Author's Profile Photo

Tawtawti

14/12/2024

ကမ္ဘာဦးရဲ့နှလုံးသားပရိုဂရမ် ( အခန်း- ၃ )

12 mins read
Art
Novel
Creative
ကမ္ဘာဦးရဲ့နှလုံးသားပရိုဂရမ် ( အခန်း- ၃ )'s photo

အခန်း(၃)

"ဟိတ်.. နေအုန်း...နေအုန်း
"
မှော်ဘီဆရာသိန်းကြီးလမ်းထဲ၌ လူကိုနော်၏အသံက ဟိန်း၍ ပျံ့လွင့်သွားသည်။ ထိုစဉ် အနီးဘေးနားရှိ ခြံအတွင်းဘက်ကနေ သူ၏အရှေ့ဆီသို့ လူငယ်တဦးက ရုတ်တရက် ထွက်လာကာအူကြောင်ကြောင်ဟန်ဖြင့် လာရပ်ကြည့်လေ၏။ လမ်းတလျောက်မှာ တိတ်ဆိတ်လျက်.. လူသွားလူလာကလည်း ရှင်းနေသည် ။

"ကျွန်တော့်ကိုခေါ်လိုက်တာ ကြားမိလိုက်သလားလို့ပါ..၊၊ ဘာကိစ္စများ ရှိလဲခင်ဗျ.."

လူကိုနော့်ကို စူးစမ်းသမှုနှင့် မေးမြန်းမှုပြုလာသည်။

"အာ...ခင်ဗျားကို ဘယ်လိုကိစ္စမျိုးနဲ့မှတောင် တစက်လေးမခေါ်မိပါလားဗျာ..၊ ခုန.. ခင်ဗျားအိမ်ဘေးနားကပ်လျက်က ဟိုဘက် ခြံထဲကိုဝင်သွားတဲ့ကောင်မလေးဆီ လှမ်းအော်ပြောလိုက်တာပါ.."

သူ့ခေါ်သံက ခုတ်ရာနဲ့ရှရာ ဘာ့ကြောင့်များ တခြားစီ လွဲသွားရသည်မှန်းလည်း မသိ.. ။ တဒင်္ဂ အံ့သြမှုနှင့်အတူ သူ့မှာ ဘာကိုမှ မတွေးတတ်မီပင်..ထိုလူ့အား ပြန်လည်၍ ဖြေရှင်းချက်ပေးလိုက်ရ၏။

"သြ..ဟိုဘက်ခြံက ဘွားတော်လေးလား..၊ ခင်ဗျားက သူနဲ့သိလို့လား..၊ သိတာကော ကြာပြီလား..၊ ခုကော ဘယ်လို ဘယ်ပုံ ဘယ်နည်းများ ဖြစ်ကြတာတုန်းဗျ.. "

ထိုသူက လူဝငမြှုကှိီးကှပရြေးမှ တာဝန်ရှိသူ မှတ်ပုံတင်စစ်ဆေးသလို.. မေးခွန်ပုစ္ဆာ တွေကို အဆက်မပြတ် မေးမြန်းနေပေသေး၏။

"အာ..ဒီနေ့မှ အမှတ်မထင်ဆုံဖူး မြင်ဖူးတာပါဗျာ..၊ သူ့ကိုလည်း မသိဘူး၊ သူ့အကြောင်းလည်း မသိပါဘူးဗျာ..၊ ခင်ဗျားနဲ့ကော သိလားဗျ..၊ သိရင်လည်း ပြောပြစမ်းပါဦးဗျာ..။ စောစောကလေးတင် ကျွန်တော့်ကို အချွန်နဲ့ မ,သွားလို့"

" သြော်.. ထင်တော့ ထင်လိုက်သားဘဲ..၊ တခုခုတော့ တခုခုဘဲလို့..။ အဲ.. အဲလိုဘဲဗျ...သူ့မှာက အဲလို ဇ, ရှိနေတော့.."

