Author's Profile Photo

Tawtawti

10/12/2024

ကမ္ဘာဦးရဲ့နှလုံးသားပရိုဂရမ် - လုံးချင်းဝတ္တု- ( အမှာစာ၊ အဖွင့်ခန်း)

2 mins read
Marketing
Art
Novel
ကမ္ဘာဦးရဲ့နှလုံးသားပရိုဂရမ် - လုံးချင်းဝတ္တု- ( အမှာစာ၊ အဖွင့်ခန်း)'s photo


"စာရေးသူ၏အမှာစာ"

၂၀၀၇ ခုနှစ်က ပထမဆုံးရေးသားခဲ့သော
တက္ကသိုလ်နောက်ခံ အချစ်ဟာသဝတ္တုဖြစ်ပါသည်။ အမှတ်တရ ငယ်လက်ရာလေး
ဖြစ်သောကြောင့် မစွန့်လွတ်ရက်နိုင် မပစ်ရက်နိုင်ခဲ့ပါ။ ယခုမူ သူငယ်ချင်းကဗျာဆရာ အမ်ဒီးတန်၏ တိုက်တွန်းကူညီစီစဥ်ပေးမှုဖြင့် အခက်အခဲအမျိုးမျိုးကြားမှ ထုတ်ဝေခွင့်ရခဲ့ပါသည်။

မိုဘိုင်းစမတ်ဖုန်းများပင် မတွင်ကျယ်သေးသော ခေတ်ကာလက ဇာတ်လမ်းတပုဒ်ဖြစ်၍လည်း သည်ဘက်ခေတ်နှင့်ဆီလျော်အောင် အရေးအသားအချို့ကို ပြန်လည်ပြင်ဆင်တည်းဖြတ်ထားခဲ့ရပါသည်။ ထို့ကြောင့် အားနည်းချို့ယွင်းချင်များရှိနိုင်ပါသဖြင့်လည်း ကြိုတင်မေတ္တာရပ်ခံအပ်ပါသည်။

ဤစာအုပ်ဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းကူညီပံ့ပိုးပေးကြ
သော ကဗျာဆရာရွှေကြယ်မိုး(လေသက်သံလွင်စာအုပ်တိုက်)၊ ကိုစောဝဏ္ဏ၊ သရုပ်
ဖော်ပုံ ရေးဆွဲပေးသော ကာတွန်းဆရာ ကိုနိုင်လင်း၊ ကဗျာဆရာ မင်းသစ်ထွန်း၊ စာမူကြမ်းကို ဖတ်ရှုတည်းဖြတ်ပေးသော
ဦးကြီးညွန့်သိန်း(သိန်းထက်)၊ စီစဥ်ထုတ်ဝေပေးသည့် သူငယ်ချင်းကဗျာဆရာ အမ်ဒီးတန် နှင့် မိတ်ဆွေသူငယ်ချင်းများအားလုံးကို တလေးတစား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

-တော်တော်တည်
ဒီဇင်ဘာလ (၁) ရက်၊ ၂၀၂၃ ။
မှော်ဘီမြို့။

...........................................


"ကမ္ဘာဦးရဲ့ နှလုံးသားပရိုဂရမ်"
......................................

ကမ္ဘာကြီးကို
အာဒမ်နဲ့ ဧဝရယ်၊ တောတောင်ရေမြေ သဘာဝအလှအပတွေရယ်၊ သက်ရှိသက်မဲ့ အရာအားလုံးရယ် အဖြူထည်သက်သက်ချည်း ဖန်ဆင်းပေးခဲ့တာက ထာဝရဘုရားသခင်ပါ။

လူ့လောကကြီးကို လောကီရေးရာ အချစ်နဲ့ အမုန်းတွေရယ်၊ သံယောဇဉ်အနှောင်အဖွဲ့တွေရယ်၊ ပျော်ရွှင်ကြည်နူးစရာတွေရယ်၊ သောက ဗျာပါဒတွေရယ်၊ စိတ်ခံစားမှုတွေရယ် ခုထိ လှလှပပ အရောင်တွေဆိုးပေးခဲ့တာက စေတန်မာရ်နတ်ကြီးပေါ့။

ဘာပဲဖြစ်ဖြစ်
သူတို့နှစ်ဦးစလုံးကို မျှမျှတတ လေးလေးစားစား
ကျေးဇူးတင်ပါတယ်...။

..............................................

( နိဂုံး၏နိဒါန်း )


"ကိုကို...မေ့ကို မုန်းစရာကောင်းတဲ့သူလို့သာ သတ်မှတ်လိုက်ပါတော့၊ ကိုကိုနဲ့ မေတို့ဘဝက ဘယ်သောအခါမှ ပေါင်းစည်းနီးစပ်ဖို့ မဖြစ်နိုင်တော့ပါဘူး ... "

နေခြည်လွှာအလှသည် ကမ္ဘာမြေကို ရွှေရည်ဖြာကျစေပြီးနောက် အမှောင်ယံနိဒါန်းပျိုးရန် ခြေလှမ်းစတင်ပြင်ဆင်နေပေတော့သည်။ မိန်းမပျိုလေး၏ အသက်မဲ့သည့် အေးစက်စက် စကားသံတို့ကလည်း တချိန်က ပျော်ရွှင်ကြည်နူးခဲ့ဖူးသည့် အတိတ်ဇာတ်လမ်းကို ကြေကွဲဝမ်းနည်းဖွယ် နှုတ်ဆက်နေသည့် အရိပ်အယောင် နိမိတ်ပုံပ

စျေးရောင်းမကောင်းဘူးဆိုရင် PAS နဲ့ စမ်းကြည့်စေချင်တယ်စာအုပ်ထုတ်ဝေခြင်း အနုပညာ ?B2B Marketing ဆိုတာ ဘာလဲ ?လုပ်ငန်းပိုင်ရှင်တိုင်းသိကိုသိရမည့်Marketing နဲ့ ပတ်သက်တဲ့ အမှန်တရား 5 ခုလူငယ်တိုင်း တတ်ထားသင့်တဲ့ skills တွေ အကြောင်း။?"အောင်မြင်သော Branding အတွက် Easy Tips (7) ချက်"What is Digital Marketing?◾လုပ်ငန်းတိုင်း ဖန်တီးထားသင့်တဲ့ Content Type (1) ခုPersonal Branding တည်ဆောက်ခြင်းPersonal Finance ကို နားလည်လေ ငွေကြေးဆိုင်ရာစိတ်ချရမှုပိုရှိလေပဲ ◾

Unlock to read this premium article with 10 points.