Author's Profile Photo

Oasis

10/04/2024

‘အပူဒဏ်ကြောင့် လမ်းပေါ်မှာ ဆုံးရှုံးနေတဲ့ အသက်တွေ’

2 mins read
Life Style
Health
General Knowledge
‘အပူဒဏ်ကြောင့် လမ်းပေါ်မှာ ဆုံးရှုံးနေတဲ့ အသက်တွေ’'s photo



ဒီရက်ပိုင်း လမ်းပေါ်မှာ အပူဒဏ်ကြောင့် လဲကျသေဆုံးတာတွေ၊ မူးဝေသတိလစ်တာတွေ နေ့တိုင်းလိုလို ကြားနေရတာ စိတ်မကောင်းစရာပါ။ တစ်နှစ်တာရဲ့ အပူဆုံးကာလ ရောက်နေပေမယ့် ဝမ်းရေးအတွက် မဖြစ်မနေ လှုပ်ရှားသွားလာရတဲ့အခါ အပူဒဏ်ဟာ ရန်သူသဖွယ် ဖြစ်လာရုံမက အသက်တွေကိုပါ ချွေယူလို့နေပါပြီ။

အပူချိန်တွေ မြင့်တက်လာတဲ့အခါမှာ ? ပူတယ် ? အိုက်တယ် ? ချွေးထွက်တယ်ဆိုတာရဲ့ နောက်ကွယ်မှာ မမြင်နိုင်တဲ့ ကျန်းမာရေး ပြဿနာတွေက အများကြီးပါ။ အထူးသဖြင့် Heat Stroke (အပူလျှပ်တာ) Heat Exhaustion (အပူကြောင့် မောပန်းနွမ်းနယ်တာ) အပြင် ? Dehydration (ရေဓါတ်ခမ်းခြောက်တာ) တွေကတော့ အဖြစ်အများဆုံးပါပဲ။

? ပုံမှန်အားဖြင့် လူ့ခန္ဓာကိုယ်ဟာ ပြင်ပအပူချိန်အလိုက် ချိန်ညှိပြီးတော့ ထိန်းညှိပေးနိုင်ပါတယ်။ ဒါ့ကြောင့်လည်း နေပူတဲ့အချိန်မှာ ချွေးထွက်စေခြင်းအားဖြင့် ခန္ဓာကိုယ်ကို အေးမြစေတာပါ။ တကယ်လို့ အပူချိန်မြင့်မားမှုကြောင့် ? ရေဓါတ်၊ ဆားဓါတ် ဆုံးရှုံးမှု များတဲ့အခါမှာတော့ Dehydration လို့ခေါ်တဲ့ ရေဓါတ်ဆုံးရှုံးခြင်း ဖြစ်နိုင်ပါတယ်။

? ရေဓါတ်ဆုံးရှုံးတာနဲ့အတူ တွဲဖြစ်တတ်တာကတော့ အပူကြောင့် မောပန်းနွမ်းနယ်ခြင်း (Heat Exhaustion) ပါပဲ။ Heat Exhaustion ဟာ များသောအားဖြင့် ?‍??‍?အသက်အရွယ်ကြီးသူ၊ သွေးတိုးရောဂါ အခံရှိသူတွေနဲ့ နေပူထဲ အချိန်ကြာမြင့်စွာ အလုပ်လုပ်ရသူတွေမှာ ပိုဖြစ်နိုင်ပါတယ်။ Heat Exhaustion ရဲ့ လက္ခဏာအနေနဲ့ ? ခေါင်းကိုက်တာ၊ မူးဝေတာ၊ အားနည်းတာ၊ ချွေးအလွန်အကျွံထွက်တာ၊ ဆီးသွားနည်းတာနဲ့ ရေအလွန်အမင်းငတ်တာတွေကို ခံစားရနိုင်ပါတယ်။

? Heat Exhaustion ခံစားရပြီဆိုရင် အေးတဲ့နေရာကို ရွှေ့ပြီး ချွေးတိတ်စေတာ၊ ? ရေ၊ ဓါတ်ဆားရည် သောက်ပေးတာ၊ ခန္ဓာကိုယ်အနှံ့ကို ရေနဲ့ ပြန်လည် အေးမြစေပြီး သက်သာအောင် လုပ်ပေးနိုင်ပါတယ်။ Heat Exhaustion ဖြစ်ရာကနေ ပိုဆိုးလာတဲ့အခါ Heat Stroke ဆိုတဲ့ အခြေအနေကို ကူးပြောင်းနိုင်ပါတယ်။

? Heat Stroke ဆိုတာက ဘာလဲ? အကြမ်းဖျဉ်းအားဖြင့် ပြောရမယ်ဆိုရင် ပြင်ပအပူချိန်များလွန်းလို့ ခန္ဓာကိုယ်က မထိန်းနိုင်တော့တဲ့အခါမှာတော့ ခန္ဓာကိုယ်ရဲ့ အပူချိန်တွေပါ မြင့်တက်လာနိုင်ပြီး Heat Stroke ဆိုတဲ့ အပူလျှပ်ခြင်း စဖြစ်လာပါတော့တယ်။