လူငယ်လေးက ခေါင်းတညိတ်ညိတ်ဖြင့် ဆိုနေလေသည်။ သို့သော်လည်း သူ့စကား ပမာဏအပျိုးက လိုအပ်သလောက် မပြည့်စုံသေး။

"ဟင်... ဘာဇ,လဲဗျ..၊ ခင်ဗျားစကားကလည်း ..အစမရှိ..အဆုံးမရှိနဲ့ ..။ အဲ.. စိတ္တဇတော့ မဟုတ်လောက်ပါဘူးနော်"

လူကိုနော်လည်း သိချင်စိတ် ရိုးတိုးရွတွကြောင့် ခပ်သော့သော့ ဝင်ထောက်ပေးရင်း မေးလိုက်မိ၏။

"အင်း.. သူ့ဗီဇပေါ့ဗျာ..၊ မွေးရာပါ ဗီဇ...ဗီဇ"

လမ်းနံဘေး၌ပင် သူတို့နှစ်ဦး မေးခွန်းနဲ့အဖြေ အပြန်အလှန် ခွန်းတုံ့ဖလှယ်ရင်း စကားကောင်းနေကြသည်။

"လူတကိုယ် ဗီဇတမျိုးတော့ ရှိကြတာပဲမို့လား..။ ဘယ်လိုပြောရမလဲ..၊ သူ့ပင်ကိုယ်စရိုက်လို့ ဆိုရင်လည်း ရမလားဘဲ"

"အဲ..သူ့စရိုက်.. သူ့ဗီဇကတော့ သူနဲ့ထိပ်တိုက် ကြုံဆုံဖူးတဲ့လူမှဘဲ သိမယ့်ဟာမျိုး..၊ သူ့ ဇ,ကြောင့် တခုခု ထိသွားတဲ့ဟာမျိုးဗျ"

"ဟင်.. ဒါဆို...ခုနပဲ..အဲ့ပုံစံက..အဲ့ဒီ့အချိုးမျိုးဘဲဗျ..၊ ကျွန်တော့်ကို ဒုက္ခရောက်သွားအောင် သူလုပ်လိုက်တာ..။ သေချာပြီ.. ခင်ဗျားပြောတာကို ယုံလိုက်ရတော့မှာနဲ့ တူပါရဲ့"

" ဟာ အဟား.. ဧကန္တ...သူ့ကြောင့် ခင်ဗျား ပြဿနာတခုခုတော့ ကြုံခဲ့ရပြီး.. ခံလာရပြီ ထင်တယ်..။ အခုလည်း ခင်ဗျားအော်ခေါ်လိုက်တဲ့အသံကြောင့်သာ ကျွန်တော်ကြားပြီးထွက်လာတာ..၊ ဒါကြောင့် ကျွန်တော်နဲ့ခင်ဗျား.. ခုလို..တိုက်တိုက်ဆိုင်ဆိုင်တွေ့ကြရတာဘဲပေါ့..မဟုတ်လား"

"အေးဗျာ..တောင်းပန်ပါရဲ့..။ ဇောနဲ့ဒေါနဲ့မို့ ခေါ်သံက လွှတ်ခနဲကျယ်သွားမိတာပါ..၊ ဒိိီလိုမွိုး ဖြစ်သွားဖို့လည်း ရည်ရွယ်မထားပါဘူးဗျာ..။ သြော်..ဒါနဲ့ စကားမစပ်.. ကျွန်တော်ခေါ်လိုက်တာကို ခင်ဗျားကကော ဘာဖြစ်လို့ ထွက်ကြည့်ရတာလဲဗျ.."

"အာ..ကျွန်တော့်နာမည်က နေအုန်းလေ...."

.............................................

