Meliodas Khun
❄️အားလုံးပဲ မင်္ဂလာပါခင်ဗျာ❄️
ကျွန်တော်ကတော့ မိတ်ဆွေတို့ ရင်းနှီးပြီးသားဖြစ်တဲ့ ခေတ်သစ်စာရေးဆရာ မယ်လီယိုဒတ်စ် ခွန်းပဲ ဖြစ်ပါတယ်ခင်ဗျာ...🌹
ကျွန်တော်အခုပြောပြသွားမှာက ကဗျာနဲ့ စကားပြေရဲ့ကြားက ကာရံထားတဲ့ နံရံလေးအကြောင်းပဲဖြစ်ပါတယ်ခင်ဗျာ...🌹
~~~~~~~~~~~~~~
"စကားပြေ"
စကားပြေ ဆိုသည်မှာ လူတို့ နားလည်နိုင်သော စကားလုံး တို့ဖြင့် ပြေပြေပြစ်ပြစ် ရေးသားထားသော စကားကို စကားပြေ ဟုခေါ်ပါသည်။ စကားပြေ အရေးအသား များစွာ ရှိပါသည်။ ဆောင်းပါးသည်လည်း စကားပြေပင် ဖြစ်သည်။ ပြဇာတ်၊ ဇာတ်ညွှန်း၊ ဝတ္ထု၊ စာညွန့်၊ စာစီစာကုံး၊ စာတမ်း၊ သတင်းနှင့် သတင်းစာ ခေါင်းကြီးတို့သည်လည်း စကားပြေများ ဖြစ်ကြသည်။
~~~~~~~~~~~~
"ဉာဏ်မျက်စိဖြင့်"
“ ခရီးအစ ဟူသည် ရေးရေးမှေးမှေး မျှသာ မြင်အပ်သောသဘော ရှိသည်။ မြန်မာစာပေ၏ အရင်း မူလကို ဉာဏ်မျက်စိဖြင့် ပြန်ကြည့်ပါကလည်း ရေးရေးမှေးမှေး မျှသာ မြင်မည်ကို သိရ ပေလိမ့်မည်။ သို့ရာတွင် ရေးရေး မှေးမှေး၏ သဘောသည် မြင်သောသူတို့၏ ဉာဏ်ဆန်းကြယ် သဘော အထူးထူးသော အနက် အဓိပ္ပာယ်တို့ဖြင့် ပြည့်စုံနိုင်ပေသည်။”
~~~~~~~~~~~~~
"ဆန်းကြယ်ခဲ့သည်"
“ ခရစ်နှစ် ၄၀၀ လောက်က စ၍ ရေးသားကြသော ပုဂံကျောက်စာ မြန်မာ စကားပြေ တို့သည် မြန်မာစာပေတွင် တောင်ထွတ်ပမာ မားမား ထင်ရှား၍ ပုဂံဘုရားများ ကဲ့သို့ပင် ဆန်းကြယ်ခဲ့သည်ကို တွေ့ရပေသည်။
ထိုသူတို့ ရေးသော ကျောက်စာများသည် အလုံးစုံသော ပုဂံသားတို့၏ သဒ္ဓါ စေတနာတို့ကို လည်းကောင်း ထိုခေတ်က အလေ့အထများတို့ကို လည်းကောင်း ဖော်ပြသော စာများ ဖြစ်ကြသည်။ ဝါကျ အထားအသို၊ စကား အသုံးအနှုန်း အချို့သည် မြန်မာ စကားပြေ အရေးအသားတွင် စံတင်လောက် သော စာများ ဖြစ်လာကြသည်။ ထို့ပြင် ကြည်ညိုခြင်း၊ ငြိမ်သက်ခြင်း ဖြစ်သော ဟရိဘာ၀ သမဘာ၀ တို့ဖြင့် ပြည့်စုံလှသဖြင့် မြန်မာစာပေ သမိုင်းတွင် ခန့်ညားလှသော စာတစ်မျိုးဟု ယူဆထိုက် ပေသည်။”
ဇော်ဂျီ-ရသစာပေ အဖွင့်နှင့်နိဒါန်း စာ ၉/၁၀။
စကားပြေ ဖတ်၍ ကျေနပ်မှု ရသည်။ စကားပြေ ဖတ်ရသည်ကို နှစ်သက်သည်။ စကားပြေ ဖတ်၍ စကားပြေ ရေးချင်လာသည်။ ရေးကြည့်လာသည်။ အဖတ်အရေး စကားပြေမှာ ပျော်ပိုက် နှစ်ခြိုက် လာသည်။
~~~~~~~~~~~~~~~
"ကောက်ချက်ဆွဲ"
စကားပြေကို ဖတ်ရုံ ရေးရုံနှင့် မပြီးသေးပါ။ စကားပြေတစ်ပုဒ် ဖတ်၍ ဆိုလိုရင်းကို ငုံမိအောင် ထုတ်နုတ်ရပေမည်။ သုံးသပ်ရပေမည်။ ဆင်ခြင်ရပေမည်။ ဉာဏ်အမြင်ဖြင့် ထိုးထွင်း မြင်ကြည့်ရ ပေမည်။ ကောက်ချက်ဆွဲ ရပေသည်။ ထင်ရှား သိသာအောင် ထုတ်ဖော်နိုင်ရ ပေမည်။
