Heathen(တိတ္ထိ)
မေးခွန်းတွေ ဖြေနေရတာမောလာပြီ ဒီတစ်ခါတော့ စာဖတ်သူတွေ အရင်ဖြေရမယ့်အလှည့်
Question no.1
လူသားဆိုတာ ဘာလဲ
ဖြေကြည့်ပြီးပြီလား အခုကျွန်တော့်အလှည့်
လူသားဆိုတာဟာ အရမ်းညဏ်ရည် ထက်မြက်ပြီး ထိရှလွယ်တဲ့ သတ္တဝါဘဲ
ဘာမဟုတ်တာလေးတွေ အတွက်နဲ့ ငိုကြတယ်
ပူဆွေးကြတယ်
ဒီအချက်ကဘဲ လူသားတွေကို တိရစ္ဆာန်တွေ အခြားသတ္တဝါတွေ စီကနေ ခွဲထုတ်ပေးလိုက်တာဘဲ
Question no.2
ညဏ်ရည်IQကဘဲ လူသားတွေကို တိရစ္ဆာန်တွေ ကနေ ကွဲထွက်စေခဲ့တာ မဟုတ်ဘူးလား
အဖြေကတော့ လုံးဝမဟုတ်ပါဘူး
ကျီးကန်းတွေ မျောက်တွေ ခွေးတွေတောင် လူကလေးတွေလို IQမြင့်နေတာဘဲ
ဒီကောင်တွေ နဲ့တူတူ ဖြစ်သွားမှာပေါ့ လူဟာ တိရစ္ဆာန်ဆိုတာကို လက်ခံနိုင်ရင် ရပေမယ့်
လက်မခံနိုင်တဲ့ လူတွေအတွက် ဖြေပေးတာဖြစ်ပါတယ်။
လူဟာတိရစ္ဆာန်ဆိုတာကို လက်ခံတဲ့လူတွေ အတွက် အဖြေနောက်တစ်ခုပေးပါမယ်
ညဏ်ရည်(IQ)မြင့်ပြီး ဇာရိတ္တပိုင်း ဆိုင်ရာ(EQ)နိမ့်ရင် လူသားတွေ အချင်းချင်း သာမာန်တိရစ္ဆာန်တွေလို လိုက် သတ်ဖြတ်နေတာနဲ့တင် The toba super volcanic eruption(တိုးဘ မီးတောင် ပေါက်ကွဲမှုကြီး)နှောင်းပိုင်းမှာ မျိုးတုန်းကုန်မှာ ပေါ့
ညဏ်ရည် ထက်မြက်တိုင်း တိုးတက်ကြေးဆိုရင် စစ်တွေချစ်တွေ ဖြစ်ပြီး အခုလို ပြဿနာတွေတက် ကမ္ဘာမီးလောင်တာမျိုး ဖြစ်နေမှာ မဟုတ်ဘူး
လူတွေမှာ အသိညဏ် အထူးသဖြင့် အဲ့ဒီEmotional intelligent ဆိုတာရှိနေလို့လဲ မျိုးမတုန်းသေးတာ ဖြစ်တယ်
Emotional Intelligent ဆိုတာက ဘာကြီးလဲ
လူတွေကို စာနာနားလည် ပေးတာတွေ
ခံစားချက်တွေ ကလည်းemotional intelligentနဲ့ဆိုင်ပါတယ်
ခံစားရုံတင်သာမက တခြားသူတွေရဲ့ ခံစားချက်တွေကို နားလည်မှုပေးတာ နားလည်နိုင်တာလည်း ပါတဲ့အပြင် မိမိရဲ့ခံစားချက်တွေကို နားလည်တာ ထိန်းချုပ်နိုင်တာ ဟာလည်း emotional intelligentနဲ့ဆိုင်ပါတယ်
အဲ့တော့ခံစားတယ်moodဝင်တယ်ဆိုတာက လူသားတစ်ယောက် ဖြစ်ခြင်းရဲ့ အဓိက အပိုင်းထဲမှာ ပါတယ်
IQဘဲ Qနေကြတဲ့ လူတွေ အဲ့IQကို ခန ဘေးဖယ်ထား
IQနိမ့်ပေမယ့် တစ်ဘဝလုံး ဘယ်သူ့ကိုမှ အန္တရာယ်မပေးဘဲ ပျော်ပျော်နေသွားရသူတွေ တစ်ပုံကြီး
Emotional intelligent နိမ့်တာမရှိတာရဲ့လက္ခဏာတွေ
ဒီလက္ခဏာတွေကလည်း တစ်ယောက်နဲ့ တစ်ယောက် မတူညီပါဘူး ပြင်းထန်တာ မပြင်းထန်တာမျိုးလည်း ရှိပါတယ်
Psychopathတွေကတော့ မွေးရာပါ EQနိမ့်တာပါ
ဒါပေမယ့် အုပ်ထိန်းသူ တော်ရင်
ပတ်ဝန်းကျင် ကောင်းရင် သာမာန်လူတစ်ယောက်လို ဆက်နေသွား လို့ရပါတယ်