မျက်မှန်နဲ့သူကိုချစ်ပါ
မျက်မှန်တပ်ထားရင် ခန့်ညားတာတမျိုး
မျက်မှန်ချွတ်ထားရင် ချောမောတာတမျိုး
ပုံစံနှစ်မျိုး ရမယ်
စိတ်ရင်းအလှကတော့
တမျိုးတည်းပါပဲ

မျက်မှန်နဲ့သူကိုချစ်ပါ
နှစ်ဘက်ပေါင်းမှ တလက်ဖြစ်တဲ့ မျက်မှန်လို
သူက
သင်နဲ့ အမြင်ချင်းတူ ရင်ချင်းတူချင်တာပါ

မျက်မှန်နဲ့သူကိုချစ်ပါ
သူ့မှာ ပါဝါရှိပါတယ်
လောကနဲ့ရင်ဆိုင်တဲ့အခါ
သူ့ကို အခြားတဖက်က အကြည့်ချင်းဆုံတောင်
တာရှည်ခံအောင် မယှဉ်ရဲနိုင်ပါဘူး

မျက်မှန်နဲ့သူကိုချစ်ပါ
သင်မရှုံးနိုင်ပါဘူး
စိတ်ကောက်ကြပြီး အသာစီးယူချင်တဲ့အခါ
သူ့မျက်မှန်ကိုသာ ဆွဲချွတ်လိုက်ပါ

မျက်မှန်နဲ့သူကိုချစ်ပါ
သူ့ရဲ့တင်ဆက်မှုတို့ သိနားလည်စေဖို့
သင့်ရဲ့..စူးစမ်းလိုစိတ်အတွက် ဘောင်ခတ်မထားပါဘူး
သူ့ကိုဘောင်ခတ်နေတဲ့ မျက်မှန်ကိုတောင်
အလေးလံခံလျက် တတ်ဆင်ထားတာကြောင့်
စာနာသနား ငဲ့ညာစိတ် ရှိမယ့်သူမို့ပါ...။

...........................................

ကောင်းကင်၌ ဝါဂွမ်းရောင် တိမ်သားတအုပ်က နေဝန်းနီနီရှေ့ဆီမှ ရို့ရို့လေးဖြတ်ကာ တည်ရာမဲ့ မျောလွင့်လျက်ရှိသည်။

လူကိုနော့်ခမျာမတော့ ကျောပိုးအိတ်လေး တလွယ်လွယ်၊ မျက်မှန်လေး တဝင့်ဝင့်ဖြင့် သူတခါမှမရောက်ဖူး မကျွမ်းဖူးသော မှော်ဘီမြို့လေး၏ ပြည်လမ်းမပေါ်တွင် ဟိုကြည့်သည်ကြည့်ရင်း လျှောက်လှမ်းနေရ၏။

မှောဘြိီဆရာသိနြးကှီးလမြးဆိုသည့ြ ဆိုင်းဘုတ်လမ်းညွှန်ကိုမြင်၍ လမ်းထဲသို့ ဝင်သာလာခဲ့ရသည်.. သူသွားရမည့် နေအိမ်နှင့်နေရာကို လုံးဝမသိ။ အစိမ်းသက်သက်ပင် ရှာရဖွေရဦးမည်။ ပြီးတော့ တွေ့ဆုံရန် ရှာရမည့် သူတွေကိုလည်း တခါမှ မြင်ဖူး တွေ့ဖူးသည်မဟုတ်ချေ။ သို့သော် "လူမသိ လိပ်စာနဲ့လိုက်" စသည့် စကားလိုပေါ့လေ။

မှော်ဘီဆရာသိန်းကြီးလမ်းသည် မှော်ဘီမြို့မ အလယ်တွင်ပင်ရှိ၏။ လမ်း၏မျက်နှာချင်းဆိုင် ကားလမ်းမ တဖက်တချက်တွင် ပိနျနဲတောဘုနြးတောကြှီးကွောငြး(အရှေ့ကျောင်း) ရှိလေသည်။ ထိုလမ်း၏အမည်နာမမှာလည်း ယင်းလမ်းထိပ်ဆုံးနေရာတွင် အထင်ကရ မြန်မာစာပေပညာရှိ မှော်ဘီဆရာသိန်းကြီး နေထိုင်ခဲ့ဖူးသည်ကို အစွဲပြုပြီး ဂုဏ်ပြုမှည့်ခေါ်ထားခြင်းဖြစ်၏။ ရှေးယခင်ကမူ ထိုလမ်းကို ဘုရားသုံးဆူလမ်းဟုသာ အမည်တွင်ခဲ့ဖူးလေသည်။ အမှန်လည်း လမ်းအတွင်းပိုင်း၌ ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီသုံးဆူ ရှိချေ၏။

လူကိုနော်သည် ရုတ်တရက် သာယာကြည်နူး နားဝင်ချိုလှသော အသံဗလံတို့ကြောင့် ခေါင်းမော့ကြည့်မိ၏။ လမ်းအတွင်း အေးရိပ်ဝေဆာလှသော သစ်ပင်ကြီးများပေါ်၌ သဘာဝ၏သက်ရှိရောင်စုံ ငှက်ကျေးသာရကာအပေါင်းတို့က လွတ်လပ်စွာ မြူးထူးပျံဝဲကာ မာဂဓတေး
ဆိုနေကြလေကုန်၏။

လမ်းဘေးတဖက်ရှိ လမ်းမီးကျောက်တိုင်တခုပေါ်၌ကား ဓာတ်ကြိုးပေါင်းများစွာ စုပြုံသွယ်တန်း ချိတ်ဆက်ထားသည်ကို တွေ့မြင်ရလေသည်။ "ဓာတ်တိုင်တတိုင်ကောင်း ကြိုးတသောင်းသွယ်တန်းနိုင်သည်" ဆိုသည့်ပမာပုံသို့ပင်။ ညရေးညတာ အချိန်ဇယား ရောက်ရှိလာပြီဆိုလျှင်တော့ လျှပ်စစ်မီးပုံမှန်မရသဖြင့် သည်နေရာ၌ပင် မှောင်ရိပ်ခိုမှုပုဒ်မနှင့် ငြိစွန်းလေမည့် ဓာတ်တိုင်တတိုင်ပေလော။

လူကိုနော့်ခမျာ လင်းခနဲ အတွေးဖြင့်သာ ပြုံးမိလိုက်သည်။ လိပ်စာစာရွက်လေးကို လက်ကကိုင်ရင်း အိမ်ခြံဝင်းတံခါးဝများတလျှောက် ရေးထိုးထားသည့် အိမ်နံပါတ်တွေကိုလည်း မျက်ခြေမပြတ် ရှာဖွေနေမိသည်။ ထို့နောက် ခြံဝင်းတခုရှေ့တွင် တုန့်ခနဲ ခြေစုံရပ်လိုက်၏။

"အဲ..ငါ ရှာနေတဲ့ အိမ်တော့တွေ့ပြီ..၊ သေချာပါတယ်.. ဒီအိမ်နဲ့ ဒီခြံပါပဲ"

လူကိုနော်က တကိုယ်ထဲရေရွတ်ရင်း ခြံဝင်းအတွင်းရှိ အိမ်ရှင်တို့ကိုသိသာစေရန် လှမ်း၍အသံပြုဖို့ ဟန်ပြင်လိုက်၏။ ထိုစဉ် ခြံဝင်းဘေးကပ်လျက်အိမ်ဆီမှ ငှက်ခါးရောင်ယောဝမ်းဆက်နှင့် မိန်းမပျိုလေးတဦးက ခြံတံခါးကိုဖွင့်ကာ လူကိုနော်ရှိရာဘက်သို့ ကြွကြွရွရွလေး လှမ်းထွက်လာနေသည်ကို မြင်လိုက်ရသည်။ သူမဝတ်ဆင်ထားပုံကသာ မြန်မာ့အဆင်အယဉ်ဆိုသော်လည်း သူမ၏ ဖြူဝင်းအိမွတ်နေသည့်မျက်နှာလေးမှာ ပန်းဆီသွေးသန်းလျက် အနောက်တိုင်းဆန်ဆန် ချောမောလှပမှုနှင့်ရောနှော ပေါင်းစပ်နေပေသည်။ ထို့ကြောင့် ဘိုကပြားမလေးတဦးများလား ဟု တွေးထင်လိုက်မိသေးသည်။ သူတို့နှစ်ဦးမှာလည်း သက်တူရွယ်တူခန့်မျှသာ။

