မော်ဂန်
ဆောင်းရာသီရောက်တိုင်း ကျွန်တော်တို့ မိုးကုပ်စက်ဝိုင်းမှာ တွေ့မြင်နေကျ ရှုခင်းတစ်ခုရှိပါတယ်။ အဲ့တာက V ပုံစံဖွဲ့ပြီး အုပ်စုလိုက် ပျံသန်းနေကြတဲ့ ငှက်တွေပါပဲ။ ဒီငှက်တွေဟာ ရာသီအလိုက် ရွှေ့ပြောင်းကျက်စားတဲ့ ငှက်မျိုးစိတ်တွေ ဖြစ်ကြပါတယ်။
သဘာဝတရားကြီးရဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ ပြောရမယ့် သူတို့ရဲ့ ခရီးရှည်ကြီးဟာ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။
အဓိကအားဖြင့် ဒီလိုပျံသန်းတဲ့ ငှက်တွေထဲမှာ ဘဲရိုင်း (Wild Geese)၊ ငန်း (Swan) နဲ့ ရေငှက် (Crane) တို့ ပဲဖြစ်ပါတယ်။
- ဘာကြောင့် V shape ပုံစံနဲ့ ပျံသန်းကြတာလဲ
ဘာကြောင့်လဲဆိုတော့ ငှက်တွေဟာ V ပုံစံနဲ့ ပျံသန်းခြင်းအားဖြင့် လေထုဖိအားကို ခုခံနိုင်စွမ်း ပိုကောင်းလာပြီး၊ စွမ်းအင်သုံးစွဲမှု လျော့နည်းစေလို့ပါ။
ရှေ့ဆုံးက ဦးဆောင်ပျံသန်းတဲ့ ငှက်က လေကို ခွဲဖြတ်ပေးတဲ့အခါ နောက်က လိုက်ပါလာတဲ့ ငှက်များအတွက် လေခုခံအားနည်းသွားပြီး ပျံသန်းရတာ ပိုမိုလွယ်ကူစေပါတယ်။ ထို့ကြောင့် ငှက်အုပ်စုဟာ တစ်ကောင်ချင်း သီးခြားစီ ပျံသန်းတာထက် စွမ်းအင် ၇၀ ရာခိုင်နှုန်းလောက် သက်သာစေပါတယ်။
ဒါ့အပြင် သူတို့ဟာ အလှည့်ကျ ဦးဆောင်ပျံသန်းကြပါတယ်။ ရှေ့ဆုံးက ငှက်ဟာ အပင်ပန်းဆုံးဖြစ်တဲ့အတွက် ပင်ပန်းလာတဲ့အခါ နောက်တစ်ကောင်က ရှေ့ကို တက်လာပြီး ဦးဆောင်ပါတယ်။ ဒီလိုနဲ့ အချင်းချင်း ကူညီပံ့ပိုးပြီး ရှည်လျားတဲ့ခရီးကို အတူတကွ ဖြတ်သန်းကြတာပဲဖြစ်ပါတယ်။
- အဲ့လိုပျံနေတဲ့ ငှက်လေးတွေကိုတွေ့ရတဲ့အခါ
V shape ပျံသန်းတဲ့ ငှက်တွေကို တွေ့ရတဲ့အချိန်က အထူးသဖြင့် နှစ်ရာသီမှာ ဖြစ်ပါတယ်။
၁။ ဆောင်းဦးရာသီ (အောက်တိုဘာ-နိုဝင်ဘာ)-
ငှက်တွေဟာ အေးချမ်းတဲ့ မြောက်ဘက်ဒေသကနေ နွေးထွေးတဲ့ တောင်ဘက်ဒေသကို ရွှေ့ပြောင်းကျက်စားကြတာပါ။ ဒါဟာ ဆောင်းရာသီ စတင်တော့မယ်ဆိုတဲ့ သဘာဝရဲ့ အချက်ပြမှုတစ်ခုလို့လဲမှတ်ယူနိုင်ပါတယ်။
၂။ နွေဦးရာသီ (မတ်လ-ဧပြီလ)-
ရာသီဥတု ပူနွေးလာတာနဲ့အမျှ ငှက်တွေဟာ တောင်ဘက်ကနေ မြောက်ဘက်ကို ပြန်လည်ရွှေ့ပြောင်းကြပါတယ်။
ဒီငှက်တွေကို တွေ့မြင်ရခြင်းဟာ ရာသီဥတု ပြောင်းလဲတော့မယ်ဆိုတဲ့ အချက်ပြမှုတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် ဆောင်းရာသီမှာ တွေ့ရတဲ့အခါ အပူချိန်ကျဆင်းတော့မယ်၊ လေအေးတွေ တိုက်ခတ်တော့မယ်ဆိုတာကို ညွှန်ပြနေတာပဲဖြစ်ပါတယ်။
သဘာဝတရားကြီးရဲ့ ဒီလိုအံ့ဖွယ် ဖန်တီးမှုတွေဟာ လူသားတွေအတွက် အတုယူစရာ သင်ခန်းစာတွေ ဖြစ်ပါတယ်။ စုပေါင်းလုပ်ဆောင်ခြင်းရဲ့ အားသာချက်၊ ခက်ခဲတဲ့ခရီးလမ်းမှာ အချင်းချင်း ပံ့ပိုးကူညီခြင်း၊ ခေါင်းဆောင်မှုကို မျှဝေယူခြင်းတို့ဟာ အောင်မြင်မှုရဲ့ သော့ချက်တွေပဲ ဖြစ်ပါတယ်။
***
စာဖတ်သူများကိုအစဉ်လေးစားလျက် …
စာရေးသူ မော်ဂန်
12.1.2025(1:33pm)
Telegram- moxgen_u
Keep Reading