SarPhat Author
ကျွန်တော် အလယ်တန်းကျောင်းသားဘဝက နွေရာသီအားလပ်ရက်များနှင့်စနေ၊တနင်္ဂနွေအားလပ်ရက်များတွင် စာအုပ်အငှားဆိုင်ကို ရက်ပျက်မရှိ သွားလေ့ရှိသည်။သည်အချိန်၌ ရပ်ရွာများတွင် စာကြည့်တိုက်များလည်း ရှိနေပြီဖြစ်သည်။သို့သော် စာကြည့်တိုက်သို့ သြား၍ စာအုပ်ငှားလျှင် စာကြည့်တိုက်မှူး မရွိ၍ စာအုပ်ငှားရန် အခက်ခဲတော့ရှိသည်။အမှန်မှာ စာကြည့်တိုက်သည် ဆိုင်းဘုတ်သာရှိ၍သည်။ ထို့ကြောင့် စာအုပ်အငှားဆိုင်များသို့ သြား၍ ငှားဖတ်ကြရသည်။ထိုအချိန်က ရုပ်ပြနှင့်ကာတွန်းစာအုပ်တစ်အုပ်လျှင် ငွားခ ငှအေစိတျပေးရသညျ။ဝတၳုတဈအုပျငှားခသညျ ငါးဆယ်၊ခုနစ်ဆယ့်ငါးကျပ် အသီးသီးရှိသည်။ကျောင်းအားရက်ရောက်သည်နှင့် ကျွန်တော်နှင့်သူငယ်ချင်းများနှင့်အိမ်မှပေးသော မုန့်ဖိုးကလေးများကိုင်ကာ တွင်းငယ်ရွာ၏အလယ်တွင်ဖွင့်ထားသော "မြတ်သစ္စာ"စာအုပ်အငှားဆိုင်သို့သာ သွားကြရသည်။ဆိုင်ရောက်လျှင် စာအုပ်ငှားပြီး အိမ္ကို အတော်နှင့် ပြန်မလာတတ်ကြ။ဆိုင်အတွင်းရှိ ရွိရွိသမ်ွစာအုပ္မ်ားထဲမွ ပထမဦးစြာ စာအုပ်အသစ်ကို ရှာသည်။အဟောင်းများကို ဆိုင်တွင်တဝတပြဲ ထိုင်ဖတ်ကြသည်။စာအုပ်အသစ်ကိုသာ ငွား၍ အိမ်မှဖတ်သည်။တစ်ခါငှားလျှင် နှစ်အုပ်သုံးအုပ်မငှားနိုင်၍ ဆိုင်တွင် အကြာကြီး ထိုင်ဖတ်ခြင်းပင်ဖြစ်သည်။စာအုပ်ဆိုင်သို့ သြားဖန္မ်ား၍ ဆိုင်ရှင်နှင့်ပင် ရင်းနှီးလာသည်။ထို့ကြောင့် တစ်ခါတရံ ငှားခတစ်အုပ်ဖိုးသာ ပေးနိုင်သော်လည်း နှစ်အုပ်သုံးအုပ် ရလာတတ်သည်။ကျွန်တော်က တစ်ရက်လျှင် မုန့်ဖိုးအစိတ် ရသည်။စာအုပ်ငှားဖတ်သည့်နေ့တွင် မုန့်ဝယ်မစားရတော့ပေ။ထိုသို့ပြုလုပ်ရန် မည်သူမျှ တိုက်တွန်းခြင်းမဟုတ်၍ ''မုန့်စားချင်သည်''ဟုလည်း မိဘမ်ားအား စောဒကမတက်ရဲပါ။ထို့ကြောင့် နေ့လယ်နေ့ခင်း ပျင်းလျှင်ပင် ကျွန်တော်၏အဖော်မှာ စာအုပ်များပင်ဖြစ်နေတော့သည်။ထို့ကြောင့်လည်း စာအုပ်အငှားဆိုင်သို့ သွားဖြစ်ကြသည်။စာအုပ်အငှားဆိုင်သို့ ဝင်လိုက်သည်နှင့် "စာအုပ်စာပေ လူ့မိတ်ဆွေ" ဟူသော စာသားကို တွေ့ရသည်။ထို့အပြင် "စာပေမြင့်မှ လူမျိုးတင့်မည်"ဟူသော စာတန်းသည်လည်း ကျွန်တော်တို့နှင့် အတော်လေးပင် ရင်းနှီးနေပြီဖြစ်သည်။တွေ့ဖန်များ၍ အဓိပ်ပါယျကိုပငျ နားလည်နေကြပြီ။ငှားဖန်များ၍ ကျွန်တော်တို့သည် စည်းကမ်းလည်း