လူကိုနော်လည်း သူမကို လှမ်းမြင်လိုက်ရ၍ မိမိရှာဖွေနေသည့် လိပ်စာနှင့်အိမ် ဟုတ်မဟုတ် မှန်မမှန် သေချာအောင် အရင်စုံစမ်းမေးမြန်းလိုက်ဦးမည်ဟု စိတ်ကူးမိသွား၏။ သို့နှင့် သူရပ်နေသည့်ခြံဝင်း၏ အပြင်ဘက်ကနေ ခြံအတွင်းဘက်ကို လက်ညှိုးထိုးပြရင်း

"ဟေ့.. ဟေ့.. ဒါ...ဦးဘနဲ့ဒေါ်ဘုတို့အိမ်များလား..ခင်ဗျ"

လှစ်ခနဲ..သူ့အနီးရောက်လာသော မိန်းမပျိုလေးကို အားကိုးတကြီး လှမ်းမေးလိုက်မိ၏။

"ရှင်..မဟုတ်ဘူးရှင့်"

"ဟင်...ပေးလိုက်တဲ့လိပ်စာအရတော့ ဒီခြံ ဒီအိမ်နံပါတ်ပါပဲ"

မိန်းမပျိုလေး၏ ရုပ်တည်နှင့်ငြင်းဆိုမှုကြောင့် လူကိုနော့်မှာ ဇဝေဇဝါ ဖြစ်သွားရသည်။

"ရှင့်ကို လိပ်စာရေးပေးလိုက်တာ မှားနေလို့ဖြစ်မှာပေါ့။ ကျွန်မက ဒီလမ်းထဲသူ အစစ်ပဲရှင့်..၊ ရှင်မေးတဲ့ ဦးဘနဲ့ဒေါ်ဘုကိုလည်း..ကျွန်မသိနေသားဘဲရှင့်.."

သူမမှာ ရုပ်ရည်လေးကသာ ထူးထူးခြားခြား ဘိုဆန်လှပနေသော်လည်း စကားပြောဆိုဟန် အသုံးအနှုန်းလေးတွေကတော့ အင်မတန်မှ မြန်မာဆန်လွန်းနေပြန်၏။

"အေးဗျာ.. ကျွန်တော်လည်း မသိပါဘူး၊ အိမ်ကအလုပ်ကိစ္စနဲ့ လွှတ်လိုက်လို့သာ တွေ့ဖို့လာခဲ့ရတာ..မှော်ဘီကို ခုမှရောက်ဖူးတာဗျ"

"ဒါဖြင့် ရှင်က မလည်မဝယ်နဲ့ ဘမသိ ဘုမသိ လိပ်စာမသိသူပေါ့နော်..အဟက်..''

"အယ်...ဘုမသိ ဘမသိလို့ဘဲရှိတာပါ"

"အင်းလေ..ရှင်က ဦးဘနဲ့ဒေါ်ဘုကိုမှ မသိတာဘဲ"

"ကဲ..ကဲ.. ဒါတွေ ခဏထားလိုက်ပါဦးဗျ.. ဒီလို ဘမသိ ဘုမသိနဲ့.. ဘုမသိ ဘမသိဖြစ်ပြီး လွဲနေတယ်ဆိုရင်လည်း ကျွန်တော့်ကို ဒီအိမ်လိပ်စာလေးတော့ အမှန်လမ်းညွှန်ပြပေးဖို့ ကူညီပါလားဗျာ"

သူကံကောင်းချင်တော့.. မိန်းမပျိုလေးက ရည်မွန်စွာဖြင့် သူလိုချင်သည့် အကူအညိီကို မဆိုင်းမတွ ဖြေရှင်းပေး၏။

