SarPhat Author
ကျမတို့ ဘိုးဘေးဘီဘင်ရဲ့ မူဝါဒဟာ
ကြီးနိုင်ငယ်နင်းစနစ်ကိုအသုံးပြုကြတာ
ဟိုးရှေးခေတ်နှောင်းပိုင်းကစလို့ ယခု နှစ်ဆယ်ရာစုပိုင်းထိကိုရောက်ရှိလာခဲ့ပါပြီ။
ခုခေတ်၊ခုကာလမှာ ကိုယ့်စိတ်ကိုယ်နိုင်
အောင်ထိန်းပြီး ကျမတို့ လူငယ်တွေကစလို့ဦးဆောင်ကာ ရှေ့ဆောင်လမ်းပြလုပ်လိုက်မယ်ဆိုရင် ဘယ်လောက်တောင် တန်ဖိုးရှိလိုက်မလဲ။
တစ်ခါက ကျမ အမေ က ကျမကိုပြောတယ်။
"ဟဲ့ ဟိုဘက်အိမ်က မမြင့်က နင့်နဲ့အတန်းတူတူပဲ၊
နင့်ထက်လဲ အမှတ်ကောင်းတယ်။
နင်ဘာလုပ်နေတာလဲ" ဆိုတဲ့စကားတစ်ခွန်းက
ကျမရဲ့ဦးနှောက်အစွန်းကို ဒိန်းခနဲ
လာထိသွားတယ်။
ကျမစိတ်ထဲမှာ " မမြင့်လဲလူပဲ၊ငါလဲလူပဲ၊
ဒါမဲ့ဘာလို့သူကငါထက်သာနေတာလဲ"
ဆိုပြီး မနာလိုစိတ်တစ်ခုနဲ့ အပတ်တကုပ်
ကြိုးစားခဲ့တယ်။
နောက်ထပ် လပတ်စာမေးပွဲလဲ ရောက်ရော
မမြင့်ကကျမထက် အမှတ်များနေပြန်ပါတယ်။
ကျမလဲ အမေ့စကားတွေအောက်မှာ
နစ်မြောပြီး ဝန်တိုစိတ်ကြီးထွားလာကာ သူ့ထက်သာမယ်ဆိုတဲ့စိတ်နဲ့ ထပ်ကြိုးစားတယ်၊
တစ်ခါလဲမဟုတ်၊ နှစ်ခါလဲမဟုတ်
ကျမဟာ သူနဲ့ ဆိုရင်အမြဲကျရှုံးနေခဲ့တယ်။
နောက်နေ့ကျတော့မမြင့်တစ်ယောက် ကျမနားကိုစာအုပ်လေးတစ်အုပ်လာပေးသွားတယ်။
ကျမလဲ အဲ့စာအုပ်ကို ချက်ချင်းဖတ်ကြည့်လိုက်တော့ သင်ခန
Unlock to read this premium article with 10 points.