လိုက်နာတတ်လာသည်။အဘယ့်ကြောင့်ဆိုသော် စာအုပ်အငှားဆိုင်တွင် "စည်းကမ်းဟူသည် လူ့တန်ဖိုး" ဟု ချိတ်ဆွဲထား၍ ဖွဈသညျ။အဓိပ်ပါယျကို ကလေးအတွေးဖြင့်"စည်းကမ်းရှိတဲ့လူမှ တန္ဖိုးရွိတာ" ဟူ၍လည်း စဉ်းစားမိလာသည်။ထိုစာတန်းများကြောင့်လည်း စည်းကမ်းကိုလိုက်နာတတ်သော၊စာပေကိုတန်ဖိုးထားတတ်သော ကျောင်းသားလူငယ်လေးများ ဖြစ်လာနိုင်သည်ကား မမှားပေ။ထို့အပြင် စာအုပ်ငှားလျှင် မိမိအိမ်တွင် တစ်ရက်သာထားခွင့်ရှိသည်။ရက်လွန်ပါက ရက်လွန်ကြေးပေးရသည်။ရေစိုစုတ်ပြဲ ပျက်စီးပျောက်ဆုံးပါက စာအုပ်တန်ဖိုးအတိုင်း ပေးလျော်ရပြန်သည်။ထို့ကြောင့်ပင် ကျွန်တော်တို့သည် လျော်စရာပိုက်ဆံမရှိသောကြောင့် ဆိုင်၏စည်းကမ်းများကို လိုက်နာတတ်လာခြင်းဟု ဆိုရမည်။ထိုအချိန်က ဗဟုသုတရရန်ဖတ်ချင်းမဟုတ်ဘဲ ကေလးပီပီ အပျော်တမ်းစာဖတ်ခဲ့ခြင်းသာဖြစ်သည်။သို့သော် ကျွန်တော်တို့သည် စာဖတ်ခြင်းမှ ပျော်ရွှင်မှုများအပြင် ဗဟုသုတများစွာလည်း ရကြသည်။ယနေ့တွင် ကျွန်တော်တို့ရွာရှိ'' မြတ်သစ္စာ''စာအုပ်အငှားဆိုင်လေးလည်း တိမ်ကောပျောက်ကွယ်ခဲ့လေပြီ။မည်သို့ပင်ဖြစ်စေ စာအုပ်အငှားဆိုင်များသည် ကျွန်တော်တို့အတွက် မ်ားစြာ အကျိုးရှိခဲ့ပါ၏။ထိုအချိန်က ယနေ့အချိန်ကဲ့သို့ ကြည့်စရာ ဖုန်းများမရှိပေ။အလုပ်အားလပ်သည်နှင့် အိပ်လျှင်အိပ်၊မအိပ်လျှင် စာကျက်၊စာဖတ်ရန်နှင့်ကစားရန်သာရှိသည်။ထိုအချိန်က ကိုယ်ကြိုက်သည့် သီချင်းလေးကိုပင် ရေဒီယိုမှလွှင့်၍ အကြောင်းတိုက်ဆိုင်မှသာ နားထောင်ခွင့်ရသည့် အချိန်ဖြစ်သည်။ယနေ့ခေတ်တွင် မိမိနားထောင်ချင်သည်ကို လြယ္ကူစြာ နားထောင်နိုင်ကြပြီ။ထို့အပြင် ကမ္ဘာကြီးကိုပင် အိမ်ခန်းထဲထည့်ထားနိုင်သည့် အင်တာနက်ခေတ်သို့ ရောက်လာပြီ ဖြစ်သည်။လူတိုင်း ဖုန်းကိုင်နေကြလေပြီ။သို့သော် စာအုပ်ဖတ်လိုလျှင် လြယ္ကူစြာ ဖတ်နိုင်သောခေတ်ရောက်မှ စာဖတ်နှုန်းများ ကျွန်တော်တို့ရွာတွင် သိသိသာသာလျော့နည်း နေသည်ကို သတိထားမိ၏။အားလပ်သည့်အချိန်တွင် ဖုန်းဖြင့်သာ အချိန်ကုန်နေကြတော့သည်။ဖုန်းထဲတွင်ရှိသော ပီဒီအက်ဖ်စာအုပ်များသည် ဖတ်ရလွယ်ကူသည်။သို့သော် ကြာရှည် မည်သူမျှ မဖတ်နိုင်ကြပေ။ကျွန်တော်ကမြို့နှင့် အလှမ်းဝေးသော နေရာတွင် နေရသော်လည်း မန္တလေးသို့ တစ်ခေါက်ရောက်လျှင် စာအုပ္မ်ားကို အိမ်တွင်ဖတ်ရန် များများဝယ်ခဲ့သည်။ပီဒီအက်ဖ်စာအုပ်များကိုမူ ပုံနှိပ်စာအုပ်အဖြစ် အလွယ်တကူမရနိုင်သော စာအုပ်များအတွက် ဒေါင်းလုတ်ဆွဲ၍ ဖတ်သည်။ထို့ကြောင့် အင်တာနက်သုံးရသည်မှာလည်း အကျိုးရှိလှသည်။အင်တာနက်သုံးစွဲရာတွင် လူမူကွန်ရက်ဖြစ်သော ဖေ့စ်ဘွတ်ကို လူတိုင်းသုံးနေကြပြီ။ကျွန်တော်လည်း သုံးသည်။သို့သော် အချိန်ဖြုန်းနေခြင်းမျိုး မဖြစ်ရန် လိုသည်။ဖေ့စ်ဘွတ်သည် အဝေးရောက်မိတ်ဆွေ သူငယ်ချင်းများအားလုံးနှင့်အဆက်အသွယ်မပြတ်စေရန်၊ မိမိတို့ရောက်နေသည့် ရေမြေဒေသများအကြောင်းကို သိကြစေရန် သုံးခြင်းသာ အကောင်းဆုံးဖြစ်မည်။ဖေ့စ်ဘွတ်တွင် ကမ္ဘာ၌ ဖြစ်ပျက်နေသော အကြောင်းအရာများကို ရှာဖတ်နိုင်သည်မဟုတ်လော။ဤနည်းများဖြင့် စာအုပ်အငှားဆိုင်ခေတ်တွင်သာမက အင်တာနက်ခေတ်တွင်လည်း စာပေဗဟုသုတနှင့်အကြောင်းအရာမျိုးစုံကို သိရှိရန် ကြိုးစားခဲ့ကြသည်။ယနေ့ခေတ်တွင် အင်တာနက်ကို ကောင်းစွာ သုံးလျှင်လည်း အကျိုးရှိနိုင်ပါသေးသည်။အကြောင်းမှာ ယခုဆိုလျှင် ကျွန်တော်၏ စာရေးဝါသနာသည်လည်း အင်တာနက်၏အကျိုးကျေးဇူးကြောင့် အတော်လေးခရီးပေါက်လာသောကြောင့်ဖြစ်သည်။ဆယ်တန်းအောင်ပြီးအချိန်မှစ၍ ကျွန်တော်သည် စာမူများရေး၍ မဂ္ဂဇင်းတိုက်၊ဂျာနယ်တိုက်မျိုးစုံသို့ စာတိုက်မှ ပို့ဖူးသည်။သို့သော် ဆက်သွယ်ရေးမှာ မလွယ်ကူခဲ့ပေ။စာတိုက်ခ ကုန်ကျသည့်အပြင် သွားလာစရိတ်ပါ အပိုကုန်ခဲ့သည်။ထို့ကြောင့် ကျွန်တော်၏ စာရေးဝါသနာပင် ပျောက်လုလုဖြစ်ခဲ့ရဖူးသည်။အင်တာနက်ခေတ်ရောက်သည်နှင့် အီးမေးလ်ကို ကောင်းကောင်းသုံးစွဲတတ်လာ၍ စာမူမ်ားကို မေးလ်မှသာ ပို့တော့သည်။စာတိုက်ခနှင့် လမ်းစရိတ်ပါ ကုန်ကျမှုသက်သာသည်။မြန်ဆန်လွယ်ကူသော အင်တာနက်ခေတ်ရောက်လာသည်နှင့် ကျွန်တော်၏ဝါသနာသည်လည်း အထမြောက် အောင်မြင်ခဲ့လေပြီ။ အင်တာနက်ကို အကျိုးကျိုးရှိရှိ အသုံးချလျှင် ဘဝ၌ စာပေဗဟုသုတများလည်း ရရှိနိုင်သည့်အပြင် နည်းမှန်လမ်းမှန် အသုံးချကြည့်ပါက ဘဝပင် အောင်မြင်တိုးတက်လာနိုင်ပါသည်ဟု ဆိုချင်သည်။ထို့ကြောင့် စာအုပ်အငှားဆိုင်ခေတ်ဖြစ်စေ၊အင်တာနက်ခေတ်ဖြစ်စေ ယူတတ်လျှင် ရနိုင်ကြသည်ဟု ဆိုချင်ပါသည်။သို့သော် ခေတ်များပြောင်းလဲခဲ့သော်လည်း ကောင်းစွာအသုံးချနိုင်မှသာလျှင် ကောင်းကျိုးရနိုင်သည်မှာ အမှန်ပင်ဖြစ်လေတော့သည်။
နန္ဒမန်းကြယ်(တွင်းငယ်)
Keep Reading