Nan Ko Ko Oo
ရုပ်ရှင်တွေကို မြန်မာစာတန်းထိုးနဲ့ ကြည့်ရတာ ရိုးနေပြီလား။
Channelmyanmar ကနေပဲ မြန်မာစာတန်းထိုးဇာတ်ကားတွေကို ဒေါင်းကြည့်ရတာ ရိုးနေပြီလား။ အင်္ဂလိပ်စာတန်းထိုးနဲ့ရော မကြည့်ချင်ဘူးလား။
အင်္ဂလိပ်စကားကို လေ့လာနေတဲ့သူတွေအတွက် ရုပ်ရှင်တွေကို ကြည့်ခြင်းကလည်း အထောက်အကူဖြစ်စေပါတယ်။
Native Speaker တွေရဲ့ သဘာဝကျကျ ပြောဟန်ဆိုဟန်တွေကို ရုပ်ရှင်တွေမှတဆင့် လေ့လာသင်ယူနိုင်ပါတယ်။
ကျွန်တော် အခုပြောပြပေးမှာကတော့ အင်္ဂလိပ်စာတန်းထိုးနဲ့ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွေကို ဘယ်နေရာတွေကနေ ဒေါင်းလို့ရသလဲ၊ stream ကြည့်လို့ရသလဲဆိုတာ အလင်းပြပေးပါမယ်။
ကျွန်တော်ပြောပြတဲ့ ဝက်ဆိုဒ်နာမည်တွေကို Google မှာ ရိုက်ရှာလို့ရပါတယ်။
1. pahe
ရုပ်ရှင်တွေရော စီးရီးတွေပါ စုံစုံလင်လင် ရှိပါတယ်။ အင်္ဂလိပ်စာတန်းထိုးနဲ့ စိတ်ကြိုက်အမုန်းဒေါင်းကြည့်လို့ရပါတယ်။
2. mkvhub
ဒီဝက်ဆိုဒ်လဲ အသစ်ထွက်ရုပ်ရှင်တွေကို uptodate တင်ပေးပါတယ်။
3. moviebox
ဒီဝက်ဆိုဒ်ကတော့ ဒေါင်းရတာ တော်တော်လွယ်ကူလွန်းပါတယ်။ မဒေါင်းဘဲနဲ့ ဒီအတိုင်း stream ကြည့်လို့လဲရတယ်။
4.Mindbox
သူကတော့ ဝက်ဆိုဒ် မဟုတ်ပါဘူး။ app ပါ။ Google playstore မှာရှိပါတယ်။ ရုပ်ရှင်တွေ အကုန်နီးပါး စာတန်းထိုးနဲ့ ရပါတယ်။ ကျွန်တော် link ပါ တခါတည်း တွဲပေးလိုက်ပါတယ်။
https://play.google.com/store/apps/details?id=com.move.mindbox.movies.shows
မောင်ဦး
1.3.2025
Keep Reading