ယင်းသို့ စကားပြေနှင့် ရင်းနှီးလာရာက၊ တစ်စ တစ်စ စကားပြောမှာ မွေ့လျော်လာသည်။ စကားပြေ၏ အတွေ့မှာ သာယာလာသည်။ စကားပြေ၏ ရသခံစားရသည်ကို နှစ်သက် စုံမက်လာသည်။ နောက်ဆုံး ဖတ်သူ နာသူမှာ ရွှင်လန်း ချမ်းမြေ့လျက် ပီတိ နှစ်သက်မှု ရသကို ရရှိလာပေမည်။
~~~~~~~~~~~~
"ရုပ်ပုံလွှာ"
စကားပြေထဲမှာ ပါသော ဆရာကြီး ဒဂုန်တာရာ၏ အောင်ဆန်း သို့မဟုတ် အရိုင်း စသော လူကို လေ့လာခြင်း သို့မဟုတ် ရုပ်ပုံလွှာ စကားပြေသည် ထိတွေ့ခဲ့မှု တို့ကို သတိရလျက် ပြန်လည် နှိုးဆွမှုတို့ကို ပေး၏။ စဖတ်မိ သည်နှင့် ဆုံးအောင်၊ ဖတ်ချင်အောင် ဆွဲခေါ် ၏။ ခေတ်သစ် သမိုင်းထဲက မိမိနှင့် ရင်းနှီးဟန် ရှိသော လူပုဂ္ဂိုလ်တို့သည် ရုပ်ပုံလွှာ ဖတ်ရင်း က မိမိ၏ စိတ်ကူးအိမ်တွင် အရိပ်ထင်လာ၏။ မိမိနှင့် တွေ့ဆုံ စကားပြောနေသလို ခံစားလာရ၏။ ဖတ်ရင်း၊ ထိတွေ့ရင်းက သုံးသပ် ဆင်ခြင်မှုကို မျှဝေ ပေးလာ၏။ ယင်းသည် ရုပ်ပုံလွှာ စကားပြေ ဖတ်ခြင်းဖြင့် ခံစားရသော ရသပုံဆောင်ခဲတို့ပင်။
~~~~~~~~~~~~~~~~~~
"စကားပြေ၏ အားသာချက်"
1. ရိုးရှင်းမှုနှင့် အဓိပ္ပာယ်ရှင်းလင်းမှု
စကားပြေသည် တိုတောင်းပြီး ရိုးရိုးရှင်းရှင်းဖြင့် လူတိုင်း နားလည်နိုင်စေသည်။
2. အချိန်မီ အသုံးပြုနိုင်မှု
ရိုးရှင်းသော စကားပြောဟာ အချိန်မီ အသုံးပြုနိုင်ပြီး လူနေမှုအတွက် အကျိုးရှိသည်။
3. နယ်ပယ်အမျိုးမျိုးတွင် အသုံးဝင်မှု
နည်းပညာ၊ စီးပွားရေး၊ ပညာရေးနယ်ပယ်များတွင် တိတိကျကျ ပြောဆိုရန် အသုံးဝင်သည်။
4. လူအပေါင်းထိလှုပ်ရှားနိုင်မှု
လူတိုင်းနားလည်နိုင်ပြီး၊ လူမှုအသိုင်းအဝိုင်းထဲတွင် စွမ်းဆောင်မှုကောင်းစွာရှိသည်။
---
"စကားပြေ၏ အားနည်းချက်"
1. ဖန်တီးမှုနည်းပါးမှု
စကားပြေသည် ရိုးရှင်းသော်လည်း ဖန်တီးမှုနှင့် စိတ်ကူးယဉ်မှုကို တိုင်းပြည့်စွမ်းမပေးနိုင်ပါ။
2. ခံစားချက်ဖော်ပြနိုင်မှု နည်းပါးမှု
စကားပြေဟာ တိုတောင်းပြီး တိတိကျကျဖော်ပြသည်။ သို့သော် ခံစားချက်များကို နက်ရှိုင်းစွာ ဖော်ပြရန် မလုံလောက်ပါ။
3. အလှတရား မပါဝင်မှု
စကားပြေသည် လှပသော အသံသြယ်၊ သရသဉ်များကို မပါဝင်နိုင်သလို၊ စွဲဆောင်မှုနည်းပါးသည်။
4. စိတ်ဝင်စားမှုအလျော့အတင်း
စကားပြေသည် တိုတောင်းသည့်အတွက် စိတ်ဝင်စားစရာ ရှားပါးနိုင်သည်။
~~~~~~~~~~~~~~~~
"စကားပြေနှင့် ကဗျာ"
