ဆွေ (မန္တလေး)
- ဘယ်တစ်ခုကို ဖြေသင့်သလဲ?
IELTS - International English Language Testing System
IELTS ရဲ့ စာမေးပွဲ နှစ်ခုစလုံးက English စာ four skills (Reading, Writing, Listening, Speaking) လုံးကို စစ်တာချင်းတူပေမဲ့ ဖြေရတဲ့ရည်ရွယ်ချက်ကတော့ ကွာပါတယ်။
အလွယ်ပြောရရင်
Academic - ကျောင်းတက်ဖို့ ရည်ရွယ်ထားတဲ့သူတွေအတွက်
ဥပမာ
- undergraduate အနေနဲ့ ကျောင်းသွားတက်ချင်တဲ့သူတွေ
- postgraduate အနေနဲ့ ပညာသွားသင်ချင်တဲ့သူတွေ အတွက်ပါ။
General Training - ပြောင်းရွှေ့နေထိုင်ဖို့ စီစဉ်နေတဲ့သူတွေ ဒါမှမဟုတ် အလုပ်ရှာဖွေနေတဲ့သူတွေ အတွက်ပါ။
ဖြေရတဲ့ Skills အရ
Reading နဲ့ Writing ပဲကွာခြားမှုရှိပြီး
Speaking နဲ့ Listening ကတော့ ဖြေရတာချင်း တူပါတယ်။
နှစ်ခုစလုံး ဖြေဆိုရတဲ့အချိန်ကလည်း ၂နာရီ ၄၅ မိနစ်ခန့် ကြာပါတယ်။
ဘယ်တစ်ခုကိုရွေးသင့်သလဲဆိုတာကတော့ ကိုယ်က ကျောင်းတက်ချင်တာလား အလုပ်နဲ့သွားမှာလား ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။
၉၊ ဖေဖော်ဝါရီ၊ ၂၀၂၅။
ဆွေ (မန္တလေး)
Keep Reading