့မှုန့်ဘူးဆိုရင်တောင် တစ်လစာ သိန်းချီရှိတဲ့အချိန် အမေ့နို့ဖိုးဆိုတာ တန်ဖိုးဖြတ်မရပါဘူး အမေ။ ခွေးသားပေါက်လေးတွေကို နို့တိုက်နေတဲ့ ခွေးမကြီးဟာ ပိန်လှီသွားတယ်။ အသိဉာဏ်နည်းတဲ့ တိရစ္ဆာန်တွေတောင် မိခင်စိတ်ထားနိုင်သေးရင် လူသားတွေဟာ ပိုမယ်။ ဒီအချိန် စဉ်းစားမိလိုက်တာ သားသမီးကို စွန့်ပစ်တဲ့ အမေတွေအကြောင်း။ ဘယ်လိုမှကို စဉ်းစားမရဘူး အမေ။ ရင်ကွဲပက်လက်အမေတွေပဲ ဖြစ်လိမ့်မယ်။

ဒီလိုနဲ့ပဲ အချိန်နာရီတွေဟာ လူသားတွေကို ပြောင်းလဲစေခဲ့တယ်။ မလုပ်တတ်မကိုင်တတ်မွေးကင်းစလေးဟာ သန်မာလာခဲ့ပြီးတော့ သန်မာနုပျိုတဲ့ အမေတွေဟာ မလုပ်နိုင် မကိုင်နိုင်ဖြစ်လာတယ်။ စုန်ရေစီးဆင်းခြင်းဟာ ထာ၀ရဆိုတော့ မေ့လျော့သွားခဲ့ကြတယ်။ ဒါဟာ သဘာ၀ပါပဲ။ ကိုယ်က တဖန်စုန်ရေစီးဆင်းတဲ့အချိန်ရောက်တဲ့အခါ ပြန်လည်သိလာမှာပါ။

လောကမှာ အမေဆိုတာ မေတ္တာတရားကို နာမည်မခံဘဲ သင်ပေးသူပါ။ ဘ၀မှာ အတ္တကြီးပြီး မေတ္တာကင်းသူတွေကိုတွေ့ရင် ပထမတော့ စိတ်ဆိုးတယ်။ နောက်တော့ သနားလာတယ်။ အမေရဲ့ မေတ္တာ သင်ကြားမခံရသူတွေဆိုပြီးတော့ သနားမိတယ်။ အမေသင်ပေးလိုက်တဲ့ မေတ္တာဆိုတာ ဆက်လက်စီးဆင်းနေဦးမှာပါ။ လောကကြီး လှနေဦးမှာ။ ။

ရိန်​ဇော်
#reinzaw

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ဓာတ်ကျနေတဲ့အခါစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း