Heat Stroke ဟာ အချိန်တိုအတွင်းမှာ ဆိုးရွားတဲ့ အခြေအနေထိ ရောက်နိုင်သလို မကုသပဲထားတဲ့အခါမှာ အသက်အန္တရာယ်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။ လက္ခဏာအနေနဲ့ ? ကိုယ်ပူတာ၊ စိတ်ရှုပ်ထွေးတာ၊ ဝူးဝူးဝါးဝါး မပီမသစကားတွေ ပြောတာ၊ သတိလစ်မေ့မြောတာ၊ တက်တာ၊ တစ်ကိုယ်လုံး အေးစက်ခြောက်သွေ့သွားတာ စတဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

ဒီလိုအခြေအနေမှာ အရေးပေါ်ကုသမှုလိုအပ်တာကြောင့် ? ဆေးရုံ ဆေးခန်းကို အမြန်ဆုံး အချိန်မှီ ပို့ဆောင်ပေးဖို့ လိုပါတယ်။ ရှေးဦးပြုစုနည်းအနေနဲ့ အပူချိန်ကျသွားစေဖို့ အေးတဲ့နေရာကို ရွှေ့တာ၊ အင်္ကျီအဝတ်အစားတွေ ချွတ်တာ၊ ရေပတ်ဝတ်နဲ့ ခန္ဓာကိုယ်အနှံ့ သုတ်ပေးပြီး အေးမြစေတာ စတာတွေကို ပြုလုပ်ပေးနိုင်ပါတယ်။

? ဒီအခြေအနေတွေအပြင် အပူကြောင့် မူးဝေလဲကျခြင်း (Heat Syncope) ကလည်း အဖြစ်များပါတယ်။ Heat Syncope ကတော့ နေပူထဲမှာ အကြာကြီးရပ်နေမိရာကနေ ဖြစ်နိုင်သလို ထိုင်ရာ၊ လှဲနေရာကနေ ရုတ်တရက်ထလိုက်မယ်ဆိုရင်လည်း Heat Syncope ရနိုင်ပါတယ်။ Heat Syncope ကို သက်သာစေဖို့အတွက် နေအေးတဲ့ နေရာမှာ အချိန်ပေး အနားယူသင့်သလို ရေဓါတ်ပြည့်ဝတဲ့ တစ်ခုခုကို ပြန်လည်သောက်ပြီး ဖြည့်တင်းပေးဖို့ လိုပါတယ်။

☀️ နွေရာသီမှာ ဖြစ်နိုင်တဲ့ နောက်ဆုံး ပြဿနာတစ်ခုကတော့ အပူကြောင့် ကြွက်တက်ခြင်း ?(Heat Cramps) ပါ။ Cramps ဆိုတဲ့ ကြွက်တက်ခြင်းဟာ များသောအားဖြင့် ခန္ဓာကိုယ်မှာ Electrolyte ဆားဓါတ်တွေ ဆုံးရှုံးရာကနေ ကြွက်သားတွေ အားနည်းပြီး ခံစားရတာ ဖြစ်ပါတယ်။ ဒါဟာလည်း ချွေးထွက်များတဲ့ နွေရာသီမှာ ကြုံတွေ့နေကျ အခြေအနေတစ်ခုပါပဲ။ Heat Cramps ကို သက်သာစေမယ့် နည်းလမ်းကတော့ လိုအပ်တဲ့ ဆားဓါတ်၊ ရေဓါတ်ကို ပြန်ဖြည့်ပေးဖို့ပါပဲ။

☀️? နွေရာသီရဲ့ အပူရှိန်ကြောင့် ခံစားရတဲ့ ဝေဒနာတွေဟာ ပြင်းထန်သလို အချိန်တိုအတွင်းမှာ အသက်ဆုံးရှုံးတဲ့အထိ ဆိုးရွားနိုင်တာကြောင့် ကြိုတင်သတိထားဖို့ အရေးကြီးပါတယ်။ သင်နဲ့ သင့်ပတ်ဝန်းကျင်မှာ အပူကြောင့် အသက်တွေ ထပ်မဆုံးရှုံးရစေဖို့ ဗဟုသုတ အနေနဲ့ မျှဝေလိုက်ရပါတယ်။

Pharmacist Noble
Medical Content Writer

#HeatStrokeHeatExhaustion
#HeatCramps
#Dehydration
#HeatSyncope
#KnowledgeSharing

Reference

https://www.cdc.gov/niosh/topics/heatstress/heatrelillness.html#:~:text=Heat%20stroke%20is%20the%20most,within%2010%20to%2015%20minutes.

Keep Reading

အသစ်နှင့်အဟောင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်လေးဆယ့်ငါး - သာမှန်ဘဝ သားဆိုးအမေ စာစောင်လေးဆယ့်နှစ် - မုဒိတာပွားခြင်း