Author's Profile Photo

မောင်ရွှေဘ

21/01/2025

အချမ်းသာဆုံးလူကိုသိလားမိတ်ဆွေ

1 min read
Education
General Knowledge
Creative

စာဖတ်သူမိတ်ဆွေရေ သင်ဟာအချမ်းသာဆုံးလူကဘယ်လိုလူမျိုးလဲဆိုတာကိုသိဖို့အလွန်လိုအပ်ပါတယ်။
တစ်ခါကကာလီဒါသဆိုတဲ့ပညာရှိအမတ်ကြီးတစ်ဉီးရှိခဲ့ဖူးတယ်။တစ်နေ့မှာသူ့ရဲ့သခင်ဘုရင်ကြီးကနန်းရင်ပြင်မှာအမတ်အားလုံးကိုမေးခွန်းတစ်ခုမေးပါတယ်။အချမ်းသာဆုံးလူကဘယ်သူလဲပေါ့။ဘုရင်ကသူ့ကိုအချမ်းသာဆုံးလို့ပြောတဲ့အမတ်ရှိတာကြောင့်ပြုံးပြီးအမတ်ကြီးကာလီဒါသကိုမေးပါတယ်။အမတ်ကြီးကာလီဒါသက"အရှင်မင်းကြီး၊အချမ်းသာဆုံးလူကလောလောဆယ်ဒုက္ခကိုသည်းခံဖြေရှင်းနိုင်တဲ့လူပါ"လို့ပြောတယ်။ဘုရင်ကသူ့နာမည်ပြောမလားလို့ထင်ထားတဲ့အတွက်မကျေမနပ်ဖြစ်ပါတယ်။အမတ်ကြီးကိုဘာအသပြာမှမချီးမြှင့်ဘဲသူ့ကိုမြှောက်ပင့်ပြောနေတဲ့အမတ်တွေကိုသာတစ်ယောက်ကိုရွှေဒင်္ဂါး၁၀ပြားစီပေးလိုက်ပါတယ်။အဲ့လိုဆွေးနွေးနေတဲ့အချိန်မှာပဲ ဘုရင်ကဗိုက်နာလာတာကြောင့်နန်းရင်ပြင်ကနေအပြေးရေအိမ်ဆီသွားပြီးအိမ်သာတက်ရပါတယ်။အိမ်သာတက်နေရင်းဘုရင်ကစဉ်းစားပါတယ်"ကာလီဒါသပြောတာမှန်သားပဲ၊ငါအခုအိမ်သာတက်ချင်နေတဲ့အချိန်ရွှေလည်းမမက်နိုင်၊အာဏာလည်းမမက်နိုင်၊ဒီပြဿနာကိုဖြေရှင်းနိုင်လိုက်မှငါဟာအချမ်းသာဆုံးဖြစ်သွားတယ်"။အဲ့လိုနဲ့ဘုရင်ဟာနန်းရင်ပြင်ပြန်ရောက်တော့အမတ်ကြီးကာလီဒါသကိုရွှေဒင်္ဂါးနှစ်ထောင်ချီးမြှင့်လိုက်ပါတယ်။ဒါကြောင့်မိတ်ဆွေရေ သင်ဟာဒီအဖြစ်အပျက်လေးကနေ ဘဝမှာလောလောဆယ်ဒုက္ခကိုဖြေရှင်းနိုင်တဲ့လူကအချမ်းသာဆုံးပါပဲဆိုတဲ့သင်ခန်းစာလေးရမယ်ထင်ပါတယ်။ကုသိုလ်၊ပညာ၊ဉစ္စာရအောင်ရှာနေတဲ့အချိန်မှာ ဖြစ်လာမယ့်အခက်အခဲအကြပ်အတည်းတွေကို သေချာစွာဖြေရှင်းနိုင်ပါစေမိတ်ဆွေ။ရိုးသားမှုကိုလည်းတန်ဖိုးထားတတ်ပြီးကိုယ်ကျင့်တရားဖြူစင်တဲ့ အချမ်းသာဆုံး လူဖြစ်အောင်ကြိုးစားပါမိတ်ဆွေ။


#မောင်ရွှေဘ

Keep Reading

Cambridge English Exam"စကားချိုသာလျှင် လိုရာကိုရသည်"တက်ညီလက်ညီ ပန်းတိုင်ဆီသို့ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarship