Author's Profile Photo

SarPhat Editor Official

10/04/2025

ရေးတော့အမှန် ဖတ်တော့အသံ

1 min read
Education
General Knowledge
ရေးတော့အမှန် ဖတ်တော့အသံ's photo


"ရေးတော့အမှန်ဖတ်တော့အသံ"ဆိုတဲ့အတိုင်း တချို့စာရေးသူလေးတွေက အသံထွက်အတိုင်း စာလုံးပေါင်းအမှားကို ရေးထားတာလေးတွေလည်း အခုထိတွေ့နေရတုန်းပဲမို့ ဒီနေ့မှာ Editor က "ခ" နဲ့ပတ်သက်တဲ့ သတ်ပုံအမှန်လေးတွေကို တင်ပြပေးမှာပဲဖြစ်ပါတယ်နော်...

လေ့လာကြည့်ကြရအောင်...

"ခုံးကောင်" ကို "ဂုံးကောင်"လို့ မှားရေးမိခြင်း

"ခွကျ" ကို "ဂွကျ"လို မှားရေးမိခြင်း

"ချိုးငှက်" ကို "ဂျိုးငှက်"လို့မှားရေးမိခြင်း

"ခွေးတောက်ပင်" ကို 'ဂွေးတောက်ပင်"လို့မှားရေးမိခြင်း

"ခုံးတံတား" ကို "ဂုံးတံတား"လို့မှားရေးမိခြင်း

"ချို" ကို "ဂျို" လို့မှားရေးမိခြင်း

"ချိုင်းကြား" ကို "ဂျိုင်းကြား' လို့မှားရေးမိခြင်း

"ခွင်ကျ" ကို "ဂွင်ကျ"လို့မှားရေးမိခြင်း

*အခု တင်ပြပေးတာလေးတွေကတော့ အသံထွက်အတိုင်း လိုက်ရေးမိတတ်တဲ့သတ်ပုံလေးတွေပဲဖြစ်ပါတယ်...နောက်နေ့တွေမှာလည်း ဘယ်လိုမျိုး သတ်ပုံအမှားလေးတွေကို တင်ပြပေးဦးမလဲဆိုတာ စောင့်ကြည့်ပေးကြပါဦးနော်...

Keep Reading

တက်ညီလက်ညီ ပန်းတိုင်ဆီသို့ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarshipလူငယ်တွေ ဘာကြောင့် သင်တန်းတက်ကြတာလဲ ?ကျောင်းစာကြည့်တိုက် ပညာရေး -----------------------------