လက်ရှိ ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ အကြင်နာတရားမဲ့တာ၊ရက်စက်မှု၊ရာဇဝတ်မှုတွေ မြင့်တက်လာတာ ကလည်းEQနဲ့ အများကြီးဆိုင် ပါတယ်။
ဘာကြောင့်တစ်ချို့လူတွေကမွေးရာပါမဟုတ်ဘဲEQနိမ့်ရတာလဲ
1.လက်ဉီးဆရာ
မိဘတွေဟာ များသော အားဖြင့် IQကိုEQထက် ပိုအသားပေး ကျင့်ပေး တတ်ကြပါတယ်။
ကလေးဟာ socializationညံ့နေရင် တောင် စာတော်နေလို့ ကိစ္စမရှိပါဘူး လုပ်နေသူတွေ လိုပေါ့
စည်းကမ်းအရမ်းကြီး လွန်းတဲ့ မိဘတွေ ကြောင့်လည်း ဖြစ်တတ် ပါတယ်။အထူးသဖြင့် လူကြီးမိဘတွေ ဆီက ငယ်ငယ်ထဲက abuseလုပ်ခံရတဲ့ ကလေးတွေလည်း အဖြစ်များ ပါတယ်။ သူတို့က စိတ်ခံစားချက်တွေ အကြောင်းသင် ပေးမယ့် လူတွေမှမရှိခဲ့တာကိုး။
ဉပမာ- တစ်ချို့ လူကြီးတွေက ကလေးတွေ ငိုရင် ပိုရိုက်တာကြောင့် တစ်ချို့ကလေးတွေက ဒီစိတ်ခံစားချက် ဆိုတဲ့ ဟာကြီးကို ဘယ်လို ကိုင်တွယ် ရမလဲဆိုတာ မသိတော့ဘူး။နောက်ဇာတ်တွဲ အနေနဲ့ anxiety attackတို့ mental break downတို့ panic attackလို့ ပေါ်လာတာ ပါဘဲ။
2.အတုမြင် အတတ်သင်
တစ်ချို့ ကလေးတွေက ခံစားချက် မရှိတဲ့ လူတွေ၊စာနာစိတ် မရှိတဲ့ လူမျိုးတွေကိုမှ အရမ်းလန်းတယ် မိုက်တယ် ဆိုပြီး အဲ့ဒီအတိုင်း လိုက်လ4ုပ်လာ တတ်တယ်
ကလေးတိုင်းတော့ လိုက်မလုပ်တတ် ကြပေမယ့် ရာခိုင်နှုန်း အနည်းစုကတော့ လုပ်ကြမှာ ပါဘဲ။
အတုယူ မှားတာက ဘဝမှာ အနည်းနဲ့ အများတော့ သက်ရောက်မှု ရှိမှာပါဘဲ
ဉပမာ Andrew Tateလို လူစားမျိုးကိုမှ သွားidolတင်တဲ့ ကလေးတွေ။
3.ပတ်ဝန်းကျင်
လူမှုဆက်ဆံရေး ဆိုင်ရာ စိတ်ဒဏ်ရာတွေ
ဉပမာ တစ်ခြားကလေးတွေ ကြားဝိုင်းလှောင်တာ ခံခဲ့ရတာမျိုး၊ အပယ်ခံ ဖြစ်ခဲ့တာမျိုး တွေကလည်းစိတ်ဒဏ်ရာ ဖြစ်လာ တတ်ပါတယ်။ တစ်ချို့ကတော့ စိတ်ဒဏ်ရာ အဆင့်မှာ ရပ်ပြီး ဘာမှဆိုးဆိုးဝါးဝါး မဖြစ်တတ်ပေမယ့် တစ်ချို့တွေကတော့ စိတ်ဒဏ်ရာတွေ အရမ်းများလာလို့ ဉီးနှောက်က emotionsအကုန်numbing လုပ်ပစ် လိုက်တာမျိုးတွေ အထိ အခြေအနေ ဆိုးကုန်တယ်။
4.Depression၊Anxiety၊Bipolarစတဲ့စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုခု ရင်ဆိုင်ဖူးသူတွေ မှာလည်း ဖြစ်နိုင်ပါတယ် သူတို့က တစ်ခါ
numbingဖြစ်ဖူးသွားတာ များတာကိုး။
5.သောက်ဆေးတွေ အရက်သေစာ မူးယစ်ဆေးဝါးတွေရဲ့ ဘေးထွက် ဆိုးကျိုးတွေ ကြောင့်လည်းဖြစ်နိုင်ပါတယ်။
ဒါဆို Emotional Intelligent နိမ့်နေတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်း ရမလဲ
1.ဝေဖန်တာကို ဆန်းစစ်ပါ
သူတို့ဘာကြောင့် ဒီလိုပြောရတာလဲ ဆိုတာကို ဆန်းစစ်ပါ။
