Aung Thu Ya Kyaw
ချိန်းထားတဲ့ နေရာကို အဝယ်ကတော့ ရောက်နေပြီး အရောင်း ရောက်မလာသေးတာ? နောက်ကျ နေတာတွေမှာ ဘယ်လို ဖြေရှင်းသင့်သလဲ?
—
ကိုယ်က မှန်နေရင်တောင် မှားနေတယ်လို့ မြင်တဲ့ သူတွေ ရှိတယ်။ ဒါက လွယ်လွယ်နဲ့ ကိုယ့်ရဲ့ ယုံကြည်မှုကို အသုံးချပြီး ဂရုမစိုက်ခြင်း အနုပညာနဲ့ နေလိုက်လို့ရတယ်။
ဒါပေမယ့် ကိုယ်မှားတဲ့အခါ ကိုယ်မြင်ဖို့ကတော့ (၁) ဘေးလူက ပြောမလား? (၂) ကိုယ့်ရဲ့ အသိစိတ်ကနေ သတိပေးမလား ဆိုပြီး ၂ ချက်ရှိတယ်။
အေးဂျင့် တစ်ယောက် အနေနဲ့ ကျွန်တော် စခဲ့စဉ်မှာ ကိုယ့်ဘေးနားမှာ မှန်သလား? မှားသလား? ဆိုတာတွေကို ပြောပြပေးမဲ့သူ ဆုံးမပေးခဲ့သူ ဆိုပြီး ထွေထွေထူးထူး မရှိလှပါဘူး။ လက်ချိုးရေလို့ရပါတယ်။ ဒါကြောင့် ကျွန်တော် ကိုယ်တိုင်လည်း အမှားအယွင်းတွေ လုပ်လေ့ရှိခဲ့ပါတယ်။
ဒါကြောင့် ကျွန်တော့လို မဖြစ်ရလေအောင် (သို့မဟုတ်) ပညာလိုသူများ အတွက် မျှဝေပေးလိုက်ပါတယ်။
ချိန်းထားတဲ့ နေရာကို အဝယ်ကရောက်နေပြီ အရောင်းက မရောက်လာသေးတဲ့ အချိန်မှာ အေးဂျင့် တစ်ယောက် အနေနဲ့ ရောက်နေပြီးသား အဝယ်ကို ထိန်းထားနိုင်ဖို့ အရေး တော်တော်လေး ကြိုးစားရတာပါ။ ဘာကြောင့်လဲ ဆိုရင် အဝယ်က စိတ်အခက်မသင့်လို့ ဝယ်ချင်စိတ် မရှိတော့ရင် ကြိုးစားသမျှ “သဲထဲ ရေသွန်သလို” ဖြစ်သွားပါလိမ့်မယ်။
(အေးဂျင့် ပညာဆိုတာ အ့တာပဲ! စာရွက်စာတမ်း နားလည်တာတွေ နားမလည်တာတွေ ခဏလေး ဘေးချိတ်ထားဦး ဒီလို နေရာမှာ ဘယ်လိုဆုံးဖြတ်မလဲ ဆိုတဲ့ ဆုံးဖြတ်ချက် ပြဿနာဖြေရှင်းနည်း စွမ်းအင် (Problem Solving Skill) ဟာ အရောင်းအဝယ်မှာ အတော် အရေးကြီးပါတယ်။)
ဒီလိုအချိန်မှာဆိုရင် ဝယ်သူကို ရောင်းတဲ့သူ ဘာကြောင့် နောက်ကျသလဲ ဆိုတဲ့ အဖြေကို သေချာမေး ပြီးတော့ ရှာပေးရပါတယ်။ “ မိုးရွာနေလို့၊ ကား ဘီးပေါက်နေလို့၊ မီးပွိုင့်ကျပ်နေလို့၊ အလုပ်တွေ ဖြတ်မရသေးလို့” စသဖြင့် အကြောင်းအရင်းကို သေချာမေးပြီး ပြောပြပေးရပါတယ်။
ဒီနေရာထိ အဆင်ပြေပါသေးတယ်။ အဆင်မပြေတော့တာက ကျွန်တော်တို့ အေးဂျင့်တွေရဲ့ စိတ်ထားပါ။ ကျွန်တော် ထိုအချိန်တွေဆို အရမ်း Sensitive ဖြစ်ပါတယ်။ မျက်နှာက ပြုံးထားပေမယ့် စိတ်ထဲမှာတော့ “အရောင်း ကလဲ ကွာ ဒီလောက် ပြောထားတာကို အခုတော့ အားနာစရာတွေ ဖြစ်ရတယ်။ နောက်ကျမယ် ဆိုလဲ ကြိုပြောသင့်တယ်” ဆိုတဲ့ စကားပါ။
