Nicolette
ကောင်းကောင်းအိပ်ပျော်တဲ့သူဆိုတာ အရမ်းရှားသွားပြီလို့တောင် ပြောလို့ရပါတယ်။
လူတော်တော်များများက ညဘက်ရောက်ပြီဆိုရင် အိပ်ပျော်ဖို့ကို အရမ်းကြိုးစားယူရပြီး မနက် အလုပ်ချိန်မှီအောင် ထဖို့ ခဲယဉ်းတတ်ကြပါတယ်။
တချို့ကတော့ တစ်နေကုန် အလုပ်တွေ မနားအောင်လုပ်ရတာမို့ ညဘက်ရောက်မှ ကိုယ်ပိုင်အချိန်လေးရတာဆိုပြီး
ညဘက်တွေ မအိပ်တော့ဘဲ ကိုယ်လုပ်စရာရှိတာလေးတွေ ကိုယ်ကြည့်ချင်တဲ့ ဇာတ်ကားလေးတွေကြည့်တတ်ကြပါတယ်။
ဒီလိုကနေ အကျင့်ဖြစ်ပြီး ညဘက် အိပ်ရခက်ခဲသွားကြပါတယ်။
အရွယ်ရောက်ပြီးသူတစ်ယောက်က အိပ်ချိန် အနည်းဆုံး (7) နာရီ လိုအပ်ပြီး
အိပ်ချိန် (10) နာရီ ထက်ပိုအိပ်မိတာ ဒါမှမဟုတ် အိပ်ချိန် (7) ထက်လျော့အိပ်မိတာဆိုရင် ဦးနှောက်ထိခိုက်နိုင်ပါတယ်။
ဦးနှောက်မထိခိုက်အောင် ဘယ်လိုအိပ်ကြမလဲ……..
အိပ်ချိန်သတ်မှတ်ပါ
ဉပမာ - ည (12) နာရီအိပ် မနက် (7) နာရီ ထမယ်ဆိုပြီး သတ်မှတ်ထားပါ။
နေ့တိုင်း သတ်မှတ်ထားတဲ့ နာရီရောက်ရင် အိပ်ပါ။ ထပါ။
နားရက်ဆိုပြီး ပိုအိပ်တာမျိုမလုပ်ပါနဲ့။
အကျင့်ဖြစ်အောင် အိပ်ချိန်နာရီကို သေချာသတ်မှတ်ပါ။
အစားအသောက် ဂရုစိုက်ပါ
အိပ်ခါနီး တဝ တပြဲစားတာမျိုး လုံးဝမလုပ်ပါနဲ့။
အိပ်ခါနီး ကော်ဖီသောက်တာမျိုး ၊ အရက်သောက်တာမျိုးကိုလဲ ရှောင်ပါ။
ဒီလိုမျိူးသောက်ရင် မနက် စိတ်ကြည်ကြည်လင်လင်နဲ့ နိုးထနိုင်မှာ မဟုတ်ပါဘူး။
ညစာကို အဆီများတာမျိုး ၊ အငံများတာမျိုးရှောင်ပေးပါ။
အိပ်ခါနီးမှ ညစာစားတာမျိုးကိုလဲ မလုပ်ပါနဲ့။
ညစာကို အိပ်ချိန်နဲ့ခွာပြီး စားပါ။
အခန်းရှင်းပါ
အိပ်ရာ အိပ်ခင်းတွေ ညစ်ပတ်နေတာမျိုး ၊ အနံ့အသက်မကောင်းတာ ၊ ရှုတ်ပွနေတာမျိုးဆိုရင် အိပ်ပျော်မှာမဟုတ်သလို အိပ်မက်ကောင်းကောင်းလဲ မက်မှာမဟုတ်ပါဘူး။
ဒါကြောင့် အခန်းကို အမြဲတမ်းရှင်းပါ။
ညအိပ်မီးသုံးပါ
တချို့က အရမ်းမှောင်မဲနေရင်လဲ စိတ်မလုံမခြုံဖြစ်ပြီး အိပ်မပျော်တတ်ကြပါဘူး။
သို့ပေမယ့် အရမ်းလင်းနေရင်လဲ အိပ်ပျော်မှာ မဟုတ်ပါဘူး။
ညအိပ်မီး အဖြစ် မီးအိမ် ၊ မီးသီးအသေးလေးကို ညအိပ်မီးအဖြစ်သုံးတာ အိပ်ပျော်စေဖို့ အထောက်အကူဖြစ်ပါတယ်။
နေ့ခင်းဘက်အိပ်တာလျော့ပါ
နေ့ဘက်တွေ အိပ်တာက ဦးနှောက်အတွက် ကောင်းတယ်ဆိုပေမယ့် နာရီဝက်ထက်ပိုအိပ်တာ မကောင်းပါဘူး။