ကောင်းသော ဝေဖန်ခြင်းဆိုရင် နားထောင်ပေးပါ
မကောင်းဘူး လာ အာလာချောင်တာဆို ခေါင်းထဲက ထုတ်လိုက်
2.ခံစားချက်တွေကို ကိုယ့်ကိုယ်ကို ခံစားခွင့်ပေးပါ စိတ်တိုသင့်ရင် လည်းတိုပါ။
ဒါပေမယ့်ဘယ်သူ့ကိုမှ(မိမိအပါအဝင်)မထိခိုက် စေပါနဲ့
ရေစီး အရမ်းကြမ်းရင် မြစ်အထက်ပိုင်းကို လျှော်မရတာကြောင့် ရေစီးအတိုင်း ခနမြော ရသလို ကိစ္စတစ်ခုပေါ် ဒေါ်သ ထွက်တဲ့ အခါ အဲ့ဒီခံစားချက် တွေကို ဆန့်ကျင်တာတို့ ဝှက်ထားတာ တို့ထက် အနားယူပြီး ဆက်ခံစားနေတာက ပိုအဆင်ပြေပါတယ်။ပြီးရင် တစ်ရေး အိပ်လိုက်ပါ နောက်နေ့မှ ဆက် ဆုံးဖြတ်လဲ ရပါတယ်
3.ကိုယ့်ကိုယ်ကို အရမ်း စိတ်ဒုက္ခမပေးပါနဲ့
အမှားရှိရင် ပြန်သုံးသပ်ပါ ဒါပေမယ့် အပြစ်တော့ မတင်ပါနဲ့
ဒီမှာ ကျွန်တော် တစ်ခု ပြောချင်တာက ကိုယ့်ကိုယ်ကို တိုးတက်အောင် လုပ်မယ်ဆိုရင် အရင်ဆုံး ကိုယ့်ကိုကိုယ်ခံစားခွင့်ပေးပါ ဒါ့မှ ပြဿနာဇစ်မြစ်ကို သိရမှာ မဟုတ်ဘူးလား
"ငါစိတ်ဆိုးနေတယ် မဆိုးရဘူး"
ဆိုပြီး လုပ်နေမယ့် အစား
ငါဘာကြောင့် စိတ်ဆိုးနေတာလဲ ဆိုတဲ့မေးခွန်းကို ပြန်မေးကြည့်ပါ။
moodyဖြစ်နေတယ် ငါဟာ ကြေကွဲလူငယ် ငါတော်တော်ညံ့တဲ့လူ Drama queen ဘာညာတွေ ပြတင်းပေါက်က ကန်ချလိုက် ငိုချင်ရင် ငိုပစ် ရင်ဖွင့်စရာရှိ ဖွင့်ပစ်လိုက် ပြီးရင် အရင်ကထက် ပိုပေါ့ပါး သွားစေရမယ်။
ခံစားချက်တွေ အကုန်သိမ်းကျုံး ထည့်ပြီးမှ Self developmentလို့အော်မနေနဲ့
Self developmentက physicalဘဲမဟုတ်ဘူး psychicalပါတယ်ဆိုတာ မင်းကို သိစေချင်တယ်။
မြဲမြဲမှတ်ထား
မင်းဟာ လူသား
ခံစားချက်တွေ ဆိုတာ လူသားတွေရဲ့ သဘာဝထဲ မှာပါတယ်
လူသားတစ်ယောက်မို့လို့ ပျော်ရွှင်ရမယ် နာကျင်ရမယ်
အကောင်းအတိုင်းကြီး အရွယ်ရောက်လာပြီးမှ ပေါက်ကရ videoတွေကြည့်ပြီး Psychopathမနေကြနဲ့ မင်းတို့ရဲ့content makerတွေက သူတို့ပြောသလို သူတို့ ကိုယ်တိုင်လိုက်နာနေတာက ခပ်ရှားရှားကြီး အော် Self improvementအကြောင်းပြပြီး အလိမ်ခံနေရတာတွေ လည်း တစ်ပုံကြီး။
ဒါ့ကြောင့် လူတစ်ယောက်အနေနဲ့ မိမိရဲ့ ခံစားချက်တွေကို လက်ခံပြီး နားလည်တတ်ခြင်းဟာ အရေးကြီးပါတယ်။ မည်သို့ပဲဖြစ်စေ၊ တစ်ခါတစ်လေတွင် ပျော်ရွှင်မှု၊ စိတ်ညစ်မှု ရှိတတ်ခြင်းဟာ သဘာဝပါပဲ။ မှားရင် အပြစ်မတင်ပါနဲ့ ဆက်ကြိုးစားပစ်ပါ၊ အမှားကို လက်ခံပါ။
အရေးကြီးတာက ကိုယ့်ကိုယ်ကို အရှိအတိုင်း လက်ခံပါ ဝမ်းနည်းလို့မပျော့ညံ့သွားပါဘူး ဒါပေမယ့် အားတော့ မငယ်စေနဲ့။
#Heathen
Keep Reading