ကဗျာနှင့် စကားပြေတို့၏ ခြားနားချက်မှာ စကားပြေဖြင့် ရေး၍ မရသော နေရာတွင် ကဗျာဖြင့် ရေးနိုင်ခြင်းပင် ဖြစ်၏။ ထို့ကြောင့် ကဗျာက ယင်းသို့ အရေး သာသည့်တိုင် ကဗျာနှင့် စကားပြေတို့သည် အလှတစ်မျိုးစီ ရှိသော စာပေပွင့်ဖူးတို့ ဖြစ်ကြ၏။ စကားပြေနှင့် ကဗျာသည် ခွဲမရသော တစ်အူထုံ့ဆင်း ညီအစ်ကိုရင်းချာတို့ ဖြစ်နေပေသည်။
~~~~~~~~~~~~~
"သတိပြုမိက"
စာပေ၌ စကားပြေကော ကဗျာပါ ရသခံစားခြင်းကိုလည်း နှစ်သက်မှု ရသနှင့် အတူ ဘ၀ သို့မဟုတ် ပတ်ဝန်းကျင် အသိအမြင်ကို ပါ သတိပြုမိစေ၏။ စကားပြေကောင်း သို့မဟုတ် ကဗျာကောင်း တစ်ပုဒ်ကို ဖတ်လိုက်ရသည်ကပင် ကြည်နူးမှု ရသတို့ ဖိတ်လျှံ ဖြိုးမောက် လာစေ၏။
~~~~~~~~~~~~~~~~
"ကြွယ်၀ စိတ်ဓာတ်"
“ သစ်တောနှင့် သစ်ပင် ချစ်ခင်တဲ့ လူမျိုး သစ်ပင်ကို နှစ်စဉ်စိုက်၊ ရွှေတိုက်ကိုစိုး” ဟူသော ဒွေးချိုး ကဗျာတို ကလေးသည် တိုပင် တိုသော်ငြားလည်း ရသကို တွေးမြင် ခံစားလာစေ၏။ သစ်ပင် ချစ်ဖို့၊ သစ်ပင် စိုက်ဖို့၊ အလိုရှိဖို့၊ မျှဝေဆောင်ယူ စေ၏။ သစ်ပင် ချစ်စိတ်ကို သွတ်သွင်းမြဲခိုင် စေ၏။ ကဗျာတစ်ပုဒ်လုံး ဖတ် လိုက်ရသည့် အတွက် ဖတ်သူကို ကြွယ်ဝစိတ်၊ ချမ်းသာစိတ်၊ အပြုဆောင်ရွက်လိုစိတ် တို့ကို တဖွားဖွား ဖြစ်ပေါ်လာစေ၏။
~~~~~~~~~~~~
"ကြားမှနံရံ"
ကဗျာနှင့် စကားပြေကြားတွင် ကာခြားထားသည့် နံရံဟူသည်မှာ အလှဆင်ခြင်းသဘောတရားပင်ဖြစ်သည်။ ကဗျာတွင် မိန်းမပျိုလေးတစ်ယောက်၏ နူးညံ့သောစိတ်နေသဘောထား၊ လှပစွာဝတ်စားဆင်ယင်ထားသည့်ပုံစံဖြင့် အလှတရားကို ဖော်ပြပြီး၊ စကားပြေမှာဖြင့် ယောင်္ကျားလေးတစ်ယောက်၏ တည်ကြည်ပြတ်သား၊ ရဲရင့်သောစိတ်ထားနှင့် သူတို့၏ဘဝပုံစံကဲ့သို့ အလှတရားကိုဖော်ပြလေသည်။ ကျစ်လစ်ခြင်းနှင့် သွယ်ဝိုက်ခြင်းကား ကဗျာနှင့်စကားပြေကြားမှနံရံ ဖြစ်ပေသည်။
~~~~~~~~~~~~~~~
"ရသနှင့် အသိ"
ကဗျာနှင့် စကားပြေတို့သည် မြန်မာစာပေ ရှိနေသမျှ ဖတ်သူ နာသူတို့ကို ရသ သာမက အသိပညာနှင့် ဆင်ခြင်တုံတရား၊ သုတပညာကိုပါ ပေးစွမ်းနိုင်ပေရာ ယင်းသည် စာပေ၏ ကြီးစွာသော ကြန်အင် လက္ခဏာပင်။
ထို့ကြောင့် အမှတ်တရကောင်းများစွာဖြင့် အနှစ်ရှိတဲ့ ကဗျာစာပေတို့ကို ရေးသားရင်း နိုင်ငံအတွက်အကျိုးပြုနိုင်သော သားကောင်း၊ သမီးကောင်းများ ဖြစ်နိုင်ကြပါစေဟု ကျွန်တော်မှ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်ခင်ဗျာ...။ ။(ပြီး)
(တစ်ချို့စာများအား online ပေါ်မှ ကိုးကားသည်။)
ဖတ်ရှုပေးသူ ပရိသတ်များကို အစဥ်လေးစားလျက်
#Meliodas Khun
#Angél Alphá
#part_2
#literature_knowledge
Keep Reading