547
Testnet ဆိုတာ Network တစ်ခု အသစ် တရားဝင်ထွက်မလာခင် အစမ်းအနေနဲ့ ပေးအသုံးပြုတယ် Network ဖြစ်တယ်။ Testnet & Mainnet အပြင် တခြား ဟာတွေ ရှိသေးပေမဲ့ Testnet နဲ့ Mainnet အကြောင်းဘဲ ပြောပြပါမယ်။ Testnet မှာ ကျနော်တို့က Token တစ်ခုကနေ တစ်ခုကို Swap ပေးရတယ်။ Network တစ်ခုကနေ နောက်တစ်ခုကို Bridge ပေးရတယ်၊ Transaction လုပ်ပေးရတယ်။ တစ်ခု သိစေချင်တာက Testnet Token တွေက တကယ်တန်ဖိုးမရှိသေးပါဘူး။ Testnet ကာလမှာ သုံးဖို့ဘဲ ဖန်တီးထားတာပါ။ Developer တွေက ကျနော်တို့ရဲ့ Transaction တွေကို မြန်လာမမြန်လား၊ တစ်စက္ကန့်မှာ Transaction ဘယ်လောက်လုပ်နိုင်လဲ၊ Bug တွေ Error တွေရှိလား စစ်တယ်။ Error တွေတွေ့ရင် ပြင်တယ်၊ Security အားကောင်းအောင် အဆင့်မြှင့်တယ်။ အဲ့လို ပြင်ရင်းပြင်ရင်း နောက်ဆုံး Transaction တွေလည်း သူ့ဟာနဲ့သူ အဆင်ပြေတယ်၊ Security ကျိုးပေါက်တာလဲ မရှိဘူး၊ Error တွေလည်း မရှိတော့ဘူး။ နောက်ဆုံး စိတ်ကျေနပ်သွားပြီးဆိုရင် Mainnet ဆိုပြီး ပြောင်းသွားတယ်။
Mainnet ဆိုတာကတော့ တကယ်အသုံးပြုလို့ရတဲ့ Network ပါ။ Mainnet Launch ပြီဆိုရင် Testing မှာ Active ဖြစ်ခဲ့တဲ့ Wallet တွေဆီကို သူတို့ရဲ့ Token တွေ Airdrop အနေနဲ့ပေးပါတယ်။
ဒါနဲ့ Network တွေက ဘာတွေလဲ ဘာကြောင့် ဖန်တီးကြတာလဲ။
Ans:
များသောအားဖြင့် နဂိုရှိပြီးသား Blockchain တွေရဲ့ အားနည်းချက်တွေကို ဖြေရှင်းဖို့ ဖြစ်ပါတယ်။ ကျနော်တို့ သိတယ်အတိုင်း Bitcoin, ETH စတဲ့ Blockchain တွေက Transaction တစ်ခါတစ်ခါ ပေးရတဲ့ Blockchain Fee တွေက တအားမြင့်တယ်။ တစ်စက္ကန့်မှာ Transaction တွေအများကြီး မလုပ်နိုင်ဘူး စတဲ့ ပြဿနာတွေ ရှိတယ်။
အဲ့တာတွေ ဖြေရှင်းနိုင်ဖို့အတွက် Network အသစ်တွေ ဖန်တီးကြတာဖြစ်ပါတယ်။
ဥပမာအနေနဲ့, ETH မှာ ပုံမှန် ETH Mainnet Network နဲ့ ETH Transaction လုပ်မယ်ဆို Fee က $17 လောက်ကုန်တဲ့ အချိန်မှာ သူရဲ့ Layer 2 Blockchain Token ကို အသုံးပြုပြီး ETH သုံးမယ်ဆို Transaction Fee က $1 လောက်ဘဲ ကုန်မယ် စသဖြင့် ပေးရတယ့် Fee နည်းတာ ၊ Transaction Speed မြန်တာစတာတွေရှိတာကြောင့် Network အသစ်တွေ ဖန်တီးကြတာပါ။
Keep Reading