Author's Profile Photo

SarPhat Author

9/04/2024

မှုခင်းဝတ္ထုရှည် (၁၈)

4 mins read
Art
18 Again
မှုခင်းဝတ္ထုရှည် (၁၈)'s photo

Spyware: part 18

ပါဝင်သောအခန်းများ - ၄၀

၄၀

ချမ်းချမ်း သတိရလာပြီးနောက် မျက်စိနှင့် ခေါင်း မူးဝေနေသည်။ မျက်စိမှာလည်း မှုံရည် ဝေဝါးနေသည်။ ဦးနိုင်ကြီးက ရေချိုးကန်ထဲမှ "အင်း၊ အင်း....." ဟုအော်နေကာ ရေအပြည့်ရှိနေသော ရေချိုးကန်ထဲ လူးလွန့်နေသည်။ ချမ်းချမ်းကတော့ ကြမ်းပြင်ပေါ်ခွေခွေလေး ဖြစ်နေသည်။ သတိရပြီးနောက် ရေအသံ နှင့် လူတယောက်၏ ညည်းငြူသံကို ကြားနေရသောကြောင့် မျက်လုံးကို အသာဖွင့်၍ ကြည့်သည်။ သို့ပေမယ့် မူးဝေနေသည်။ မျက်လုံးကို ပြန်မှိတ်ကာ နေလိုက်ပြီး ခဏအကြာတွင် ပြန်လည် ဖွင့်ကြည့်သည်။ မျက်လုံးက ကြည့်လို့အဆင်ပြေသွားသောအခါ ခေါင်းထောင်ကြည့်သည်။ ခေါင်းမူးနေသည်ကို ခံစားရသည်။ အားယူပြီး ထကြည့်ပြန်သည်။ ဖြည်းဖြည်းခြင်း၊ ဖြည်းဖြည်းခြင်း ထလာသည်။ ခြေထောက်နှစ်ဖက်နှင့် လက်နှစ်ဖက်တို့မှာ တုတ်နှောင်ထားသည်ဟု ခံစားရသည်။ ထို့ကြောင့် မျက်လုံးများကို ခန္ဓာကိုယ်ပေါ်ပို့လိုက်သည်။ သတိမေ့သွားသောအချိန် မည်သည့်အရာများ ပျက်ယွင်းနေသည်လဲ ဆိုသည်ကို ကြည့်သည်။ ခန္ဓာကိုယ်ကတော့ အဆင်ပြေပြီဖြစ်သည်။ လက်နှင့် ခြေထောက်တို့ကိုတော့ ကေဘယ်လ်ကြိုးနှစ်ချောင်းစီဖြင့် ခပ်တင်းတင်း တုတ်နှောင်ထားသည်ကို တွေ့ရသည်။

"အင်း၊ အင်း"

ဗွမ်း၊

ဦးနိုင်ကြီးက အသည်းအသန်အော်နေသည်။ ချမ်းချမ်းက ထ လာပြီး ဦးနိုင်ကြီးကို တွေ့သွားသောအခါ အံ့ဩသွားရသည်။

"ဟင်၊ အန်ကယ်လ်၊ အိုး.... ဒဏ်ရာတွေနဲ့ပါလား၊ လုပ်ရက်လိုက်တာ ကိုဦးရယ်......။ ဦးနိုင်ကြီးမှာ ဘာအပြစ်ရှိလို့လဲ"

ချမ်းချမ်းက ထိုသို့ တီးတိုးပြောနေစဉ် ကိုဦးက သစ်သားသေတ္တာပုံးကို မ ကာယူလာပြီး ချမ်းချမ်းကို စကားပြန်ပြောသည်။

"သတိရလာပြီကိုး......၊ နေပါအုံး။ စောစောက ဦးနိုင်ကြီးမှာ ဘာအပြစ်ရှိလို့လဲဆိုတာ ကြားလိုက်တယ်။ .....အပြစ်ရှိတာပေါ့။"

ကိုဦးက သစ်သားသေတ္တာပုံးကို ချလိုက်ပြီး စကားဆက်ပြောသည်။

"ငါ့ကို အထင်သေးတဲ့ စကားတွေ ပြောတာ။ ပြီးတော့ နင်နဲ့ငါ့ကို အတူတူ တွဲသွားတွဲလာလုပ်တာကို မကြိုက်တာရယ် အဲ့ဒါ သူ့အပြစ်ပေါ့ဟ!"

ကိုဦးက စကားကို ခပ်ကျယ်ကျယ်ပြောကာ အဆုံးသတ်လိုက်သည်။ ချမ်းချမ်းက ဆက်၍မေးသည်။

"ဒီကိစ္စတွေက အပြစ်တဲ့လား၊ တော်တော်ကြီးတဲ့အပြစ်ပေါ့။"

"ဟဲ့..... ဟဲ့၊ ငါ့ကိုမရွဲ့နဲ့၊ နင်လည်း ငါ့ကို မကောင်းတာလုပ်ဖို့ ကြံနေတာမဟုတ်လား။ ငါသိတာပေါ့။"

"ကျမက ဘာမကောင်းတာ ကြံနေလို့လဲ"

"မသိချင်ယောင် မဆောင်ပါနဲ့ ကလေးမရယ်......၊ မင်းတို့ဆိုင်ကို အရပ်ဝတ်နဲ့ ရဲနှစ်ယောက် အမြဲတမ်း ဝင်ထွက်သွားလာနေတာရယ်၊ မင်းနဲ့ တပူးပူး တတွဲတွဲ လုပ်နေတာတွေ အကုန်လုံး ငါသိတာပေါ့။"

"ရှင်က ဘယ်လိုသိတာလဲ၊ သူတို့ကရဲတွေဆိုတာတောင် အခုရှင်ပြောမှ သိရတာ။ သူတို့က ဆိုင်လာတယ်၊ ဝယ်စရာရှိတာ ဝယ်ပြီးရင် ပြန်သွားကြတာဘဲ၊ ကျမ သူတို့တွေနဲ့ ဘာမှ တပူးပူး တတွဲတွဲ မလုပ်ရပါဘူး"

"အလကား။ အပိုတွေပြောနေတယ်။ လေတော်တော်ပေါနေတယ်ပေါ့။ မင်းရဲ့ ဖုန်းကို ငါ Hack (ဟက်ခ်) ထားတယ်ဆိုတာ မင်းသိနေပါတယ်။ ဟုတ်တယ်မဟုတ်လား။ အခု အဲ့ဒီဖုန်းရော၊ ဘယ်မှာသွားဖွက်ထားလဲ။"

"ဘယ်မှာမှ မဖွက်ဘူး။ ကျမအိတ်ထဲမှာ ပါတယ်။"

"မင်းအိတ်ထဲမှာ ပါမပါ ငါစစ်ကြည့်မယ်။ မပါလို့ကတော့ ဒီနေ့လောကကြီးကို အရင်ဆုံးနှုတ်ဆက်ရမယ့်သူက သူ့အစား မင်းဖြစ်သွားမယ်။"

ထိုသို့ပြောပြီးနောက် ချမ်းချမ်း၏ အိတ်ကို သွားယူသည်။ ထိုအချိန်တွင် ချမ်းချမ်းက သူ၏ရင်ဘတ်ကြားထဲမှ ဖုန်းကို မရမကဆွဲထုတ်ကာ အသံဖမ်းထားပြီးနောက် ဖုန်းကို ရေချိုးကန်အကွယ်လေးမှာ ထားလိုက်သည်။ ကိုဦးက ချမ်းချမ်း၏ အိတ်ကိုရေချိုးခန်းထဲ ယူလာသည်။ ပြီးနောက် ဖွင့်ကာ သွန်ချလိုက်သည်။ ဖုန်းနှင့် တခြားသော မိန်းကလေး အလှပြင်ပစ္စည်းတချို့ ထွက်ကျလာသည်။ ဖုန်းကို ကောက်ကိုင်ကာ ကြည့်လိုက်သည်။

"ပါဝါပိတ်ထားတာလား။ အားတွေလည်းရှိရဲ့သားနဲ့။"

ဖုန်းကို ပါဝါဖွင့်ရင်း ကိုဦးက ပြောသည်။ ချမ်းချမ်းကတော့ ဘာမှမပြောဘဲ သူဘာလုပ်မည်ကိုသာ ကြည့်နေသည်။

"မင်း အလုပ်ဘာလို့ ထွက်ရလဲဆိုတာ သိလား။"

ကိုဦးက ချမ်းချမ်းကို မေးသည့်အခါ မသိသောပုံစံဖြင့် ပခုံးတွန့်ပြသည်။

"မသိတာဘဲ ကောင်းတယ်။ သိရင် မင်း ငါ့ကို စိတ်ဆိုးနေအုံးမှာ။"

"ရှင်.....၊ ဘာဖြစ်လို့လဲရှင့်"

ချမ်းချမ်းက ထိုသို့ မေးလိုက်သည့်အခါ ဦးနိုင်ကြီးက သူသိသည်ဆိုသော အမူအရာဖြင့် ပါးစပ်ပိတ်ခံထားရသော်လည်း တလှုပ်လှုပ်တရွရွ တအင်းအင်း အော်တော့သည်။

"ခဗျားကြီး တိတ်တိတ်နေစမ်းပါ။"

ကိုဦးက ဦးနိုင်ကြီးကို ဟန့်လိုက်သည်။ ဦးနိုင်ကြီးမှာ တချက်ငြိမ်သွားသည်။

"ရှင်မပြောပြဘူးဆိုရင် ကျမ ဦးနိုင်ကြီးရဲ့ ပါးစပ်က တိတ်ကိုခွါပြီး ပြောပြခိုင်းမှာနော်။ ရှင် ကျမကို ပြောပြမှာလား မပြောပြဘူးလား။"

"ကြိုက်ပြီကွာ၊ မင်းက ငါ့ကို အကြပ်ကိုင်တတ်သားဘဲ။ ဒါဆိုရင်..... ရိုးရိုးတော့ မရဘူး။ ဂိမ်းဆော့ရမယ်။ လောင်းကြေးက မင

ကိုယ်ပိုင်ဝေဒနာရဟန်းတန်မဲ့ လန့်ခဲ့သည်မျက်နှာကို တော်တော်တည် ထားသည်စုံစမ်းမေးမြန်းခြင်း သည်းခံပါစမ်းရေငယ်ကျောက်စာတိုင် ပမာယောက်ခမရတဲ့နေ့လွင့်မျောနှင်းစက်များကောင်းမြတ် (ခရာတော)အနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )

Unlock to read this premium article with 10 points.