ဒါလေးက ဘာမှ မဟုတ်ဘူးဆိုပေမယ့် နောက်ကျသိလိုက်တာက ဒါက ပရောဖက်ရှင်နယ် မဆန်တာပါ။ နောက်ဆုံး ဘာသာတရား အရ ပြောရရင် စိတ်ထဲကနေ အကုသိုလ် ယူနေတာပါ။ ဒီတိုင်းလွှတ်ထားပြီး ပရောဖက်ရှင်နယ်ဆန် ပြလိုက်ရင် ကောင်းပါတယ်။
ဒါကြောင့် ကျွန်တော် ပြောင်းလဲခဲ့ပါတယ်။ မနေက ဧပြီ ၃၀, ၂၀၂၅ နေ့ နေ့လည် ၁၀ နာရီ ဝန်းကျင်လောက်မှာ အိမ်ငှားစာချုပ်လေး ချုပ်မို့ပါ။ အိမ်ရှင်ကလည်း နယ်ကနေ လာရတာပါ။ ဒီတော့ သူက စောစော ရောက်နေပေမယ့် အိမ်ငှားမဲ့ သူက ကုန်တင်ကုန်ချသမားမို့ ထိုအချိန်မှာ အလုပ်ပေါ်လာတာနဲ့ ဒီဘက်ကို မလာနိုင်ဖြစ်သွားပါတယ်။
ဒီနေရာမှာ သေချာပြန်စဉ်းစားကြည့်ရင် အိမ်ငှားသူက အချိန်မလေးစားတာ ဆိုတာ မြင်နိုင်ပေမယ့် တစ်ဖက်ကို ကျွန်တော်တို့ နားလည်ပေးကြည့်ပါ။ အိမ်ငှားသူက ကားဆရာပါ။ သူ့မှာ ကုန်တင်ကုန်ချ ချိန်မှ ငွေကရှာလို့ရတာပါ။ ကျန်တဲ့ အချိန်မှာ ငှားသူမရှိရင် နားနေရတာပါ။ သူလဲပဲ ဟိုဘက်က ချိန်းထားတယ် ဆိုပေမယ့် ငွေလည်း ရှာဦးမှာမို့ နောက်ကျနေတာမျိုးပါ။
ဒီနေရာမှာ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ပြင်ပေးထားလိုက်ပါတယ်။ စာချုပ်ကို ကိုယ်စားအနေနဲ့ ပိုင်ရှင်နဲ့ အဆင်ပြေအောင် ချုပ်ဆိုရင်း ငွေကိုတော့ Kpay နဲ့ ချေနိုင်အောင် စီစဉ်ပေးလိုက်ပါတယ်။
အိမ်ငှားမဲ့သူ က နေ့လည် ၁ ချက်ထိုး ဝန်းကျင်ရောက်လာတယ်။ စာချုပ်ပြလိုက်တယ်။ ငွေပေးတာနဲ့ Kpay နဲ့ ပိုင်ရှင်ကို ငွေလွှဲပေးလိုက်ပါတယ်။ နောက်ဆုံး အဆင်ပြေသွားတယ်။
အကျဉ်းချုပ်
—---
ဆိုလိုတာက ဒီနေရာမှာ
၁) ဖြေရှင်းလို့ရတဲ့ နည်းလမ်းတွေ ရှာကြည့်ပါ။
၂) တစ်ဖက်နဲ့ တစ်ဖက်ကို နားလည်ပေးလိုက်ပါ။
၃) စေတနာ ထားတာကို မည်သည့် အကြောင်းနှင့် မျှ မပျက်စေပါနဲ့။
၄) အရေးကြီးတာကတော့ အပြစ်မမြင် ပါနဲ့။ (Avoid Blaming)
၅) ကုသိုလ်ကနေ အကုသိုလ်မပြောင်းပါစေနဲ့။
ခေါင်းစဉ် “ချိန်းထားတဲ့ နေရာကို အဝယ်ကတော့ ရောက်နေပြီး အရောင်း ရောက်မလာသေးတာ? နောက်ကျ နေတာတွေမှာ ဘယ်လို ဖြေရှင်းသင့်သလဲ?” ဆိုပေမယ့် ဥပမာ ပေးတဲ့ အငှားနဲ့ အတူတူပါပဲ။ အားလုံးက ပြဿနာတစ်ခုကို ကိုယ့်ရဲ့ ပြဿနာဖြေရှင်းနည်း စွမ်းအင် (Problem Solving Skill) ကို အသုံးပြုသွားတာ၊ ပရော်ဖက်ရှင်နယ် ဆန်တာတွေက အတူတူပါပဲ။
မိတ်ဆွေ တို့ရဲ့ အတွေ့အကြုံလေးတွေ ရှိရင်လည်း မျှဝေပေးလို့ရပါတယ်။ အခုလို ရေးတာလေးတွေ အမြဲ ဖတ်ချင်တယ် ဆိုရင်လည်း Follow ထားလို့ရပါတယ်။ အိမ်ခြံမြေမှာ ကံကောင်းပါစေ။
Keep Reading