Author's Profile Photo

SarPhat Author

23/02/2025

မြန်မာအသတ်ဗျည်း ၁၀ ခု

1 min read
Education
General Knowledge
Language
မြန်မာအသတ်ဗျည်း ၁၀ ခု's photo

မြန်မာဘာသာစကားလုံးအနေနဲ့ မွေးစားသတ်မှတ်ပြီးသား ဒါမှမဟုတ် တွင်ပြီးသား စကားလုံးတွေထဲမှာ အသတ် ပေါင်းစုံ တွေ့ရမှာ ဖြစ်ပြီး အဲဒါတွေကိုတော့ သူ့သတ်မှတ်ထားပုံအတိုင်း သုံးရတာပါ။ လက်ရှိမှာ ဘာသာခြားစကားလုံးတစ်ခုခုကို အသံဖလှယ်တဲ့အခါ အသတ် ပေါင်းစပ်ဖို့ လိုလာရင်တော့ 'က်၊ င်၊ စ်၊ ဉ်၊ ည်၊ တ်၊ န်၊ ပ်၊ မ်၊ ယ်' ဆိုတဲ့ အသတ် ၁၀ မျိုးထဲက အလျဉ်းသင့်ရာ တစ်ခုခုကို ရွေးရပါတယ်။ အဓိပ္ပာယ်အရ ရေးတာ မဟုတ်ဘဲ အသံထွက်နဲ့ ကိုက်အောင် ရေးတာ ဖြစ်ပါတယ်။ ဒါကြောင့် Unicode ကို အနီးစပ်ဆုံး အသံလှယ်ပြီး ရေးရင် 'ယူနီကုတ်' ဒါမှမဟုတ် 'ယူနီကုပ်' ဆိုပြီး သုံးရပါလိမ့်။ 'ယူနီကုဒ်'လို့ 'ဒ်'နဲ့ သုံးရင်တော့ စည်းမျဉ်းသတ်မှတ်ပုံနဲ့ မကိုက်ညီတော့ပါဘူး။ ဈေးနှုန်းတွေကို ကွန်ပျူတာနဲ့ မှတ်နိုင်အောင် လုပ်ထားတဲ့ bar code ဆိုတာကို အသံလှယ် ရေးမယ် ဆိုရင် 'ဘားကုတ်' ဒါမှမဟုတ် 'ဗားကုပ်' စသဖြင့်ပေါ့။ ဒီ မြန်မာအသတ်ဗျည်း ၁၀ ခု ရေးသားပုံဟာ အ‌ခြေခံ မြန်မာအရေးကာရန် ၆၄ ပါးထဲမှာ အပါအဝင် ဖြစ်တဲ့ အရေးအသားတွေ ဖြစ်ပါတယ်။

အေးကျော်မင်း
၂၃-၂-၂၀၂၅

Keep Reading

နည်းပညာရဲ့ကျွေးကျွန်များ ဖြစ်လာနေပြီလားအနာဂတ်ပညာရေး၏ ခြေတစ်လှမ်းအစ"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  "စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ   ကိုယ်သာလျှင် ကိုယ့်ရဲ့ပြိုင်ဘက်ပါခေတ်မီဘက်ထရီနည်းပညာ(၃)မျိုး"ဂ" နှင့်သက်ဆိုင်သော သတ်ပုံများတက်ညီလက်ညီ ပန်းတိုင်ဆီသို့ရင်ထဲ ညှိ​စေ​သော ဇာတ်လမ်းများ ​ပြောနည်း - အပိုင်း ၃အတိတ်မှ အတွေးတစ်စ