"သူတို့အိမ်နဲ့ခြံဝန်းက ဒီလမ်းအတိုင်း တည့်တည့်ဆက်သွား..၊ လမ်းဆုံးရင် လမ်းချိုးနှစ်ခု ထပ်တွေ့လိမ့်မယ်၊ အဲ့ဒီ့မှာ.. ချီတုံချတုံဖြစ်ပြီး တွေဝေမနေနဲ့..၊ ညာဘက်လမ်းချိုးထဲကို ရဲရဲသာကွေ့ဝင်လိုက်၊ လမ်းရဲ့ဘယ်ဘက်အခြမ်းက လေးအိမ်မြောက်အိမ်ပဲ ရှင့်"

ဟု တိတိကျကျ အသေအချာ ညွှန်းဆိုသည်။

"ဘာဖြစ်ဖြစ် ခြေအစုံကို မြေပုံမလိုတော့အောင် လမ်းညွှန်ပြပေးလိုက်လို့ ပြည့်စုံသွားပါပြီဗျာ။ နတ်သမီးလေးတမျှ လှပတဲ့ကောင်မလေးက နှုတ်ရဲ့ဆောင်မခြင်းနဲ့ လမ်းညွှန်ပေးလို့လည်း အလွန်ဝမ်းသာသွားပြီဗျာ၊ ဟဲ..ဟဲ.. နတ်သမီးလမ်းညွှန်ပေါ့နော.."

လူကိုနော်က ခပ်သောသော ခပ်ရွှင်ရွှင်လေး အပြောစကား ဆိုလိုက်သည်။ သူလေးကလည်း မခေ။

"ရှင်.. ရှင်းတယ်နော်...၊ ဒီ့ထက်ပိုရှင်းတာဆိုရင်တော့ တုံးပြီးခါစကတုံးနဲ့ စည်ပင်အမှိုက်သိမ်းကားပဲရှိမယ်ရှင့်"

တော်ပါသေးရဲ့..။ ဂျပန်ရေချိုးနည်းပါ ထည့်မပြောလိုက်တာကိုပဲ.. ကျေးဇူးတင်ရမလိုလို။

"သြော် ဟုတ်ကဲ့...ဟုတ်ကဲ့ပါ.. ကျေးဇူးပါဗျ.. "

အင်း .. ချစ်စရာ..သွက်သွက်လက်လက်.. သည်အလှပဂေးမလေးနှင့် ကံမကုန်လျှင် ပြန်ဆုံခွင့်လေး ရချင်သေးပါရဲ့ဟု.. လူကိုနော်က သူ့ စိတ်ထဲတွင် ပျော်လျက်တွေးမိနေသေး၏။

သည်လိိုနှင့် လူကိုနော်လည်း ကိုယ့်ဦးတည် ရည်မှန်းချက်ဆီသို့ လားရာလှည့်ပြောင်းလိုက်ရသည်။ ထိုမိန်းမပျိုလေးကလည်း ပြည်လမ်းထိပ်အပြင်ဘက်ဆီသို့ ခြေလှမ်းလေး ညင်သာစွာဖြင့် ရင်ကလေးထုတ် တင်ကလေးလှုပ်လှုပ်နှင့် ထွက်ခွာသွားတော့၏။

..............................................

"အလှဆိုတာ ကြည့်တဲ့သူရဲ့မျက်စိထဲမှာပဲရှိတယ်"
Beauty is the eyes of the beholder.

လူကိုနော့်အမြင်မှာလည်း မိန်းမပျိုလေး၏သွင်ပြင်ကို စွဲဆောင်မှုတမျိုးဆန်းသည်ဆိုပြီး တမြုံ့မြုံ့ စွဲလန်းခံစားမိသွား၏။

လူကိုနော်သည်ကား 'မ'ကိစ္စနဲ့ပတ်သက်လျှင် ယင်မတောင် fly kiss ပေးဖို့ အသမ်းခံရဖူးသူပင် မဟုတ်။ တသက်လုံးလည်း ချစ်ရေးချစ်ရာ ချစ်ပြဿနာများနှင့် ကင်းရှင်းအောင် ဝေးဝေးနေခဲ့သည်။ သို့သော် ယခုမူ မည်သို့မည်ပုံ ဖြစ်သွားလေသည်မသိ။ ထိုမိန်းမပျိုလေး၏ ပုံရိပ်လွှာသည်ကား သူ့ရင်ထဲ နှလုံးသားထဲတွင် ဆေးမင်ကြောင်တက်တူးထိုးလိုက်သလို တသသ နက်ရှိုင်းစွဲထင်ကျန်နေမိသည်။

