Tawtawti
အခန်း(၄)
မြူခွင်းနေကလေးပြူထွက်လာပြီးသည့်နောက်..ချမ်းတစိမ့်စိမ့် နံနက်ခင်းရှုခင်းကား မြင်ကွင်းအားလုံးကို ပီပြင်လင်းပလာစေသည်။
နှင်းသောက်ရောင်ခြည်အောက်၌ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ရှိ ကျောင်းကန်တင်းဆိုင်ခန်းများတွင်လည်း စတုဒီသာကျွေးနေသည့်အလား တဝတပြဲ စားသောက်သူများဖြင့် စည်ကားစပြုနေချိန်။
စိတ်ကူးသစ်ကန်တင်းတွင်တော့ လူကိုနော်၊ အမ်ဒီးတန်၊ စိုင်းဟန်မိန်း၊ ခြိမ့်ဒီသွေးနှင့် နေခေတ်လင်းတို့သူငယ်ချင်းအုပ်စု ရေနွေးကြမ်းတအိုးနှင့် လက်ဖက်ထမင်းပွဲများကိုယ်စီ မနက်စာအဆာပြေ အပီဝါးတီးဆွဲနေကြ၏။
သမုဒ္ဒရာ ဝမ်းတထွာ လစ်မဟာသွားဖို့အရေး ဖြည့်တင်းခြင်းကို အကြောင်းရင်းပြုနေကြသည်ကား မှန်ပေ၏။ သို့သော် တက္ကသိုလ်ကျောင်းသား လူငယ်များပီပီ ဖြတ်သွားဖြတ်လာဝန်းကျင်ရှိ လူအများကိုလည်း စူးစမ်းသမှုကား မျက်ချေမပြတ်ကြချေ။
ထိုစဉ်...သူတို့အဖွဲ့၏ မြင်ကွင်းထဲသို့ ထင်းထင်းကြီး ဝင်ရောက်လာသည်က ရဲရဲတောက်အနီရောင်ဝမ်းဆက်ကို ဆင်မြန်းထားသော ထူးဆန်းနေသည့် ဂြိုဟ်သားသတ္တဝါလိုလို.. စိတ်မနှံ့သူလိုလို...လျက်ဆားလှည့်လည်ရောင်းချသည့် ဖေဇော်ဂျီလိုလို ကျောင်းသားတဦး။
သူ့မှာ ဝတ်စုံတင်မက ခေါင်းစွပ်အစ လွယ်အိတ်အလယ် ဖိနပ်အဆုံး ရဲပဒေါင်းနီတာခတ်နေမှုကြောင့် အားလုံးကြားတွင် ထီးထီးကြီးထင်းနေလေသည်ကား သူ၏ချာလီထီးနီနီပင် ပါလိုက်သေး၏။
"ဟေ့.. ဟိုမှာ ကြည့်စမ်း .. ဟိုလူဝတ်စားထားတဲ့ ဒီဇိုင်းကာလာ ဘာညာအနေအထားက အတော်ထူးခြားနေတယ်နော်..။ ဂေါက်နေတာတော့ မဟုတ်လောက်ဘူးထင်ပါရဲ့"
နေခေတ်လင်းက လှမ်းစူးစမ်းရင်း သုံးသပ်လေသည်။
"အေးဟ.. သူ့စတိုင်ကို ကြည့်ရပုံထောက်ရင် အကြောင်တလိုင်း.. အကြောင်းတစုံတော့ ရှိလိမ့်မယ်ထင်တယ်"
လူကိုနော်က ဝင်ရောက် မှတ်ချက်ပြုလိုက်သေး၏။
ထိုနည်းနှယ်ပင် ကျောင်းသူကျောင်းသား အချို့၏ အကြည့်များကလည်း ထူခြားဆန်းပြားနေသော ထိုသူ့အပေါ် စုပြုံကျရောက်သွားလေတော့၏။
..............................................
