Author's Profile Photo

နွယ်ငြိမ်းလင်းပွင့်

25/01/2025

အသံများ

1 min read
Poetry

​ခေါင်းထဲမှာ စကားသံ​တွေ ဆူညံ​နေတယ်။
ပုံရိပ်​တွေက ကခုန်ပြီး အချီအချ ​ပြော​နေကြတယ်။
ငုတ်တုတ်ထိုင်ပြီး စိတ်ခရီးသွား​နေမိတယ်။

​စိတ်ခလုတ် ပိတ်မထား​တော့
နားအုပ်ထားလည်း ကြားရတယ်။
မျက်လုံးမှိတ်ထားလည်း မြင်ရတယ်။
ထိုင်​နေရက်နဲ့လည်း ​မောဟိုက်နေတယ်။
အရိပ်​အောက်မှာ ​နေရင်းနဲ့လည်း ​ပူ​လောင်​နေပြန်တယ်။

အပြင်က ဆူညံသံထက်
​ခေါင်းထဲက ဆူညံသံက ပိုကျယ်​​​လောင်တယ်။
ပိုပူ​လောင်​စေတယ်
ပိုရိုက်ခတ်​စေတယ်
ပိုနွမ်းလျ​စေတယ်

အိပ်​ပျော်သွားရင်​​တောင် အသံ​တွေက အိပ်မက်ဘဝ ကူးပြီး လာ​ခေါ်ဦးမယ်။

17.10.23 (Tue)

Keep Reading

ရန်ကုန်မိုးမိုးရွာတဲ့​ ​နေ့ကောက်ရိုးတစ်မျှင်နန်းကျဘုရင်အကြည်ဓာတ်နေချင်တဲ့ ဘဝမွေး​နေ့လက်​ဆောင်ပျော်မောသူဘဲမေမေကြီးနဲ့ ဥလေးများလက်တွေ့(action)