"ခဏတွေ့ခွင့်ရတယ်ဆိုရင်တောင် ဒီဘဝတကွေ့လေးကို ထာဝရမေ့နိုင်တော့မယ် မထင်ပါဘူးကွယ်"

စိမ်းရွက်ဝေစံ ပန်းယံများကို ကိုယ်ပျောက်လေညှင်းတပွေ့က ပွတ်တိုက်ကျီစယ်နှုတ်ဆက်သွားသည်။ မြင်လေရာဝန်းကျင်တဝိုက်မှာ ရှင်းသန့်တိုးတိတ်နေသလို ခံစားရ၏။ သည်လမ်းလေးသည်ကား အလွန်ဆိတ်ငြိမ်ပုံရသည်။ သည်မြို့ သည်ခရီး သည်နေရာကို အသွားစေခိုင်းသူက လူကိုနော်၏ ဒက်ဒီဖားသားကြီးပင်။ သည်ကို ရောက်ရှိလာရခြင်းအကြောင်းကလည်း အရောင်းအဝယ် ရတနာရွှေထည်ပစ္စည်းတခု ပေးအပ်ရန်ဖြစ်သည်။

ထို့ကြောင့် ပန်းထိမ်အနုပညာရှင် လူကိုနော်၏ ဒက်ဒီဖားသားကြီးက စီစဉ်ညွှန်ကြားသည့်အတိုင်း မိမိ နေထိုင်ရာ ရွှေပြည်သာကနေ မှော်ဘီမြို့လေးဆီသို့ လိုင်းကားစီး၍ ကမန်းကတန်း ထွက်လာခဲ့ရသည်။ ထို့ကြောင့်ပင် လက်သုံးတော် huawei မိုဘိုင်းဖုန်းလေးကလည်း အိမ်၌ မေ့ကျန်ရစ်ခဲ့ပြန်၏။ မြို့လေးနှစ်မြို့မှာ ရန်ကုန်ဒေသတွင်းတူ မနီးမဝေး ညီနောင်ဖွားချင်းမို့ နယ်ပယ်စရိုက်ချင်း မတူညားသော်လည်း အသွင်ပြင်အနေထား စိမ်းလှသည်တော့ မဟုတ်ပါလေ။

ယနေ့သည် တက္ကသိုလ်ကျောင်းသားတဦးဖြစ်သည့် သူ့အဖို့ ကျောင်းပိတ်ရက်ဖြစ်သည်။ အားလပ်ရက် ဖြစ်တာနဲ့အညီ ကိုယ့်အိမ်မှာပင် စာဖတ် အနားယူငြိမ့်နေချင်သော်လည်း မရ။ မရောက်ဖူးသေးသည့် နယ်မြေသစ်တခုကို လေ့လာနိုင်ခွင့်ရရန် အားလပ်ချိန်တနေ့တာနှင့် လဲလှယ်လိုက်ရသည်။ ဒက်ဒီဖားသားကြီး၏ ယုံကြည်မှုအတွက်လည်း စေရာတာဝန်ကို ကျေပြွန်အောင် ဆောင်ရွက်ပေးရပေမည်။

ထိုအတွေးနှင့်လျှောက်လ

မျက်နှာကို တော်တော်တည် ထားသည်ကျောက်စာတိုင် ပမာFever Dreamယောက်ခမရတဲ့နေ့လွင့်မျောနှင်းစက်များကောင်းမြတ် (ခရာတော)အနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာစာအုပ်ထုတ်ဝေခြင်း အနုပညာ ?❝ဈေးရောင်းခြင်း အနုပညာ❞

Unlock to read this premium article with 10 points.