မင့်ဘဝကို
လှပစေလိုချင်ကတည်းက
အလွမ်းနဲ့ မျက်နှာသစ်တတ်လာတယ်
ချစ်ခြင်းတရားဆိုတာ
ကြည်လင်ပဝင်းနေတဲ့ ဘဝမှန်ချပ်ပေါ်
လာတွဲခိုတဲ့ နှင်းရည်စက်တွေလိုပါဘဲ
အေးမြမှုပေးသယောင်နဲ့
အချိန်တန်တော့လည်း
နေရောင်ခြည် အလင်းရောင်အောက်
အငွေ့ပျံ ပျောက်ကွယ်သွားတတ်တာကြောင့်
ကိုယ့်မှာသာ
တခဏတာ အဖြစ်ဆိုး
ဝေဝါးကျန်ခဲ့သမျိုး မဖြစ်ချင်ပါဘူးကွယ်
အနာဂတ်ကိုအတူတူ
ကြည်ကြည်ဖြူဖြူ လက်တွဲသွားချင်တဲ့အခါ
ရန်သူအပေါင်းနဲ့ ကြုံလာရင်
မားမားမတ်မတ် ရှေ့ကရပ်မယ့်ကိုယ့်ကို
နောက်ကျောဘက်ကနေသာ
ဓားရိုးကမ်းလှည့်ပါကွယ်
ချစ်သူလှမ်းပေးလာမယ့်
သစ္စာတရားနဲ့ လက်တစုံပဲလိုတာပါ။
.............................................
ဟုတ်ပါသည်။
ထိုသူမှာ ပစ္စုပ္ပန်တည့်တည့်၌ ခြေလှမ်းကိုလည်း လေးလေးမှန်မှန်တည့်တည့် လျှောက်လှမ်းလာခဲ့သည်။ ထို့အတူ အနာဂတ်နှလုံးသားမျှော်လင့်ချက်အတွက်လည်း အတိတ်ဝန်ထုတ်ဝန်ပိုးကို လေးလံမြဲမြံစွာ သယ်ဆောင်ထားလာရသည့် ကျော်ကြီးရယ်လေ။
ယနေ့အဖို့ကား မိန်းမပျိုလေးက သူ့ကိုအဖြေပေးရန် ချိန်းဆိုထားသည့်နေ့ရက် ပြည့်မြောက်သွားပြီဖြစ်၏။ ထို့ကြောင့် ဝိဇ္ဇာထို ဖေဇော်ဂျီဝတ်စုံပြည့်ကို ပြန်လည်၍ ဆင်မြန်းလာပြန်ရသည်ပဲကိုး။ အရင်နဂိုနေ့အတိုင်းပင် ကံကြမ္မာကောင်းမွန်လာစေရန် ယတြာအစီအမံဖြင့် ဓာတ်ရိုက်ဓာတ်ဆင် ကြံစည်လာခြင်းဟုပင် ဆိုရပေမည်။
သည်ကြားရက်ထဲတွင်တော့ ဘိုးအောင်ချစ်ထံ သူသိပ်မရောက်ဖြစ်တော့..။ တခါသွားတခါ ငွေအကုန်အကျ များနေသည့်စရိတ်ကို လျောပေါ့လိုက်ခြင်းလည်းမည်ပေ၏။ အခြေအနေကလည်း မဆိုးမကောင်းအဆင့်တွင်မို့ ရှိပြီးသားနည်းလမ်းအတိုင်းပင် ဆက်လက်လှုပ်ရှားပေဦးမည်ဟု စိတ်ကူးမိထားသောကြောင့်ဖြစ်သည်။ ဖုန်းဆက်ပြီး လှမ်းမေးဖို့ကလည်း ဆြာ
ဘိုးအောင်ချစ်ထံမှ ဖုန်းနံပါတ်ယူထားရန် မေ့လျော့သွားမှုကြောင့် လေလှိုင်းကြားကဆက်သွယ်မှုပြုလုပ်၍ မရပြန်ချေ။
ကျော်ကြီးက သဒ်ဓါဖွူကနျတငျးရှေ့ စားပွဲဝိုင်းလွတ်တွင် ဝင်ထိုင်လိုက်ရင်း လက်ဖက်ရည်တခွက် လှမ်းမှာလိုက်သည်။ သူထိုင်နေသောနေရာသည် လူကိုနော်တို့အုပ်စုရှိနေသော စိတ်ကူးသစ် ကန်တင်းဘက်မှ လှမ်းကြည့်လျှင် ရှင်းလင်းစွာ မြင်နေရ၏။ ကျော်ကြီးကလည်း ဘယ်လူ့မှ နတ်မထင်လေဟန် အပေါက်မျိုးချိုးလျက် အုတ်နီခဲလို ထောင်ထောင်..ထောင်ထောင်နှင့် ဘာမထီအသွင် ဖမ်းထားသည်။ စာပွဲထိုးလာချပေးသော လက်ဖက်ရည်ရှယ်ကျဆိမ့်တခွက်ကို ဇိမ်ယူလျက် သောက်တော်မူနေလေ၏။
