သင်္ကေတ
စာဖတ်သူလေးတွေရေ....
ဒီနေ့ဘာနေ့လဲဆိုတာ သိကြလား။
ကျွန်မ မနက်စောစော Laptop ဖွင့်ကြည့်တော့ Microsoft Bing ကနေ Search ဘေးမှာ စာအုပ်ပုံလေးတွေ တွေ့ရပါတယ်၊ ?ကျွန်မလဲ ထုံးစံအတိုင်းဝင်ကြည့်နေကြဆိုတော့ ဝင်ကြည့်ဖြစ်တယ်၊ တွေ့ရတာက World Book Day ဆိုပြီး search မှာ တစ်ဆင့်တွေ့ရပြီး သူနဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေ ရေးထားတွေ တွေ့ရတယ်။ ?
အဲ့တော့ ဒီနေ့က ကမ္ဘာစာအုပ်နေ့ ဆိုတာ ကျွန်မသိလိုက်တယ်။
World Book Day လို လူသိများကြတဲ့နေကို World Book and Copyright Day
ကမ္ဘာစာအုပ်နှင့် မူပိုင်ခွင့်နေ့
ဒါမှမဟုတ် International Day of the Book လို့လည်း ခေါ်ကြတယ်။
ဒီလိုနေ့ကို ယူနက်စ်စကို UNESCO (United Nations Educational, Scientific and Cultural Organization) က စာဖတ်ခြင်း၊ထုတ်ဝေခြင်း နှင့် မူပိုင်ခွင့်များကို မြှင့်တင်ဖို့အတွက် နှစ်စဉ်ကျင်းပပြုလုပ်ပါတယ်။
ပထမဦးဆုံး ကမ္ဘာစာအုပ်များနေ့ကို ၁၉၉၅ ခုနစ် ဧပြီလ ၂၃ရက်နေ့မှာ စတင်ကျင်းပခဲ့ပြီး အခုချိန်ထိ ဆက်လက်အသိမှတ်ပြုခဲ့ကြတယ်။
UNESCO ကနေ စာအုပ်လုပ်ငန်းရဲ့ အဓိကကဏ္ဍများမှ အကြံပေးကော်မတီနှင့်အတူ တစ်နှစ်တာ World Book Capital ကိုရွေးချယ်ပါတယ်။
ဒီနှစ်မှာတော့ အရွေးချယ်ခံရတဲ့မြို့က Strasbourg မြို့ဖြစ်ပါတယ်၊ ပြင်သစ်နိုင်ငံက မြို့တစ်မြို့ဖြစ်တယ်။
ဒီဆောင်းပါးလေးကတော့ ဒီလောက်ပါပဲရှင့်....
မှတ်သားစရာတစ်ခု ရသွားမယ်လို့ ထင်ပါတယ်။
စာဖတ်သူများကို လေးစားလျှက်....
April 23 Tuesday 2024
23:25 PM (@Ag)
Keep Reading