Author's Profile Photo

Lin Maung (ကောက်ကွေး)

16/12/2024

လွတ်လပ်ရေး

1 min read
History
Novel
Creative
လွတ်လပ်ရေး's photo

လွတ်လပ်ရေး ဟူသောစကားကိုကြားမိတိုင်းတွေးမိသည့် ကချင် စကားပုံတစ်ခုကို သတိရမိသည်။ ' အူကိုဆွဲလျှင် အသဲကနာသည် ' ဟူသည့်စကားပင်ဖြစ်သည်။ အမှန်ပင်တည်း။ သူကျွန်ဘဝရောက်ချိန်တွင် တစ်မျိုးသားလုံး၏ အူတိုင် ကိုဆွဲယူ ခဲ့ပြီဖြစ်သောကြောင့် တစ်မျိုးသားလုံး၏ အတွင်းစိတ် အသဲ သည်နာကျင်ရပေသည်။ နာကျင်မှုကြောက့်ပင် တစ်မျိုးသားလုံး သွေးစည်းခဲ့လေပြီ။ ၎င်းသွေးစည်းမှုကြောင့် နယ်ချဲ့သမားတို့သည် ထားဝယ်စကားပုံပမာ ' ရွှေလှေလာ ငါးပိလှေ ဆားလေ ထွက် ' ဆိုသလိုပင် တစ်မျိုးသားလုံး၏ စည်းလုံးမှု လှေ ရောက်ရှိလာလျှင် စိတ်ယုတ်ကောက်ကျစ် သည့် နယ်ချဲ့လှေတို့သည် အလိုလို ဆုတ်ခွာဖယ်ခွာသွားရပေသည်။ လွတ်လပ်ရေးသည် စည်းလုံးမှုနှင့်အချိုးညီထားသကဲ့သို့ တိုင်းရင်းသားနှင့် စည်းလုံးမှုသည်လည်း အချိုးညီပေ မှ လွတ်လပ်မှုသည် တည်တံ့ပေလိမ့်မည်။

ကောက်ကွေး

Keep Reading

ဟဲမင်းဝေး နေ့စဉ်ဘဝပြင်သစ်ဘုရင်စနစ်ကင်းမဲ့သွားပုံErnest Hemingway ဘဝဟာသများစပါတာကပ်စ်ကျဆုံးခန်းVictor Hugo ပေးတဲ့သင်ခန်းစာအရှေ့ကနေဝန်းထွက်သည့်ပမာကက်ဖကာ၏လက်တွေ့ဘဝဂျက်ကီချန်းဘဝအကြောင်းHaruki Murakami ဘာကြောင့်ဆုမရသေးတာလဲပျော်စရာနေ့