ပြာလဲ့ရီဝေ

လမ်းဆုံးဟု ထင်ရသော်လည်း
မဆုံးသော လမ်းတွေပါ။
ရှည်လျားသောလမ်းဟု ထင်ရပေမင့်
ဖြတ်ခနဲတိုပြီး လမ်းဆုံးဖြစ်နိုင်ပါတယ်။
ဒီတော့
အလယ်ခေါင်မှာ
ယောနိသော မနသိကာရနဲ့
ဆောက်တည်စိတ်အား
ကြယ်ငါးတစ်ကောင်ကိုတော့ဖြင့်
ပင့်ပစ်နိုင်ပါရစေသား။ ။
#ပြာလဲ့ရီဝေ
Keep Reading