နေ့ခင်းဘက် အကြာကြီးအိပ်တတ်ရင် ညအိပ်ချိန်တွေကို ထိခိုက်နိုင်ပါတယ်။
နေ့ခင်းဘက် အိပ်တာတွေကို လျော့လိုက်ပါ။
စာအုပ်ဖတ်ပါ
စာအုပ်ဖတ်တာက အိပ်ပျော်ဖို့ အကောင်းဆုံးနည်းပါပဲ။
စာဖတ်နေရင်းနဲ့ အိပ်ပျော်သွားတာကိုတောင် သိလိုက်မှာမဟုတ်ပါဘူး။
ညဘက်ဖတ်ဖို့အတွက် ခက်ခဲတဲ့စာအုပ်တွေထက် ကိုယ်ပိုပြီး စိတ်ဝင်စားတဲ့ စာအုပ်အမျိုးအစားတွေကို ဖတ်ပါ။
မအိပ်ခင် အကြောလျော့ပါ
မအိပ်ခင်မှာ အကြောတွေအားလုံးကို ဖြေလျော့ပစ်ပါ။
ယောဂကျင့်တာမျိုးနဲ့ အကြောတွေကို ဖြည်းဖြည်းခြင်းဆွဲဆန့်တာမျိုးက အိပ်ပျော်ဖို့အတွက် အလွန်ကောင်းပါတယ်။ အညောင်းလဲပြေပါတယ်။
သီချင်းနားထောင်ပါ
အရမ်းဆူညံပြီး မြန်တဲ့သီချင်းတွေကိုတော့ ရှောင်ပါ။
သီချင်းမဟုတ်လဲ မိုးရွာနေတဲ့အသံ၊ လေတိုက်တဲ့အသံမျိုးတွေ နားထောင်လို့ရပါတယ်။
တေးသွားဖြေးဖြေးလေးတွေ နားထောင်ပေးတာက အိပ်ပျော်ဖို့ အထောက်အကူပြုပါတယ်။
အိပ်ဆေးကို အကျင့်မလုပ်ပါနဲ့
အလွယ်တကူအိပ်ဆေးသောက်ပြီး အိပ်တာကို အကျင့်မလုပ်ပါနဲ့။
အိပ်ဆေးအစား နွားနို့သောက်ပါ။
အစေ့အဆန်နဲ့ သစ်သီးများများ စားပေးတာကလဲ အိပ်ပျော်စေပါတယ်။
ခြေထောက်ဆေးပါ
အိပ်ပျော်ဖို့အရမ်းခက်ခဲနေတဲ့သူဆိုရင် ညနေပိုင်းမှာ ရေနွေးလေးနဲ့ ခြေထောက်ကို စိမ်ပေးပါ။
မအိပ်ခင် ခြေထောက်ကို ရေနွေးမစိမ်ချင်ရင်တောင် ပြောင်အောင်ဆေးပြီးတော့ နှိပ်ပေးကြည့်ပါ။ အိပ်ပျော်ပါလိမ့်မယ်။
အတွေးမလွန်ပါနဲ့
အတွေးလွန်တာက အိပ်မရတဲ့အကြောင်းပြချက်ကြီးပါပဲ။
အိပ်ခါနီးဆိုရင် ဘယ်ကမှန်းမသိတဲ့ စိတ်ဓာတ်ကျစရာတွေ ပေါ်လာတတ်ပါပြီ။
ဒါတွေကို စာအုပ်ဖတ်တာ သီချင်းနားထောင်တာနဲ့ အာရုံပြောင်းလို့ရပါတယ်။
မနက်ခင်းပိုင်း အရမ်းမပူတဲ့အချိန်မှာ နေရောင်ခြည်နဲ့ နာရီဝက်လောက် ထိတွေ့ပေးရင်လဲ ဒီအတွေးတွေကို လျော့ကျပေးပါတယ်။
အိပ်ခါနီးဆိုရင်တော့ စိတ်ညစ်စရာတွေ မတွေးမအောင် ကြိုးစားပါ။
ကောင်းမွန်တဲ့ အိပ်စက်အနားယူချိန်က လူတိုင်းအတွက် အရမ်းအရေးကြီးပါတယ်။
ကောင်းကောင်းအိပ်စက်မှပဲ အသားအရေပျက်စီးတာ၊ ဦးနှောက်ပျက်စီးတာနဲ့ တခြားသောရောဂါတွေကို ကာကွယ်နိုင်မှာပါ။
အားလုံးအိပ်ရေးဝကြပါစေ။
ဖတ်သင့်တဲ့ English စာအုပ်ကောင်းလေးတွေနဲ့ စာအုပ် review လေးတွေကိုလဲ ရေးပေးသွားဦးမှာမို့လို အကောင့်လေးကို follow လုပ်သွားကြပါဦးနော် ☺️
Keep Reading