Default Profile Photo

SarPhat User

18/04/2024

ရေကူးညာတင် စကားပြောနည်း

1 min read
Education
General Knowledge
Culture
ရေကူးညာတင် စကားပြောနည်း's photo

ရေကူးညာတင်စကား- လိုရာဆိပ်ကမ်းကို ရေညာကတင်၍ကူးမှရောက်သကဲ့သို့ မိမိလိုရာရောက်အောင်ကြိုတင်၍ စကားပိုဖြင့် ပြောဆိုခြင်း။

မြစ်တဖက်မှ လိုရာဆိပ်ကမ်းသို့ ကူးလိုလျှင်၊ မြစ်ညာက တင်၍ ကူးမှ လိုရာသို့ရောက်သကဲ့သို့၊ မိမိ အလိုရှိရာသို့ ရောက်အောင် အထက်က တင်ကူး၍ ပြောခြင်းကို ရေကူးညာတင်ပြောနည်းဟု ခေါ်ပါသည်။

ဥပမာ -

ရှေးအခါက သမားတော်ဇီဝကသည် အူထုံးသော သူဌေးသားကို ကုသရာတွင် ခုနစ်ရက်ခန့် အိပ်စေလိုသည်ကို ခုနစ်လခန့် အိပ်နိုင်မည်လောဟု မေး‌လေသည်။

သူဌေးသားက မအိပ်နိုင်ပါဟု ဆိုသည်တွင် ခြောက်လခန့် အိပ်နိုင်ပါမည်လော စသည်ဖြင့် တရွေ့ရွေ့ဆုတ်ကာ ဆုတ်ကာမေး‌လေ၏။

နောက်ဆုံး လိုရင်းဖြစ်သော ခုနစ်ရက်သို့ ရောက်ခါမှ သူဌေးသားကို ခုနစ်ရက် အိပ်စေပြီးလျှင် ဝမ်းကိုခွဲ၍ အူထုံးကို ဖြေပါသည်။

ဤစကားမျိုးသည် ရေကူးညာတင်ဆိုသော စကားမျိုးဖြစ်‌ပါသည်။ အရပ်သားအသုံးအနှုန်း၌ ရင်လောက်တင် ဒူးလောက်ကျ ဟူသောစကား၏ အဓိပ္ပာယ်ကဲ့သို့ပင် ဖြစ်ပါသည်။

နောက်ထပ် စကားကြီး (၉) မျိုး ကိုလည်း ဥပမာများနှင့်အတူ ဖြည်းဖြည်းချင်း တင်ပေးမှာမို့ စောင့်မျှော်ပေးကြပါဦးရှင့်❤️

ကောက်ပင်ရိတ်လှီး စကားပြောနည်း ????
https://sarphat.com/posts?id=3517

Keep Reading

Cambridge English Exam"စကားချိုသာလျှင် လိုရာကိုရသည်"တက်ညီလက်ညီ ပန်းတိုင်ဆီသို့ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarship