Author's Profile Photo

Si Thu Aung

29/12/2024

လူမှုကွန်ရက်ဂူ

1 min read
Education
General Knowledge
Art

ပလေတိုရဲ့ အတွေးအခေါ်တစ်ခုဖြစ်တဲ့ Allegory of the cave ဆိုတာ ရှိတယ်။ သဘောတရားအားဖြင့်တော့ ဂူထဲမှာ လူတွေကို မွေးကတည်းက ဂူပေါက်ကို ကျောပေးပြီး သံကြိုးတွေနဲ့ခတ်ထားတယ်။ သူတို့ရဲ့မျက်နှာချင်းဆိုင်မှာ ဂူနံရံကြီး ရှိတယ်။ နောက်မှာ မီးပုံတစ်ခုထားပေးထားတယ်။ ဂူပေါက်ဝက ခွေးတစ်ကောင်ဖြတ်သွားရင် ခွေးရဲ့ အရိပ်က သူတို့မျက်နှာချင်းဆိုင်ဖြစ်တဲ့ ဂူနံရံမှာ လာပေါ်တယ်။ အရိပ်ဆိုတော့ ခွေးရဲ့ ခြေလေးချောင်းနဲ့ အမြီးကိုတော့ မြင်ရတာပေါ့။ ခွေးရဲ့အရောင်တွေ ဘာတွေ ဘာမှ သူတို့မသိဘူး။ နွားတစ်ကောင်ဖြတ်သွားလည်း အဲ့လိုပဲ နွားရဲ့အရိပ် ပုံပန်းသွင်ပြင်တော့ သူတို့သိကြတယ်။ ဒါပေမယ့် နွားအရောင်တို့ဘာတို့ကို မျက်မြင်မတွေ့ဖူးကြဘူး။ သူတို့တွေ့ဖူးသမျှက အရိပ်တွေချည်းပဲ။ အစစ်အမှန်ကို မမြင်ဖူးကြဘူး။ ဒါပေမယ့် သူတို့တစ်သက်လုံးမြင်လာတာက အဲ့အရိပ်တွေချည်းပဲဆိုတော့ အဲ့အရိပ်တွေကိုပဲ တကယ်အစစ်အမှန်လို့ထင်နေကြတာ။ တစ်ရက်မှာ အဲ့ထဲက တစ်ယောက်က သံကြိုးတွေကို ဖြတ်ပြီး ဂူထဲက ထွက်ပြေးတယ်။ ဂူအပြင်ရောက်တော့ သူမြင်နေကြအရိပ်တွေရဲ့ တကယ့်အစစ်အမှန်တွေကို မြင်တွေ့လိုက်ရတယ်။ အကုန်လုံးက အရောင်တွေနဲ့ ခွေးဆိုလည်း အရောင်နဲ့ ကိုင်ကြည့်လိုက်တော့လည်း အမွှေးဖွားလေးတွေနဲ့ မြက်ခင်းပြင်ကြီးကလည်း အစိမ်းရောင် ကောင်းကင်ကြီးကလည်း အပြာရောင် အကုန်လုံးကို သူသေချာလိုက်ထိတွေ့ခံစား မြင်တွေ့ပြီးတော့မှ သူမွေးကတည်းက သိလာတာတွေက အရိပ်တွေသာ ဖြစ်တယ်။ တကယ့်အစစ်အမှန်တွေဆိုတာ ဒီလိုတွေပါလားဆိုတာ သိသွားတယ်။ အဲ့တော့ ဂူထဲမှာကျန်ခဲ့တဲ့သူတွေကို သွားရှင်းပြမယ်ဆိုပြီး ဂူထဲပြန်ဝင်သွားတယ်။ သူ့သူငယ်ချင်းတွေကိုပြောပြတာပေါ့။ လက်တွေ့လောကကြီးက ဘယ်လိုမျိုးတွေဆိုတာ။ သူ့သူငယ်ချင်းတွေက ဒီကောင်တော့ ဂူထဲက ထွက်သွားပြီး ပြန်လာတာ ရူးသွားပြီထင်တယ်။ ဘာပေါက်တက်ကရတွေလာပြောနေတာလဲဆိုပြီး အပြစ်ဝိုင်းဆိုကြ။ အရူးဆိုပြီး သူပြောတာ ဘယ်သူမှ မယုံကြဖြစ်ကြတယ်။ ပလေတိုက အဲ့ဂူအပြင်ရောက်ခဲ့တဲ့သူကို philosopher လို့ တင်စားတယ်။ philosopher တွေရဲ့ ဘဝက အဲ့လူလိုပဲ တကယ့် အစစ်အမှန်တွေကို နလဗြိန်းတုံးတွေကို ဘယ်လို ရှင်းပြပါစေ။ နလဗြိန်းတုံးတွေက philosopher တွေပြောတဲ့ အစစ်အမှန်ဆိုတာ မသိနိုင် မမြင်နိုင်ပဲ အစစ်အမှန်ကို ပြောပြတဲ့ philosopher တွေကို ဂေါက်ကြောင်တွေ အဖြစ်မြင်တတ်ကြတယ်။ ဟိုတစ်နေ့က philosophy မဂ္ဂဇင်းတစ်ခုမှာ အဲ့ဂူက အခု social media ဖြစ်နေပြီလို့ ရေးထားတဲ့ ဆောင်းပါးလေး တစ်ခု ဖတ်မိလိုက်တယ်။ ဟုတ်ပါတယ်။ အခုခေတ်ကလေးတွေဆို အပြင်လောကဆိုတာ သေချာမသိနားမလည်ကြတော့ပဲ ဒီ social media မှာတင်တဲ့ ပေါတောတောတွေ ဝါဒဖြန့်တာတွေကို အဟုတ်ထင်ပြီး ပြင်ပလောကနဲ့ အဆက်ပြတ်လာကြတယ်။ social media မှာမြင်တွေ့နေရတာအများစုက ဂူထဲမှာပဲ မြင်နေကြဖြစ်တဲ့ အရိပ်တွေလိုဖြစ်လာတယ်။ လက်တွေ့လောကကြီးနဲ့ အဆက်အသွယ်ပြတ်လာကြတယ်ဆိုတာကို ဆောင်းပါးလေးအဖြစ် ရေးထားတာ တော်တော်သဘောကျမိတယ်။ အခုခတ်လူငယ်တွေကို အပြစ်ဆိုတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဂူအပြင်ရောက်အောင်ထွက်နိုင်တဲ့သူလို အမြင်ကျယ်အောင် အိမ်ထဲက ထွက်ပြီး လျှောက်သွားနေစရာမလိုပါဘူး။ တကယ့် ပညာရပ်ဆိုင်ရာ စာအုပ်တွေကို ဖတ်ဖို့ လိုပါတယ်။ social media မှာ cele ဖြစ်အောင် လုပ်နိုင်ရင် ပိုက်ဆံရှာနိုင်တယ်ဆိုတဲ့ အတွေးမျိုးတွေ မတွေးစေချင်ပါဘူး။ ကမ္ဘာကြီးတိုးတက် ကောင်းမွန်လာအောင် လက်တွေ့ကမ္ဘာကို အစစ်အမှန်လောကကြီးကို သိဖို့လိုပါတယ်။ ဂူထဲမှာပဲ အရိပ်တွေနဲ့ပဲ ပျော်တယ်ဆိုလည်း သဘောပါပဲ။

Keep Reading

တက်ညီလက်ညီ ပန်းတိုင်ဆီသို့ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarshipလူငယ်တွေ ဘာကြောင့် သင်တန်းတက်ကြတာလဲ ?ကျောင်းစာကြည့်တိုက် ပညာရေး -----------------------------