Hein Htet Ko Ko
မြန်မာ့အလင်းမဂ္ဂဇင်းကို ၁၉၁၂ခု တွင်စတင်ထုတ်ဝေ။
ယင်းမဂ္ဂဇင်းအတွဲ၁၊အမှတ်၁ ခေါင်းကြီးပိုင်းတွင် "မြန်မာပြည်ကို အိန္ဒိယပြည်နှင့် ခွဲခြားအုပ်ချုပ်စီမံသင့်ကြောင်း"
ဟူသော ခွဲရေးပြဿနာကိုရှေ့တန်းတင်ရေးသားဖော်ပြခဲ့သည်။
အိန္ဒိယပြည်နှင့် မြန်မာပြည်တို့သည် ဗြိတိသျှလက်အောက်သို့ ကျရောက်ခဲ့ရပြီး ကျွန်အဖြစ်စာရင်းသွင်းခံခဲ့ရသော နိုင်ငံများဖြစ့သည်။
ဤသို့ ကျွန်အဖြစ်စာရင်းသွင်းခံခဲ့ရသော နိုင်ငံချင်းအတူတူ မြန်မာပြည်သည် အိန္ဒိယပြည်၏လက်အောက်ခံပြည်နယ်တစ်ခု ဖြစ်ခဲ့ရသည်။
အိန္ဒိယပြည်နှင့်မြန်မာပြည် ခွဲရေးတွဲရေးပြဿနာမပေါ်လာမီအချိန်ကပင် မြန်မာ့အလင်းသတင်းစာသည် အိန္ဒိယပြည်မှခွဲထွက်ရေးကို ခေါင်းကြီးပိုင်းတွင် လှုံ့ဆော်ရေးသားလာခဲ့ပါသည်။
မြန်မာတို့၏ ကိုယ့်မင်းကိုယ့်ချင်းစိတ်ဓာတ်ကို နိုးကြားတက်ကြွအောင် နှိုးဆွပေးခဲ့ခြင်းဖြစ်သည်။
တစ်နည်းအားဖြင့် အမျိုးသားရေးဇာတိမာန်ကို တဟုန်းဟုန်းထလာအောင် လှုံ့ဆော်ရေးသားခဲ့ခြင်းဖြစ်သည်။
🇮🇳🇲🇲
#မြန်မာ့အလင်းမဂ္ဂဇင်း
#Heinhtet
#SarPhat
Keep Reading