ရေတမာ မွန်
မဖောက်မပြန်
ရိုးသားဖြောင့်မတ်ခြင်းကို
မင်းရဲ့ရှေ့ဆောင်လမ်းပြအဖြစ် ထားပါ။
လူတချို့က သိပ်မဆိုးပါဘူး။
အကြောင်းကံလှပါစေ။
ဘဝလှတယ်။
ကောင်းတာလိုချင်ရင် အကောင်းကံပြုပေးပါ။
အတွေးလှမှ ကံလှတယ်။
နှလုံးဘဝင် ကြည်သာရွှင်ပြပါစေ။
မြင်သမျှ ကြားသမျှ ငါဝင်မပါသ၍ ဘဝင်ကျစရာရှိနေမှာပါ။
ဘဝင်ကျရင် အမှန်သိမြင်မယ်။
မသိခြင်းနေရာမှာ
အမှန်သိခြင်းနဲ့အစားထိုးပါ။
အကုသိုလ် ကုသိုလ်ခွဲခြားတတ်မယ်။
အမှန်အမှား ဝေဝါးနေစရာမလိုတော့ဘူး။
ထိ သိ သတိ ဖြစ် တည် ပျက်
ဖတ်ကနဲသိရင် ဥာဏ်ကြီးရှင်ဖြစ်ပြီ။
တဒင်္ဂ ပေါင်းများစွာစုစည်းထားသော ရုပ် နာမ်
ဖြစ်ပျက်အစဥ်တန်းဟု ဖတ်ကနဲ သိ
သိတဲ့အသိလည်းမမြဲပါလားဟု လက္ခဏာသုံးပါးနဲ့သုံးသပ်ရမယ်
ဝိပဿနာ ဥာဏ်နဲ့ ကံဆက်ခြင်းကို ဖြတ်ဖြတ်ပေးခြင်းဟာ
သိ ပွား ပယ် ဆိုက် နည်းအမှန်ရဲ့ ကံအကြောင်းဆက်ခြင်းဖြစ်တယ်။
လှသော အကြောင်းကံထဲမှာ အမှန်သိခြင်းဟာ ကိန်းအောင်းနေတယ်။ ဥာဏ်နဲ့အကွက်ဖော် ပါ။
တသိတစ်စိတ် မချိတ်မိပါစေနှင့်။
ချိတ်မိရင် ငြိတွယ်မယ်။
မငြိတွယ်မှ အမှန်တရားသိမယ်။
တွယ်တာမှုဟာ စိတ်ထဲမှာကိန်းအောင်းနေရင်
တိမ်းစောင်းနေလိမ့်မယ်။
အချိန်မရွေး သေပွဲဝင်ရမည့်သူအချင်းချင်း
တဖက်စောင်းနင်းဖြစ်အောင်လုပ်တာ မနာလိုဝန်တိုခြင်းပါ။
ရေတမာ မွန်
Keep Reading