Author's Profile Photo

Minal

21/12/2024

ကံ၊ဉာဏ်၊ဝီရိယ

1 min read
Education
General Knowledge
Art

တစ်ခါတုန်း ဘုရင်ကြီးတစ်ပါးမှာ ပညာရှိအမတ်ကြီးသုံးယောက်ရှိသတဲ့ သူတို့ကတော့ ကံရယ်၊ဉာဏ်၊ဝီရိယတို့ဖြစ်တယ်

တစ်နေ့မှာဘုရင်ကြီးက ကံ၊ဉာဏ်၊ဝီရိယမှာဘယ်ဟာက လောကအတွက်အရေးပါဆုံလည်းသိခြင်တဲ့အတွက် အမတ်ကြီးသုံးယောက်ကိုစမ်းသက်သတဲ့

တစ်ညမှအမတ်ကြီးသုံးယောက်စားတဲ့ စားပွဲထဲကိုအိပ်ဆေးတွေထည့်ထားပြီး အမတ်ကြီးသုံးယောက်အိပ်ပျော်သွားတဲ့အခါမှာတော့ ကျင်းနက်ကြီးတစ်ခုထည့်ထားပြီး ဧရာမပေါက်ပေါက်ဆုပ်အလုံးကြီးထဲကိုမင်းကြီးရဲ့လက်စွပ်ထည့်ကာ ကျင်းရဲ့အပေါ်ကနေပိတ်ထားသတဲ့

အမတ်ကြီးသုံးယောက်နိုးလာတဲ့အခါမှာတော့ ကျင်းကြီးထဲဘယ်လိုရောက်နေလည်းမသိ စဥ်းစားရင် ထွက်ပေါက်ကိုရှာနေသတဲ့

ကံအမတ်ကြီးကတော့ ငါတို့တစ်နေ့ဒီကျင်းကြီးထဲကလွတ်မှာပါလို့ပြောရင် ပြန်အိပ်နေသတဲ့

ဉာဏ်အမတ်ကြီးကတော့ ထွက်ပေါက်ရှိမည့်နေရာကိုစဥ်းစားနေတုန်း ပုရွက်ဆိတ်တွေအတန်းလိုက်သွားနေတာကိုမြင်သွားပြီး ပုရွက်ဆိတ်တွေကအစားရှာဖို့အပြင်ကိုထွက်ကြမှာပဲ အဲ့တော့သူတို့သွားရာလမ်းအတိုင် လမ်းဖောက်ကြည့်ရင်တော့အပြင်ကိုရောက်နိုင်တယ်လို့စဥ်းစားမိကာ မိမိရဲ့အစီစဥ်တွေကို ဝီရိယအမတ်ကြီးကိုပြောပြကာအကူညီတောင်းသတဲ့

ဝီရိယအမတ်ကြီးလည် ပုရွက်ဆိတ်သွားရာလမ်းအတိုင် မြေကြီးများကိုလက်နဲ့ကုတ်ခြစ်ကာနေသတဲ့ အချိန်တော်တော်ကြားသော်အခါ ပေါက်ပေါက်ဆုတ်အလုံးကြီးဆီရောက်သွားပြီး ဗိုက်ကဆာဆာဖြစ် ဉာဏ်အမတ်ကြီးနဲ့ဝီရိယအမတ်ကြီးကပေါက်ပေါက်ဆုတ်ရဲ့အပြင်အသားများကိုစားလိုက်ကြပါတော့တယ် အတွင်းကအနှစ်အသားများကို ကံအမတ်ကြီးစားဖို့ရာချန်ပေးထားသတဲ့ ကံအမတ်ကြီးစားတဲ့အခါမှာတော့မင်းကြီးရဲ့လက်စွပ်ကိုတွေ့သောအခါမှာတော့ အမတ်ကြီးသုံးယောက်လည် ဘုရင်ကြီးထံသွားရောက်ကာဆက်သကြလေးတယ်

ဘုရင်ကြီးကဝမ်းသာဝမ်းမြှောက်စွာနဲ့ပဲ လောကကြီးမှာ ကံကြည့်ပဲလည်အရေးမပါသလို ဉာဏ်ရှိရုံနဲ့လည်မပြီး ဝီရိယရှိဖို့လည်လိုအပ်တာကြောင့် လောကမှာ ကံ၊ဉာဏ်၊ဝီရိယရှိမှပြည့်စုံမည်ဖြစ်ကြောင်း မှူမတ်သေနာပတိများကိုရှင်းပြကား
ကံ၊ဉာဏ်၊ဝီရိယနဲ့ပြည့်စုံစွာနေထိုင်ကြဖို့ မိန့်တော်မူလိုက်သတည်း

ဒီပုံပြင်လေးအတိုင်ပဲ ကျွန်မတို့ရှင်သန်နေတဲ့လောကကြီးမှာ ကံကောင်းရုံနဲ့မပြီးဘူး ငါကအမြဲကံကောင်းနေတာပါပဲဆိုပြီး လုပ်စရာရှိတာတွေကိုဝီရိယရှိရှိအားမထုတ်ဘဲနေနေလို့မရဘူး ငါကဉာဏ်ကောင်းပါတယ် ခနလေးနဲ့စာကျက်ရင်ရပါတယ်ဆိုပြီးအိပ်နေရင်တော့ စာမကျက်ရင်တော့ကျမှာပါပဲ ဒါကိုတော့လူတိုင်သိပါတယ် ဒါကြောင့်လူငယ်တွေ ကံကောင်းဖို့အတွက်ဘုရားတရားလုပ်ကြပါ ဉာဏ်အတွက်တော့ စာများများဖတ်ပြီး ဝီရိယအတွက်တော့ မိမိကိုယ်ကိုသတိတရားကပ်ပြီနေရင်
ကံ၊ဉာဏ်၊ဝီရိယနှင့် ပြည့်စုံပြီး အရာရာမှာအဆင်ပြေချောမွတ်ပြီး အောင်မြင်မူသရဖူဆောင်ရမှာအမှန်ပါပဲရှင့်

လူငယ်တိုင်းပျော်ရွှင်လွတ်လပ်ကြပါစေ??
Minal (21.12.2024) 9.44 PM

Keep Reading

Cambridge English Exam"စကားချိုသာလျှင် လိုရာကိုရသည်"တက်ညီလက်ညီ ပန်းတိုင်ဆီသို့ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarship