Author's Profile Photo

Linn Yin

5/01/2025

ယနေ့ခေတ်ရဲ့လမ်းပျောက်လူငယ်များ

1 min read
Education
General Knowledge
History
ယနေ့ခေတ်ရဲ့လမ်းပျောက်လူငယ်များ's photo

တောကြီးကလည်း‌ မှောင်လိုက်တာမှလွန်ရောကွာ
ငါတော့ဘာမှမမြင်ရတော့ဘူးကွ
ငါလည်းတူတူပဲကွာ
ရှေ့ကိုဘယ်လိုဆက်သွားကြမလဲ
နေပြောက်လေးတစ်ပေါက်တောင်မကျသလို
လရောင်လည်းမရှိဘူးကွ
ကြယ်ရောင်ဆိုတာဝေလာဝေးရောပေါ့
ရွေးချယ်စရာ‌လမ်းမပြောနဲ့
ဆက်လျှောက်လာတဲ့လမ်းတောင်မတွေ့တော့ဘူး
ဒီအတိုင်းသာမှောင်နေရင်တော့
ထိုင်နေရမှာလား
နောက်ပြန်ဆုတ်လိုက်ရင်ရော
ရှေ့ဆက်တိုးလိုက်ရင်ရော
ဘယ်လိုပဲနေနေထိုင်နေလို့တော့မရဘူး
ရှေ့ပဲတိုးတိုး နောက်ပဲဆုတ်ဆုတ်
အမှောင်တိုင်းပါပဲကွာ
ငါတို့မှတ်မိတဲ့လာလမ်းအတိုင်းနောက်ဆုတ်ခဲ့ရင်ရော
နောက်လမ်းကောင်းခဲ့လို့လား
ရှေ့ဆက်တိုးလိုက်လို့များရော
ချောက်လား ချိုင့်လား
ချောက်မှန်း ချိုင့်မှန်း သိရင်တောင်
ဆက်လျှောက်ကြမယ်မို့လား
ဆုံးဖြတ်ချက်တွေလည်းတူမှာမဟုတ်သလို့
လျှောက်တဲ့လမ်းချင်းလည်းတူမှာမဟုတ်ဘူးပေါ့
ဘယ်လမ်းပဲလျှောက်လျှောက်
ကိုယ်လျှောက်တဲ့လမ်းမှာ တွေ့တဲ့လူတိုင်းဟာ
ကိုယ်နဲ့အတွေးတူလို့လျှောက်လာတဲ့သူတွေပါပဲ
လျှောက်လမ်းမတူအတွေးမတူသူကို တွေ့ခဲ့သော်လည်း
တွေ့တဲ့သူတိုင်းကို
ဖေးမကူညီ ချစ်ခင်ရိုင်းပင်းစွာနဲ့
လူသားဆန်တဲ့စိတ်မွေးမြူနိုင်ကြပါစေ

..............

အားလုံးကို ချစ်ခင်စွာဖြင့်.........
လမ်းပျောက်ပေါ်လျှောက်နေမိတဲ့လူငယ်တွေရဲ့ခြေလှမ်းများ အမြန်ဆုံးလမ်းမှန်ပေါ်လျှောက်လှမ်းနိုင်ကြပါစေ။

လင်းယဥ်
၅.၁.၂၀၂၅

Keep Reading

Mindsetကလေးငယ်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာမမေ့ချင်ဆုံးအမှတ်တရ (သို့) ဒုတိယမြောက် Grade-12 ကျောင်းသားဘဝ (Episode-4)ကိုယ်သာလျှင် ကိုယ့်ရဲ့ပြိုင်ဘက်ပါတက်ညီလက်ညီ ပန်းတိုင်ဆီသို့◾ဝိုက်ချ မောက်ချ ဘာကြောင့် ခွဲရေးတာလဲ❓မျက်လုံးခြောက်ခြင်း(Dry Eye)အတွက် ကျန်းမာရေးအသိပညာFinance Vs Accountingလဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်