Author's Profile Photo

ရွှေငါး

18/07/2025

“လူ၊ ပင်လယ်ကြီးနဲ့ အမှိုက်”

1 min read
Poetry
Environment & Sustainability
Creative
“လူ၊ ပင်လယ်ကြီးနဲ့ အမှိုက်”'s photo

အမှိုက်ဆိုတဲ့ အရာဟာ
နေ့စဉ် အများကြီး ရှိနေတာ။
တို့ပစ်လိုက်တဲ့ အမှိုက်များ
ဘယ်ရောက်သွားလဲ သိကြလား။
ချောင်း မြစ် ပင်လယ် ဖြတ်သန်းကာ
သမုဒ္ဒရာထဲ ရောက်သွားတာ။
♽🌱♻️🌍💚♻

ပင်လယ်ထဲက ငါးလေးတွေ
အမှိုက်တွေကို စားမိနေ။
အမှိုက်စားတဲ့ ငါးကလေးများ
ဖျံကြီးတွေက ပြန်လို့စား။
♽🌱♻️🌍💚♻

ပင်လယ်ထဲက တံငါသည်
ငါးရော ဖျံရော သူဖမ်းတယ်။
စျေးထဲရောက်တော့ ပြန်ရောင်းစား
အမှိုက်စားထားတဲ့ ငါး၊ဖျံ များ။
♽🌱♻️🌍💚♻

ငါ၊းဖျံတွေကို ပြန်စားတာ
တို့လူသားတွေပါ။
တို့ပစ်လိုက်တဲ့ အမှိုက်များ
တို့တွေ ပြန်လို့စား။
♽🌱♻️🌍💚♻

အမှိုက်ဆိုတဲ့အရာဝယ်
မသန့်တာက ပိုများတယ်။
ပလတ်စတစ်တွေ စားမိတော့
ရောဂါပေါင်းစုံဝင်တာပေါ့။
♽🌱♻️🌍💚♻

ပင်လယ်ရေအောက်သတ္တဝါ
အမှိုက်တွေကြား ကျင်လည်ရှာ။
အိမ်မတွေ့တဲ့ ဝင်ကစွပ်လေး
ပလတ်စတစ်ထဲ ဝင်လို့ကွေး။
♽🌱♻️🌍💚♻

သနားစရာ လိပ်ကြီးခမျာ
ငါးဖမ်းပိုက်တွေ စားမိရှာ။
ပိုက်နဲ့ငြိတဲ့ လင်းပိုင်လေး
မလွတ်နိုင်လို့ အသက်ပေး။
♽🌱♻️🌍💚♻

တို့တွေပစ်တဲ့ အမှိုက်က
သတ္တဝါလေးတွေ ဘေးဖြစ်ရ။
သင့်အမှိုက်ဟာ သင့်တာဝန်ပါ
စည်းနဲ့ ကမ်းနဲ့ ပစ်ကြပါ။
ဒါဆိုရင် အားလုံးဘ၀
ရောဂါကင်းပြီး ဘေးကင်းကြ။
♽🌱♻️🌍💚♻

ရွှေငါး - (ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိန်းရေးနေ့ - အမှတ်တရ ကဗျာ)

Keep Reading

လူ​ကောင်းနဲ့ ​တွေ့လည်းရန်ကုန်မိုးစိတ်ဝိညဉ်Hope or Hopelessမိုးရွာတဲ့​ ​နေ့မာရသွန်​အ​ပြေးသမားကောက်ရိုးတစ်မျှင်လေနှင်ရာနန်းကျဘုရင်ခင့်ဝါဒီ