Author's Profile Photo

SarPhat Author

17/04/2024

ဘာကြောင့် Keyboard တွေမှာ ABCD အစဉ်လိုက်မရှိတာလဲ?

1 min read
Education
General Knowledge
ဘာကြောင့် Keyboard တွေမှာ ABCD အစဉ်လိုက်မရှိတာလဲ?'s photo

ကွန်ပျူတာ၊ Laptop နဲ့ ဖုန်းတွေမှာ စာရိုက်တဲ့အခါ ဘာကြောင့် ABCD ဆိုပြီး လက်ကွက်အစဉ်လိုက်မရှိတာလဲလို့ တွေးဖူးကြလား?
အဲဒီလို ဘာကြောင့်မရှိရတာလဲဆိုတဲ့အကြောင်းကို ဒီနေ့ပြောပြပေးသွားမှာပါ။ ဖတ်ကြည့်လိုက်ရအောင်။
ကွန်ပျူတာနဲ့ ဖုန်း Keyboard တွေအကြောင်းပြောရမယ်ဆိုရင်တော့ သူတို့မတိုင်ခင် မူလအရင်းခံဖြစ်တဲ့ လက်နှိပ်စက်တွေအကြောင်းပြောရမှာပါပဲ။ တကယ်တော့ ပထမဆုံးတီထွင်ခဲ့တဲ့ လက်နှိပ်စက်တွေမှာ ABCD က အစဉ်လိုက်ရှိခဲ့ပါတယ်တဲ့။ ဒါဆိုရင် ဘာကြောင့် အခုမရှိတော့တာလဲ?
ဘာကြောင့်လဲဆိုတော့ အဲဒီခေတ်အခါက လက်နှိပ်စက်တွေဟာ မြန်မြန်ရိုက်မယ်ဆိုရင် စက်ညပ်ပြီး မကြာခဏပျက်လေ့ရှိပါတယ်တဲ့။ ABCD အစဉ်လိုက်ထားတဲ့အခါမှာ စာရိုက်တဲ့သူတွေက မြန်မြန်အသားကျပြီး စာရိုက်တာကို မြန်မြန်ရိုက်နိုင်ကြတဲ့အတွက် ABCD အစဉ်လိုက်မထားတော့ဘဲ ပြောင်းလဲခဲ့ကြပါတယ်။
အဲဒီလို စတင်ပြောင်းလဲခဲ့တဲ့အထဲမှာတော့ ဒီနေ့လက်ရှိ အားလုံးအသုံးပြုနေကြတဲ့ QWERTY ပုံစံနဲ့ Dvorak keyboard ဆိုတဲ့ပုံစံ နှစ်မျိုးက တွင်ကျယ်ခဲ့ပါတယ်။

Dvorak ပုံစံမှာဆိုရင်တော့ အလယ်လိုင်းမှာ အသုံးများတဲ့ အက္ခရာတွေကို စုထားပေးပြီး ဘယ်ဘက်ခြမ်းမှာဆိုရင် ဗျည်းနဲ့ သရ တွေရှိပါတယ်။ ညာဘက်ခြမ်းမှာတော့ ဗျည်းတွေချည်းပဲရှိပါတယ်။ ဒါကြောင့် Dvorak ပုံစံနဲ့ စာရိုက်မယ်ဆိုရင် လက်တစ်ဖက်တည်းနဲ့ရိုက်နိုင်တဲ့ စာလုံးအရေအတွက်က နည်းနည်းပဲရှိပါတယ်။
အားလုံးအသုံးပြုနေကြတဲ့ QWERTY ပုံစံကိုတော့ Christopher Latham Sholes ဆိုသူက တီထွင်ခဲ့ပါတယ်။ ဒီပုံစံကတော့ လက်တစ်ဖက်က စာလုံးတစ်လုံးကို ရိုက်နေတဲ့အချိန်မှာ နောက်လက်တစ်ဖက်က နောက်စာလုံးတစ်ခုကို ရိုက်ဖို့ ပြင်ဆင်ချိန်ရအောင် ဖန်တီးထားတယ်လို့ဆိုပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီပုံစံမှာ ဗျည်းနဲ့ သရ တွေကို နေရာဖြန့်ထားပြီး လက်တစ်ဖက်တည်းနဲ့ စာလုံးတွေအမြောက်အများကို ရိုက်နိုင်ပါတယ်တဲ့။
QWERTY ပုံစံမှာ ဘယ်ဘက်လက်တစ်ဖက်တည်းနဲ့ အင်္ဂလိပ်စာလုံးပေါင်း ထောင်နဲ့ချီရိုက်လို့ရပြီး ညာဘက်တစ်ဖက်တည်းနဲ့ ရာဂဏန်း ရိုက်နိုင်ပါတယ်တဲ့။
ဒါကြောင့် ဒီနေ့ခေတ်မှာ QWERTY ပုံစံကိုပဲ တစ်ကမ္ဘာလုံးက အသုံးပြုကြတော့တာပဲဖြစ်ပါတယ်။
ဒါဆိုရင်တော့ Keyboard တွေမှာ ဘာကြောင့် ABCD အစဉ်လိုက်မရှိတာလဲဆိုတဲ့ အကြောင်းအရင်းကို သိသွားကြလောက်ပြီပေါ့။ သူငယ်ချင်းတွေကိုလည်း ဒီလိုဗဟုသုတတွေ မျှဝေပေးဖို့ မမေ့နဲ့နော်။
#crd

Keep Reading

Mindsetကလေးငယ်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာမမေ့ချင်ဆုံးအမှတ်တရ (သို့) ဒုတိယမြောက် Grade-12 ကျောင်းသားဘဝ (Episode-4)ကိုယ်သာလျှင် ကိုယ့်ရဲ့ပြိုင်ဘက်ပါတက်ညီလက်ညီ ပန်းတိုင်ဆီသို့◾ဝိုက်ချ မောက်ချ ဘာကြောင့် ခွဲရေးတာလဲ❓မျက်လုံးခြောက်ခြင်း(Dry Eye)အတွက် ကျန်းမာရေးအသိပညာFinance Vs Accountingလဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်