Max's sharing
သင်္ကြန်မှာ အင်္ဂလိပ်စာ လေ့လာမယ် အစီစဉ်က နေ ကြိုဆိုပါတယ်
စိန်ခေါ်မှု မရှိဘဲ တိုးတက်နိုင်ပါမလား။
Self study လုပ်နေတဲ့သူတွေအတွက် သင့်တော်တဲ့ အစီစဉ် လေး ဖြစ်ပါတယ်။
◽Writing skillအတွက် အဓိကထားပြီး တီထွင်ဖန်တီးနိုင်စွမ်းရည်နဲ့ ဝေါဟာရစကားလုံး ကြွယ်ဝတိုးတက်လာမှာ ဖြစ်ပါတယ်။
◽ပါဝင်တဲ့ သူများ အနေနဲ့
နံပါတ်(၁) ပေးထားတဲ့ အင်္ဂလိပ်စာ ဆောင်းပါး တွေ ကို တစ်နေ့တစ်ပုဒ် ဖတ်ရမှာ ဖြစ်ပါတယ်
နံပါတ်(၂) ဖတ်နေရင်း စကားလုံးသစ်များကို မှတ်စုစာအုပ်ထဲ တွင် ရေးမှတ်ရပါမယ်။
နံပါတ်(၃) စကားလုံးကို ရေးမှတ်တဲ့အခါ သူရဲ့ ကိုယ်ပိုင်အဓိပ္ပာယ် နဲ့ ဉပမာ စာကြောင်းများကို ရေးရပါမယ်။ ထိုသို့ ရေးတဲ့အခါ Oxford, Cambridgeနဲ့ longman dictionary များကို ကိုးကားနိုင်ပါတယ်။ အင်္ဂလိပ်-မြန်မာ dictionary ကိုလည်း သုံးပြုနိုင်ပါတယ်။
နံပါတ်(၄) စကားလုံးသစ် တွေကို သုံးပြုပြီး ကိုယ်ကိုယ်တိုင် story တစ်ခုခု ကို ဖန်တီးရေးသားရမှာ ဖြစ်ပါတယ်။
ဒီ challenge လေး ကို join ချင်တယ်ဆိုရင် Edulab telegram channel ကို join ထားနိုင်ပါတယ်။
https://t.me/max_sharing
Challenge လေးကို လုပ်နိုင်ပါက English speaking လေ့ကျင့်ကြမယ့် အစီအစဉ်ကို join လို့ ရနိုင်ပါတယ် ခင်ဗျား🎉💯။
Keep Reading