ထိုစဉ်..လက်ထဲတွင် ပါဆယ်ဗူးတဗူးကိုကိုင်ကာ သဒ်ဓါဖွူ ကန်တင်းဆီသို့ မိန်းမပျိုလေးတဦး ရိပ်ခနဲ ဖြတ်လျှောက်သွားသည်ကို လူကိုနော် လှမ်းမြင်လိုက်ရ၏။ ဒီဂရီမျက်မှန်တပ်ဆင်ထားသည့် သူ့မျက်ဝန်းအတွင်း ဝရိန်ဆော်လိုက်သလို အလင်းများ ပြိုးပြက်ဖြာထွက်သွားသည်။
"ဟင်.. ဟို..မေရီ ..ဆိုတဲ့ ဘွားတော်လေး ပါလား။ ကတောက်.. တိုက်တိုက်ဆိုင်ဆိုင် လာပြီးဆုံရတယ်လို့..။ ဒီလိုမှန်းသိ..သဒ်ဓါဖွူဘကျမှာ သွားထိုင်ပါတယ်ကွာ"
ဟု တဥိီးတညျး တောက်ခေါက်ရင်း အားမလို အားမရဖြစ်ကာ ရေရွတ်မိလိုက်သည်။
သူတို့ ကျောင်းသားကျောင်းသူများသည် ကန်တင်းတခုထဲတွင်နေ့စဉ် စွဲမြဲစွာ ထိုင်ကြသူများလည်းရှိ၏။ ကိုယ်ဓာတ်ကျရာသင့်ရာဆိုင်များမှာ အဆင်ပြေသလို သွားရောက်ထိုင်ကြသူများလည်းရှိသည်။
လူကိုနော်တို့ ရောင်းရင်းများဆိုလျှင် အလင်းနေ့၊ သဒ်ဓါဖွူ၊ စိတ်ကူးသစ် စသည့် ကျောင်းဝန်းပရဝုဏ် အတွင်းရှိ ကန်တင်းများတွင်လည်း ထိုင်သည်။ ကျောင်းဝန်းပရဝုဏ်ပြင်ပရှိ westlife ကန်တင်း၊ wave ကန်တင်းများမှာလည်း ထိုင်သည်။ စားသောက်စရာမှာယူရန် ခပ်လှမ်းလှမ်းမှသာ ရပ်ကာ မပွင့်တပွင့် မေးမြန်းတတ်သည့် ပါးမို့မို့နှင့် ရှက်စနိုး ရို့ကျိုးလှသော ရှမ်းပျိုမလေးများရှိရာ မောရှမ်းကန်တင်း စသည့် ဆိုင်များသို့လည်း သွားရောက်ထိုင်တတ်ကြသေးလေသည်။
မေရီသည် လည်ပင်း၊ လက်စကအနားသတ်တို့တွင် ပန်းပွင့်များအဖျားကွပ်ထားသလို အတွန့်လေးများ ဖော်ကျူးထားသည့် အပြာလွင်လွင် ရင်ဖုံးအင်္ကျီ အဆင်လေးနှင့် ကျီးဥစိမ်းရောင်လုံခြည်တို့ကို သေသပ်စွာ တွဲဖက်ဝင်ဆင်လျက် လှပနေသည်။
မေရီ့ကို မြင်လိုက်ရသော ကျော်ကြီးသည်လည်း ထိုင်ရထရတော့မလိုလို ဖင်တရွရွ ဖြစ်သွားသည်။ လမ်းကြမ်းကြမ်းတွင် လွှတ်မောင်းလာသော ဒိုင်နာကား၏ နောက်မြီးတွင် တွယ်စီးလာရသူလို ဆောင့်ပြီးအောင့်ပြီးလျက်..ရင်ခုန်သံများကား အလျင်အဟုန်မြန်သွားရ၏။
"ဟေး .. ရှင်ရောက်နေတာကြာပြီလား..၊ စတိုင်ကတော့..ဟိုတနေ့ကအတိုင်း..ဗဲရီး ဗက်(very bad) ဘဲနော.. "
သူမက စားပွဲဝိုင်းအတွင်းသို့ မျက်နှာချင်းဆိုင် ဝင်ထိုင်လိုက်ပြီး..တခုတ်တရ သယ်ဆောင်လာသော ပါဆယ်ဘူးကို စားပွဲပေါ် အသာတင်လိုက်၏..။ ပွိီးန
Unlock to read this premium article with 10 points.